သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းဥပေဒခ်ဳိးေဖာက္တဲ့ အြန္လိုင္းေရးသားခ်က္ေတြ ထိုင္းအစိုးရ ႏွိမ္နင္းမယ္


ဒစ္ဂ်စ္တယ္စီးပြားေရးနဲ႔ လူမႈေရး၀န္ႀကီးဌာန၀န္ႀကီး Buddhipongse Punnakanta။ (ၾသဂုတ္ ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

ထိုင္းႏုိင္ငံရဲ႕ ဥပေဒေတြကို ခ်ဳိးေဖာက္ၿပီး အြန္လိုင္းေပၚမွာ ေရးသားေဖာ္ျပတာေတြကို အေရးယူတာေတြ တိုးျမွင့္လုပ္ေဆာင္သြားမယ္လုိ႔ ထုိင္းႏုိင္ငံကေျပာလိုက္ပါတယ္။ ထုိင္းႏုိင္ငံ၊ ဘုရင္စနစ္ကို ေ၀ဖန္ထားတဲ့ အဖြဲ႔တခုရဲ ႔ေဖ့ဘုတ္စာမ်က္ႏွာကို ဖယ္ရွားပစ္ဖို႔ ထိုင္းတာ၀န္ရွိသူေတြ ေဖ့ဘုတ္ကုမၸဏီကို ဖိအားေပးလိုက္ၿပီးေနာက္တေန႔မွာပဲ ထိုင္းဝန္ႀကီးတဦးကို အခုလိုေျပာတာပါ။

"ထိုင္းႏုိင္ငံရဲ ႔ အခ်ဳပ္အျခာအာဏာကို က်ေနာ္တို႔ ကာကြယ္ေနတာပါ။ ႏုိင္ငံနယ္စပ္ေဒသေတြကို ကာကြယ္တာမ်ိိဳး မဟုတ္ေပမဲ့ ထုိင္းႏုိင္ငံရဲ ႔ ဆုိင္ဘာလုံၿခဳံေရးကို ကာကြယ္တာျဖစ္ပါတယ္။" လို႔ ဒစ္ဂ်စ္တယ္စီးပြားေရးနဲ႔ လူမႈေရး၀န္ႀကီးဌာန၀န္ႀကီး Buddhipongse Punnakanta က ဗုဒၶဟူးေန႔ သတင္းစာရွင္းလင္းပြဲမွာေျပာဆိုသြားတာျဖစ္ပါတယ္။

ဥပေဒနဲ႔ မကုိက္ညီတဲ့ ေဖာ္ျပခ်က္ေတြပါတဲ့ ဘယ္လို အင္တာနက္စာမ်က္ႏွာမ်ိဳးကိုမဆို ပိတ္ပစ္ဖို႔ တရား႐ုံးအမိန္႔ကို ၄၈ နာရီအတြင္း ရယူမယ္လို႔လည္းေျပာပါတယ္။ သက္ဆိုင္ရာ ဆိုရွယ္မီဒီယာ ကုမၸဏီေတြ အေနနဲ႔ ဒီအမိန္႔ကို က ၁၅ ရက္အတြင္းမလိုက္နာရင္ တရားရင္ဆုိင္ရမွာျဖစ္ပါတယ္။ ထိုင္းအစိုးရရဲ႕ ဒီလိုဖိအားေပးမႈေတြေၾကာင့္ Royalist Marketplace ဆိုတဲ့အုပ္စုကို ဖယ္ရွားပစ္ဖို႔ ေဖ့စ္ဘုတ္က တနလၤာေန႔မွာ သေဘာတူခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ဒီကိစၥကို ေသခ်ာစဥ္းစားသုံးသပ္ၿပီး ထုိင္းအစိုးရကို တရားရင္ဆုိင္သြားမယ္လို႔ေျပာပါတယ္။ အဖြဲ၀င္ ၁,၀၀၀,၀၀၀ ေက်ာ္ရွိတဲ့ ဒီေဖ့စ္ဘုတ္စာမ်က္ႏွာကို ဂ်ပန္ႏုိင္ငံမွာေနထုိင္ေနတဲ့ ထိုင္းႏုိင္ငံသား တကၠသိုလ္ဆရာ၊ အသက္ ၄၉ ႏွစ္အရြယ္ Pavin Chachavalpongpun က ထုိင္းရဲ ႔ သက္ဦးဆံပိုင္ဘုရင္စနစ္အေၾကာင္း ေဆြးေႏြးဖို႔ ဧၿပီလမွာ တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ ထုိင္းႏုိင္ငံမွာ ဘုရင္စနစ္ကို မေ၀ဖန္ႏုိင္ေအာင္ တင္းၾကပ္တဲ့ ဥပေဒေတြ ခ်မွတ္ၿပီး ျပစ္မႈက်ဴးလြန္ရင္ ေထာင္ဒဏ္ ၁၅ ႏွစ္ထိျပစ္ဒဏ္ေပးႏုိင္တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းဥပဒေချိုးဖောက်တဲ့ အွန်လိုင်းရေးသားချက်တွေ ထိုင်းအစိုးရ နှိမ်နင်းမယ်

ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကိုချိုးဖောက်ပြီး အွန်လိုင်းပေါ်မှာ ရေးသားဖော်ပြတာတွေကို အရေးယူတာတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ထိုင်းနိုင်ငံကပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံ၊ ဘုရင်စနစ်ကို ဝေဖန်ထားတဲ့ အဖွဲ့တခုရဲ့ဖေ့ဘုတ်စာမျက်နှာကို ဖယ်ရှားပစ်ဖို့ ထိုင်းတာဝန်ရှိသူတွေ ဖေ့ဘုတ်ကုမ္ပဏီကို ဖိအားပေးလိုက်ပြီးနောက်တနေ့မှာပဲ ထိုင်းဝန်ကြီးတဦးကို အခုလိုပြောတာပါ။

"ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကျနော်တို့ ကာကွယ်နေတာပါ။ နိုင်ငံနယ်စပ်ဒေသတွေကို ကာကွယ်တာမျိုး မဟုတ်ပေမဲ့ ထိုင်းနိုင်ငံရဲ့ ဆိုင်ဘာလုံခြုံရေးကို ကာကွယ်တာဖြစ်ပါတယ်။" လို့ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုရေးဝန်ကြီးဌာနဝန်ကြီး Buddhipongse Punnakanta က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားတာဖြစ်ပါတယ်။

ဥပဒေနဲ့ မကိုက်ညီတဲ့ ဖော်ပြချက်တွေပါတဲ့ ဘယ်လို အင်တာနက်စာမျက်နှာမျိုးကိုမဆို ပိတ်ပစ်ဖို့ တရားရုံးအမိန့်ကို ၄၈ နာရီအတွင်း ရယူမယ်လို့လည်းပြောပါတယ်။ သက်ဆိုင်ရာ ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေ အနေနဲ့ ဒီအမိန့်ကို က ၁၅ ရက်အတွင်းမလိုက်နာရင် တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။ ထိုင်းအစိုးရရဲ့ ဒီလိုဖိအားပေးမှုတွေကြောင့် Royalist Marketplace ဆိုတဲ့အုပ်စုကို ဖယ်ရှားပစ်ဖို့ ဖေ့စ်ဘုတ်က တနင်္လာနေ့မှာ သဘောတူခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒီကိစ္စကို သေချာစဉ်းစားသုံးသပ်ပြီး ထိုင်းအစိုးရကို တရားရင်ဆိုင်သွားမယ်လို့ပြောပါတယ်။ အဖွဲဝင် ၁,၀၀၀,၀၀၀ ကျော်ရှိတဲ့ ဒီဖေ့စ်ဘုတ်စာမျက်နှာကို ဂျပန်နိုင်ငံမှာနေထိုင်နေတဲ့ ထိုင်းနိုင်ငံသား တက္ကသိုလ်ဆရာ၊ အသက် ၄၉ နှစ်အရွယ် Pavin Chachavalpongpun က ထိုင်းရဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်အကြောင်း ဆွေးနွေးဖို့ ဧပြီလမှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို မဝေဖန်နိုင်အောင် တင်းကြပ်တဲ့ ဥပဒေတွေ ချမှတ်ပြီး ပြစ်မှုကျူးလွန်ရင် ထောင်ဒဏ် ၁၅ နှစ်ထိပြစ်ဒဏ်ပေးနိုင်တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG