သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းသင်္ကြန်ပွဲတော် ဒီကနေ့စတင် ကျင်းပ


ဘန်ကောက်မြို့ ခေါက်ဆန်လမ်းမှာ ပြုလုပ်တဲ့ သင်္ကြန်မြင်ကွင်း (ဧပြီ ၁၂၊ ၂၀၂၄)
ဘန်ကောက်မြို့ ခေါက်ဆန်လမ်းမှာ ပြုလုပ်တဲ့ သင်္ကြန်မြင်ကွင်း (ဧပြီ ၁၂၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ နှစ်သစ်ကူး သင်္ကြန်ပွဲ ကျင်းပကြသလိုပဲ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ရိုးရာနှစ်သစ်ကူး Songkran ပွဲတော်ကို ဒီကနေ့ကစလို့ နိုင်ငံတဝန်း ပျော်ပျော်ပါးပါး ဆင်နွှဲနေကြပါပြီ။

ထိုင်းနှစ်ကူး Songkran ပွဲတော်ကို ကမ္ဘာ့ယဉ်ကျေးမှု ရိုးရာအမွေအနှစ် တခုအဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ကြီး UNESCO က သိပ်မကြာခင်ကပဲ အသိအမှတ်ပြု ကြေညာခဲ့သလို၊ ဒီလိုကြေညာပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ ဒီနှစ် Songkran ပွဲတော်ကို အရင်နှစ်တွေနဲ့မတူ ပိုပြီး တခမ်းတနား စည်ကားအောင်ကျင်းပဖို့ ထိုင်းတာဝန်ရှိသူတွေ စီစဉ်ထားတာပါ။

ပွဲတော် တရားဝင် အားလပ်ရက်ကို ဒီကနေ့ ဧပြီလ ၁၂ ရက် နေ့ကနေ ၁၇ ရက်နေ့အထိ သတ်မှတ်ထားပေမဲ့ ဒီနှစ်ပွဲတော်ကို ကပွဲတွေ၊ ရိုးရာ ဈေးရောင်းပွဲတော်တွေနဲ့ အခမ်းအနားမျိုးစုံ ကျင်းပပြီး ၂၁ ရက်ကြာ ဆင်နွှဲသွားမယ်လို့ ထိုင်း ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်းဌာန ကတော့ ကြေညာထားပါတယ်။ Songkran အားလပ်ရက် မတိုင်ခင်ကတည်းက ထိုင်းနိုင်ငံတဝန်း နေရပ်ပြည်သူတွေနဲ့ ခရီးအသွားအလာ ကျပ်ပြီး ယာဥ်ကြောပိတ်ဆို့တာ၊ ယာဥ်တိုက်မှုကြောင့် သေဆုံးတာတွေ ပိုများလာတာကို တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ဒီလ ၁၀ ရက် ဗုဒ္ဓဟူးနေ့ တရက်တည်းမှာတင် ယာဥ်မတော်တဆမှုကြောင့် သေဆုံးသူ ၆၀ ရှိပြီး အရင်နှစ်ကထက် ၃၀ လောက် ပိုများလာတာ ဖြစ်ပြီး အများစုက မော်တော်ဆိုင်ကယ်မှောက်တာ၊ တိုက်တာတွေကြောင့် ဖြစ်တယ်လို့ အများပြည်သူ ဘေးကင်းလုံခြုံရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Nikorn Jamnong က ပြောပါတယ်။ ဒီနှစ် ခရီးသွားလာမှုတွေ ပြီးခဲ့တဲ့နှစ်ကထက် ၃ % ကျော်အထိ တိုးလာဖို့ ခန့်မှန်းထားပြီး ယာဥ်မတော်တဆမှုတွေ သိသိသာသာ တိုးလာတာကြောင့် ဘေးကင်းလုံခြုံရေး အထူး ဂရုစိုက် သွားလာကြဖို့ နိုင်ငံတော် လက်ထောက်ရဲချုပ် Kornchai Klayklueng ကလည်း သတိပေးထားပါတယ်။

ထိုင်းသင်္ကြန်ပွဲတော် ဒီကနေ့စတင် ကျင်းပ
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG