သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္း-ျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕မွာ ကိုဗစ္ကူးသူ ပိုမ်ားလာ 


မဲေဆာက္ၿမိဳ႕၊ ဘန္႔ေစာင္ခြဲရပ္ကြက္မွာ ကိုဗစ္ကာကြယ္ေဆးထိုးဖို႔လာေရာက္ေစာင့္ဆုိင္းေနတဲ့ ျမန္မာ ေရႊ႕ေျပာင္းအလုပ္သမားမ်ား။ (မတ္လ ၃၊ ၂၀၂၂။ ဓာတ္ပံု-ဦးေအာင္တင္)


[[Zawgyi/Unicode]]

ထိုင္းႏိုင္ငံထဲ ျမန္မာေတြ သိန္းနဲ႔ခ်ီေနထိုင္ေနတဲ့ တာ့ခ္ျပည္နယ္ထဲက မဲေဆာက္နယ္စပ္ၿမိဳ႕မွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္သူ ေန႔စဥ္ ရာနဲ႔ခ်ီ႐ွိေနပါတယ္။ အတည္ျပဳလူနာေတြထဲမွာ ထိုင္းလူမ်ဳိးေတြေရာ ျမန္မာေတြပါ ပါပါတယ္။ တခ်ိန္တည္းမွာပဲ ထိုင္း က်န္းမာေရးတာဝန္ရွိသူေတြက ေနထိုင္ခြင့္အေထာက္အထား ႐ွိသူေတြကိုေရာ မ႐ွိသူေတြကိုပါ ကိုဗစ္ကာကြယ္ေဆး ထိုးေပးေနတာေၾကာင့္ ဒီရက္ပုိင္းအတြင္း ကာကြယ္ေဆး သံုးလံုးေျမာက္ ထိုးႏုိင္ခဲ့တဲ့ ျမန္မာ ၁,၀၀၀ ေလာက္ရွိပါတယ္။ မဲေဆာက္က ကိုဗစ္ကပ္ေရာဂါ အေျခအေနအေၾကာင္း ထုိင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းျမန္မာနယ္စပ္ တာခ့္ျပည္နယ္၊ မဲေဆာက္ၿမိဳ႕က ရာနဲ႔ခ်ီ႐ွိတဲ့ စက္႐ံုေတြမွာ ျမန္မာအလုပ္သမား ၅ သိန္းထက္မနည္း အလုပ္လုပ္ကုိင္ေနၾကသလို ျမန္မာဘက္ က လူအမ်ားအျပား ဝင္ေရာက္လာေနတဲ့ၿမိဳ႕လည္းျဖစ္ပါတယ္။ တရားဝင္ ေနထိုင္ ေနသူေတြေရာ အေထာက္အထားမဲ့ ေနထိုင္ေနသူေတြပါ အမ်ားအျပား႐ွိေနတဲ့ မဲေဆာက္ၿမိဳ႕မွာ ဒီရက္ပိုင္းအတြင္း ကိုဗစ္ကပ္ေရာဂါကူးစက္သူ ေန႔စဥ္ ရာနဲ႔ခ်ီ ရွိလာတယ္လို႔ မဲေဆာက္ေဆးရံုႀကီးက ထုတ္ျပန္ပါတယ္။ ဗုဒၶဟူးေန႔ တရက္တည္းမွာ ကိုဗစ္အတည္ျပဳလူနာ ၅၀၀ ေလာက္႐ွိတယ္လို႔ မဲေဆာက္ျမိဳ့က ျမန္မာႏိုင္ငံသားေတြ ကုိဗစ္ကာကြယ္ေဆးထိုးႏိုင္ေရး အကူအညီေပးေနတဲ့ မန္းမ်ိဳးျမင့္က ေျပာပါတယ္။

“မေန့ကဆို ၅၀၀ ေလာက္ရွိတယ္။ တေန့ကဆို ၄၀၀ ေလာက္ရိွတယ္။ တျမန္ေန့ကေတာ့ ၃၀၀ ေက်ာ္ရွိတယ္။ ျဖစ္တာကေၾကာက္စရာႀကီး။ မေန့ကဆို ၅၀၀ ေလာက္ ထုိင္းက်န္းမာေရးဌာနကထုတ္ျပန္တဲ့ အေနအထား။ မေန့က တေန့တည္း ၅၀၀ ေလာက္ရွိတယ္။ ဆယ္ဂဏန္းေလာက္ ကူးစက္မႈကေန အခုက အဲဒီေလာက္ထိ ရိွလာေတာ စိုးရိမ္ဖုိ့ေတာ့ ေကာင္းတာေပါ့ေနာ္။”

ေန႔စဥ္ ရာခ်ီကူးစက္ေနၾကသူေတြထဲမွာ ထက္ဝက္ေလာက္က ျမန္မာေတြျဖစ္ပါတယ္။ အခုလို ကိုဗစ္ကူးစက္သူေတြ တိုးေနခ်ိန္မွာပဲ ထိုင္းက်န္းမာေရး တာဝန္ရွိသူေတြက ကိုဗစ္ကာကြယ္ေဆး ထိုးေပးေနပါတယ္။ အေထာက္အထားမဲ့သူေတြကိုပါ ေဆးထိုးေပးေနတာေၾကာင့္ ဘန့္ေစာင္ခဲြရပ္ကြက္ ၂ ခုမွာ ၃ လံုးေျမာက္ ကိုဗစ္ ကာကြယ္ေဆးထိုးၿပီးသူ အေထာက္အထားမဲ့ ျမန္မာ ၁,၀၀၀ ေလာက္ရွိၿပီလို႔ အလုပ္သမားေတြကို အကူအညီေပးေနတဲ့ ဦးေအာင္တင္ကလည္းေျပာျပပါတယ္။

”ေရႊ႕ေျပာင္းအလုပ္သမားေတြပဲ ဦးစားေပးတာပါ။ အျပင္ ပန္းရံလုပ္တဲ့သူေတြ၊အိမ္ေဖာ္လုပ္သူေတြ၊ စက္ရံုလုပ္သူေတြ ထိုးေပးတာပါ။ ဒီဘက္ ရပ္ကြက္ကဆို အားလံုးေပါင္း ၁,၀၀၀ ၀န္းက်င္ေလာက္ထုိးျပီးသြားျပီ။ တတိယအႀကိမ္ လူ ၁,၀၀၀ ေလာက္ထုိးျပီးသြားျပီ။ ဒုတိယအႀကိမ္ကေတာ့ မတ္လ ၁၄ ရက္ေန့ေလာက္မွာ ထုိးမယ္။ ပထမအႀကိမ္ မထုိးရေသးသူေတြလည္း ထိုးေပးမယ္။”

ရပ္ကြက္အလိုက္ ကာကြယ္ေဆးထိုးေပးေနသလို မဲေဆာက္ေဆးရံုႀကီးနဲ႔ ျမဴနီစပယ္ရံုးနားမွာ ကာကြယ္ေဆးထုိးေပးတဲ့ေနရာေတြ စီစဥ္ျပီး ထိုင္းေကာ ျမန္မာေတြပါ ကာကြယ္ေဆးေတြထိုးႏိုင္ဖို႔ စင္တာေတြဖြင့္ေပးထားတယ္လို႔လည္း ဦးေအာင္တင္ကေျပာပါ တယ္။

“ကာကြယ္ေဆးကေတာ့ ေဆးရံုႀကီးမွာလည္းထိုးေပးတယ္။ ေနာက္ျပီးေတာ့ ျမဴနီစပယ္ရံုးနားမွာလည္း ရံုးတရံုး ရွိတယ္။ ရံုးဖြင့္ျပီးေတာ့ ထုိးေပးတယ္။”

အေထာက္အထားမဲ့ ျမန္မာေတြအတြက္ ရက္အလိုက္ ေၾကညာၿပီး မယ္ေတာ္ေဆးခန္းမွာ ကာကြယ္ေဆးထိုးႏိုင္ေအာင္ စီစဥ္ေဆာင္ရြက္ေပးေနတာေတြလည္း ရွိပါတယ္။ လက္တေလာ နယ္စပ္ကေန ဝင္ေရာက္လာတဲ့ ျမန္မာေတြၾကားမွာလည္း ကုိဗစ္ကူးစက္မူေတြရွိေနတာေၾကာင့္ ထုိင္းအာဏာပိုင္ေတြက နယ္စပ္လံုျခံဳေရးကို တင္းတင္းၾကပ္ၾကပ္ကုိင္တြယ္ေနသလို အထာက္အထားရွိရွိမရွိရွိ မည္သူမဆို ကိုဗစ္ကာကြယ္ေဆး လာထုိးၾကဖို့ကိုလည္း ေက်းရြာေတြ ရပ္ကြက္ေတြမွာ ႏိႈးေဆာ္ေနပါတယ္။

#ThailandMigrants #MyanmarMigrants #COVID #AyeAyeMar #voaburmese #ေရႊ႕ေျပာင္းလုပ္သား #ကိုဗစ္ #ေအးေအးမာ #ဗီြအိုေအျမန္မာပိုင္း
================


[[Unicode]]

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ကိုဗစ်ကူးသူ ပိုများလာ

ထိုင်းနိုင်ငံထဲ မြန်မာတွေ သိန်းနဲ့ချီနေထိုင်နေတဲ့ တာ့ခ်ပြည်နယ်ထဲက မဲဆောက်နယ်စပ်မြို့မှာ ကိုဗစ်ကပ်ရောဂါ ကူးစက်သူ နေ့စဉ် ရာနဲ့ချီရှိနေပါတယ်။ အတည်ပြုလူနာတွေထဲမှာ ထိုင်းလူမျိုးတွေရော မြန်မာတွေပါ ပါပါတယ်။ တချိန်တည်းမှာပဲ ထိုင်း ကျန်းမာရေးတာဝန်ရှိသူတွေက နေထိုင်ခွင့်အထောက်အထား ရှိသူတွေကိုရော မရှိသူတွေကိုပါ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတာကြောင့် ဒီရက်ပိုင်းအတွင်း ကာကွယ်ဆေး သုံးလုံးမြောက် ထိုးနိုင်ခဲ့တဲ့ မြန်မာ ၁,၀၀၀ လောက်ရှိပါတယ်။ မဲဆောက်က ကိုဗစ်ကပ်ရောဂါ အခြေအနေအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် တာခ့်ပြည်နယ်၊ မဲဆောက်မြို့က ရာနဲ့ချီရှိတဲ့ စက်ရုံတွေမှာ မြန်မာအလုပ်သမား ၅ သိန်းထက်မနည်း အလုပ်လုပ်ကိုင်နေကြသလို မြန်မာဘက် က လူအများအပြား ဝင်ရောက်လာနေတဲ့မြို့လည်းဖြစ်ပါတယ်။ တရားဝင် နေထိုင် နေသူတွေရော အထောက်အထားမဲ့ နေထိုင်နေသူတွေပါ အများအပြားရှိနေတဲ့ မဲဆောက်မြို့မှာ ဒီရက်ပိုင်းအတွင်း ကိုဗစ်ကပ်ရောဂါကူးစက်သူ နေ့စဉ် ရာနဲ့ချီ ရှိလာတယ်လို့ မဲဆောက်ဆေးရုံကြီးက ထုတ်ပြန်ပါတယ်။ ဗုဒ္ဓဟူးနေ့ တရက်တည်းမှာ ကိုဗစ်အတည်ပြုလူနာ ၅၀၀ လောက်ရှိတယ်လို့ မဲဆောက်မြို့က မြန်မာနိုင်ငံသားတွေ ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ရေး အကူအညီပေးနေတဲ့ မန်းမျိုးမြင့်က ပြောပါတယ်။

“မနေ့ကဆို ၅၀၀ လောက်ရှိတယ်။ တနေ့ကဆို ၄၀၀ လောက်ရှိတယ်။ တမြန်နေ့ကတော့ ၃၀၀ ကျော်ရှိတယ်။ ဖြစ်တာကကြောက်စရာကြီး။ မနေ့ကဆို ၅၀၀ လောက် ထိုင်းကျန်းမာရေးဌာနကထုတ်ပြန်တဲ့ အနေအထား။ မနေ့က တနေ့တည်း ၅၀၀ လောက်ရှိတယ်။ ဆယ်ဂဏန်းလောက် ကူးစက်မှုကနေ အခုက အဲဒီလောက်ထိ ရှိလာတော စိုးရိမ်ဖို့တော့ ကောင်းတာပေါ့နော်။”

နေ့စဉ် ရာချီကူးစက်နေကြသူတွေထဲမှာ ထက်ဝက်လောက်က မြန်မာတွေဖြစ်ပါတယ်။ အခုလို ကိုဗစ်ကူးစက်သူတွေ တိုးနေချိန်မှာပဲ ထိုင်းကျန်းမာရေး တာဝန်ရှိသူတွေက ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပါတယ်။ အထောက်အထားမဲ့သူတွေကိုပါ ဆေးထိုးပေးနေတာကြောင့် ဘန့်စောင်ခွဲရပ်ကွက် ၂ ခုမှာ ၃ လုံးမြောက် ကိုဗစ် ကာကွယ်ဆေးထိုးပြီးသူ အထောက်အထားမဲ့ မြန်မာ ၁,၀၀၀ လောက်ရှိပြီလို့ အလုပ်သမားတွေကို အကူအညီပေးနေတဲ့ ဦးအောင်တင်ကလည်းပြောပြပါတယ်။

”ရွှေ့ပြောင်းအလုပ်သမားတွေပဲ ဦးစားပေးတာပါ။ အပြင် ပန်းရံလုပ်တဲ့သူတွေ၊အိမ်ဖော်လုပ်သူတွေ၊ စက်ရုံလုပ်သူတွေ ထိုးပေးတာပါ။ ဒီဘက် ရပ်ကွက်ကဆို အားလုံးပေါင်း ၁,၀၀၀ ဝန်းကျင်လောက်ထိုးပြီးသွားပြီ။ တတိယအကြိမ် လူ ၁,၀၀၀ လောက်ထိုးပြီးသွားပြီ။ ဒုတိယအကြိမ်ကတော့ မတ်လ ၁၄ ရက်နေ့လောက်မှာ ထိုးမယ်။ ပထမအကြိမ် မထိုးရသေးသူတွေလည်း ထိုးပေးမယ်။”

ရပ်ကွက်အလိုက် ကာကွယ်ဆေးထိုးပေးနေသလို မဲဆောက်ဆေးရုံကြီးနဲ့ မြူနီစပယ်ရုံးနားမှာ ကာကွယ်ဆေးထိုးပေးတဲ့နေရာတွေ စီစဉ်ပြီး ထိုင်းကော မြန်မာတွေပါ ကာကွယ်ဆေးတွေထိုးနိုင်ဖို့ စင်တာတွေဖွင့်ပေးထားတယ်လို့လည်း ဦးအောင်တင်ကပြောပါ တယ်။

“ကာကွယ်ဆေးကတော့ ဆေးရုံကြီးမှာလည်းထိုးပေးတယ်။ နောက်ပြီးတော့ မြူနီစပယ်ရုံးနားမှာလည်း ရုံးတရုံး ရှိတယ်။ ရုံးဖွင့်ပြီးတော့ ထိုးပေးတယ်။”

အထောက်အထားမဲ့ မြန်မာတွေအတွက် ရက်အလိုက် ကြေညာပြီး မယ်တော်ဆေးခန်းမှာ ကာကွယ်ဆေးထိုးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးနေတာတွေလည်း ရှိပါတယ်။ လက်တလော နယ်စပ်ကနေ ဝင်ရောက်လာတဲ့ မြန်မာတွေကြားမှာလည်း ကိုဗစ်ကူးစက်မူတွေရှိနေတာကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်နေသလို အထာက်အထားရှိရှိမရှိရှိ မည်သူမဆို ကိုဗစ်ကာကွယ်ဆေး လာထိုးကြဖို့ကိုလည်း ကျေးရွာတွေ ရပ်ကွက်တွေမှာ နှိုးဆော်နေပါတယ်။

#ThailandMigrants #MyanmarMigrants #COVID #AyeAyeMar #voaburmese #ရွှေ့ပြောင်းလုပ်သား #ကိုဗစ် #အေးအေးမာ #ဗွီအိုအေမြန်မာပိုင်း
================

XS
SM
MD
LG