သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရ အပေါ် ဝေဖန်သူတွေကို ဖမ်းမိန့် ထိုင်းခေါင်းဆောင် ဆက်လက်ထားရှိ


ထိုင်းနိုင်ငံ အရပ်သား အစိုးရသစ်ဟာ စစ်အုပ်ချုပ်ရေးခေတ် လုံခြုံရေး ထိန်းသိမ်းမှုတွေကို သိသိသာသာ လေ ျှာ့ပေးလာပေမယ့် အစိုးရ အပေါ် ဝေဖန်သူတွေကို ချုပ်နှောင် ဖမ်းဆီးခွင့် ဆက်လက် ထိန်းသိမ်းထားမှာ ဖြစ်တဲ့ အတွက် လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်နေကြပါတယ်။

အခု ဝန်ကြီးချုပ်သစ် ဖြစ်နေတဲ့ ပရာယွတ် ချန်အိုချာ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းယူခဲ့စဉ်က စပြီး စစ်ခုံရုံးတွေက တရားစီရင်ခဲ့သူပေါင်း ၂၀၀၀ နီးပါး ရှိခဲ့တာပါ။ မနှစ်က ရွေးကောက်ပွဲ အကြို ကာလမှာတော့ နိုင်ငံရေး လှုပ်ရှားမှု တားဆီး ပိတ်ပင်ထားတာတွေကို စစ်အစိုးရက လေ ျှာ့ပေါ့ ပေးခဲ့ပြီး စစ်အုပ်ချုပ်ရေး ကာလ ထုတ်ပြန်ခဲ့တဲ့ အမိန့် တော်တော်များများကိုလည်း တပ်မတော် အကြီးအကဲဟောင်းက အင်္ဂါနေ့တုန်းက ရုပ်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်။

စစ်ဘက်ဆိုင်ရာ တရားရုံးက ကိုင်တွယ်နေတဲ့ အမှုတွေကိုလည်း အရပ်ဘက် တရားရုံးကို လွှဲပြောင်းပေးခဲ့ပါတယ်။

ဒါပေမယ့် သံသယ ရှိသူတွေကို အမျိုးသား လုံခြုံရေး အကြောင်းပြချက်နဲ့ ၇ ရက် ထိန်းသိမ်းထားခွင့် အပါအဝင် ယခင် အမိန့် အာဏာ ၁၀၀ ကျော်ကို အစိုးရက ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

ထိုင်းဘုရင်က ကာကွယ်ရေး ဝန်ကြီးချုပ် အဖြစ်လည်း တရားဝင် အသိအမှတ်ပြုထားတဲ့ ပရာယွတ် ချန်အိုချာက ဒီလို အာဏာတွေ ဆက်လက် ထိန်းသိမ်းထားတာဟာ ပြသနာ ဖြေရှင်းရေး နည်းလမ်း တခု ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နိုင်ငံရေး သုံးသပ်သူတွေကတော့ ဒါဟာ ထိုင်းနိုင်ငံ အဖို့ ဒီမိုကရေစီ အပြည့်အ၀ ရရှိရေး အလှမ်းဝေးနေသေးတယ် ဆိုတာကို ပြသလိုက်ခြင်းလို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG