သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းစီးပွားရေးပြန်ကောင်းအောင်လုပ်ဖို့ ဝန်ကြီးချုပ်သစ် ကတိပြု

ထိုင်းဝန်ကြီးချုပ်သစ် Paetongtarn Shinawatra လွှတ်တော်မှာမိန့်ခွန်းပြောနေစဉ် (စက်တင်ဘာ ၁၂, ၂၀၂၄)
ထိုင်းဝန်ကြီးချုပ်သစ် Paetongtarn Shinawatra လွှတ်တော်မှာမိန့်ခွန်းပြောနေစဉ် (စက်တင်ဘာ ၁၂, ၂၀၂၄)

ထိုင်းနိုင်ငံမှာ စီးပွားရေး ပြန်လည်တိုးတက်ကောင်းမွန်အောင်လုပ်သွားမယ်လို့ ဝန်ကြီးချုပ်သစ် Paetongtarn Shinawatra က လွှတ်တော်မှာ ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းမှာ ကတိပြုခဲ့ပါတယ်။ စီးပွားရေးကို ကျားကန်ပေးတဲ့အနေနဲ့ ဒေါ်လာ ၁၃.၄ သန်းနဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေ ၄၅၀ ဘီလျံကို ပေးဝေမယ့် အငြင်းပွားစရာ အစီအစဉ်ကိုလည်း အစိုးရသစ်မူဝါဒတွေအကြောင်း မိန့်ခွန်းမှာ ထည့်သွင်းပြောသွားပါတယ်။

"မိသားစုတွေ အကြွေးတင်နေတဲ့အခက်အခဲတွေ၊ ဝင်ငွေ၊ နေစရိတ် စားစရိတ်ကိစ္စတွေ၊ လူမှုဖူလုံရေးနဲ့ ဘေးကင်းစွာနေထိုင်နိုင်ရေးလို ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အစိုးရအနေနဲ့ အရေးပေါ်ကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာကို ကောင်းကောင်းသိပါတယ်" လို့ ထိုင်းဝန်ကြီးချုပ်သစ်က ပြောသွားတာဖြစ်ပါတယ်။

ပြည်သူအားလုံးအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးပြီး စီးပွားရေးညီမျှမှုရှိအောင် အစိုးရအနေနဲ့ လုပ်ပေးသွားဖို့ လိုအပ်နေပါတယ်လို့ ဝန်ကြီးချုပ် Paetongtarn Shinawatra က ထိုင်းလွှတ်တော်မှာ ဒီနေ့ မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ကျမ်းကျိန်ခဲ့တဲ့ သူ့အစိုးရသစ်နဲ့ မူဝါဒတွေထဲမှာ ထိုင်းပြည်သူ သန်း ၅၀ ကို တယောက် ဒေါ်လာ ၃၀၀ နဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေ ၁ သောင်းစီပေးမယ့်အစီအစဉ် အသေးစိတ်ကိုလည်း သူက မိန့်ခွန်းထဲမှာ ပြောသွားတာမှာ တချို့ကို ငွေသားအနေနဲ့ ပေးသွားမှာဖြစ်ပါတယ်။

အခုလို ပြည်သူတွေကို ငွေတွေ ဝေပေးမယ့်ကိစ္စဟာ သူ့ Pheu Thai ပါတီရဲ့ အဓိက အစီအစဉ်တခုဖြစ်ပြီး အရင်က ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ပေးမယ်လို့ ပြောထားတာဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ ဘဏ္ဍာရေးဆိုင်ရာ တာဝန်မဲ့လုပ်ရပ်ဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးဟောင်းတွေက ဝေဖန်နေကြတာပါ။

ဝန်ကြီးချုပ်သစ် Paetongtarn Shinawatra ဒီနေ့ လွှတ်တော်မှာ ပြောကြားသွားတဲ့ အစိုးရသစ်ရဲ့ မူဝါဒတော်တော်များများဟာ သူ့ဖခင် ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ပြီးခဲ့တဲ့လက ပြောကြားခဲ့တဲ့ အတွေးအမြင်တွေနဲ့ အတော်လေးထင်ဟပ်နေတယ်လို့ ဒေသတွင်းအကဲခတ်တွေက ပြောပြီး သူကသာ နောက်ကကြိုးကိုင်နေတာဖြစ်တယ်လို့ ထောက်ပြနေကြပါတယ်။

ထိုင်းစီးပွားရေးပြန်ကောင်းအောင်လုပ်ဖို့ ဝန်ကြီးချုပ်သစ် ကတိပြု
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG