သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံက ေနရပ္ျပန္ ျမန္မာအလုပ္သမား ၁ဝဝ ေက်ာ္ ကိုဗစ္ကူးစက္မႈေတြ႕ရွိ 


ထိုင္းႏိုင္ငံက ေနရပ္ျပန္ ျမန္မာအလုပ္သမား ၁၀၀ ေက်ာ္ ကိုဗစ္ကူးစက္မႈေတြ႕ရွိ (ဓါတ္ပုံ JACBA)

ထိုင္းႏိုင္ငံက ေနရပ္ျပန္ ျမန္မာအလုပ္သမား ၁ဝဝ ေက်ာ္ ကိုဗစ္ကူးစက္မႈေတြ႕ရွိ

{{Zawgyi/Unicode}}

ထိုင္း ျမန္မာနယ္စပ္ မဲေဆာက္ကေန ေဖေဖၚဝါရီလ ၅ရက္ေန့က ျပန္ပုိ႔ခဲ့တဲ့ ျပည္ေတာ္ျပန္ ျမန္မာေရႊ႕ေျပာင္း အလုပ္သမား၂ဝဝ ဝန္းက်င္ကို ျမန္မာႏိုင္ငံ ျမဝတီခရိုင္ ကိုဗစ္ကပ္ေဘးေစာင့္ႀကည့္တဲ့ ကြာရန္တင္းစင္တာမွာ ကိုဗစ္စစ္ေဆးရာ အလုပ္သမား၁ဝဝေက်ာ္က ကိုဗစ္ပိုးေတြ႕ရတယ္လို႔ ျမဝတီခ႐ိုင္ ကိုဗစ္-၁၉ ကာကြယ္ထိန္းခ်ဳပ္ေရး ေကာ္မတီ က ေဖေဖၚဝါရီလ ၁၃ရက္ေန႔သတင္းထုတ္ျပန္ပါတယ္။ ဒီသတင္းကို ဗီြအိုေအသတင္းေထာက္ မေအးေအးမာ က သတင္းေပးပို႔ထားပါတယ္ ။

ထိုင္းႏိုင္ငံထဲမွာ တရားမဝင္ဝင္ေရာက္လာသူေတြ အေႀကာင္းအမ်ိဳးမ်ိဳးေႀကာင့္ ဖမ္းဆီးထိမ္းသိမ္းခံရသူေတြ ကို ထုိင္းအစုိးရက တပတ္မွာ ၃ရက္ ေနရပ္ရင္းကိုျပန္ပို႔ေနတာပါ။ တေန႔ကုိ လူဦးေရ ၂ဝဝ ဝန္းက်င္နဲ႔ တပတ္ကို လူ၆ဝဝေလာက္ ျပန္ပို႔ေပးေနပါတယ္ ။ေဖေဖၚဝါရီလ ၅ရက္ေန႔ကေတာ့ ျမန္မာႏုိင္ငံသား၁၉၉ဦး ကို ျပန္ပို႔ခဲ့ပါတယ္ ။ သူတို့ကိုေတာ့ ျမဝတီခရိုင္ထဲက ကိုဗစ္ကပ္ေဘး ေစာင့္ႀကည့္ေရးစင္တာ မွာ ထားျပီး ကိုဗစ္ကပ္ေရာဂါပိုးရွိမရွိ စစ္ေဆးေပးခဲ့ရာမွာ ေနရပ္ျပန္ ၂၀၀ ၀န္းက်င္းထဲက တဝက္ေလာက္မွာ အစုအေဝးနဲ႕႔ ကိုဗစ္ပိုးေတြ ့ရွိခဲ့တာျဖစ္ေႀကာင္း ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေရး ေဆာင္ရြက္ေနတဲ့ ျမန္မာျပည္သားမ်ားအေရး ပူးတဲြလွဳပ္ရွားမူ့ေကာ္မတီရဲ ့ဥကၠဌဦးမုိးႀကိဳးက အခုလိုေျပာျပပါတယ္။

" ဒီရက္ပိုင္းအတြင္း ျပန္ႀကတဲ့ျပည္ေတာ္ျပန္ ေနရပ္ျပန္ႀကသူေတြကို ျမဝတီခရိုင္ အုပ္ခ်ဳပ္ေရးအဖဲြ ့ က်န္းမာေရးဝန္ထမ္းေတြက စစ္ေဆးရာ ေနရပ္ျပန္ေတြထဲက ကိုဗစ္ျဖစ္တဲ့ လူ၁ဝဝေက်ာ္ေတြ ့ပါတယ္ ။ ျမဝတီခရိုင္အုပ္ခ်ဳပ္ေရးအဖဲြ ့ကသတင္းထုတ္ျပန္ထားတာေတြ ့တယ္။ ထိုင္းရဲ့ေထာင္ထဲေတြ အခ်ဳပ္ေတြထဲက ျပန္လြတ္လာသူေတြ အက်ဥ္းေထာင္ေတြထဲက ရာဇဝတ္မူ အမ်ိဳးမ်ိဳးေတြနဲ႔ ျပန္လာသူေတြထဲက ပုိးေတြ ့တဲ့သူေတြမ်ားတယ္္"

ထုိင္းျမန္မာနယ္စပ္ ခ်စ္ႀကည္ေရးအမွတ္(၂) တံတားကေန ျပန္လာသူေတြထဲက ေဖေဖၚဝါရီလ ၁၃ရက္ေန႔ ကိုဗစ္စစ္ေဆးခ်က္အရ ပိုးေတြ ့လူနာ၁ဝ၁ဦးထိရွိပါတယ္ ။ ကူးစက္သူေတြဟာ တေန႔တည္းျပန္လာႀကတာျဖစ္ျပီး ကူးစက္သူေတြထဲမွာ အမ်ိဳးသား ၆၄ဦးရွိျပီး အမ်ိဳးသမီး ၃၇ဦးထိရွိပါတယ္ ။ သူတို့ဟာေဖေဖၚဝါရီလ ၅ရက္ေန့ က ျမဝတီျမိဳ ့ကို တေန့တည္းျပန္လာႀကတဲ့ ျမန္မာအလုပ္သမားေတြျဖစ္ႀကပါတယ္ ။

ေနရပ္ျပန္လာသူေတြကိုလည္း ျမဝတီနယ္စပ္မွာ ဖြင့္လွစ္ထားတဲ့ Quarentine Center (၄)ခုမွာ (၁ဝ) ရက္ထားျပီး စစ္ေဆးခဲ့ခ်ိန္မွာေတြ ့ရွိခဲ့တာျဖစ္ပါတယ္ ။

................................................

တိုက္႐ိုက္ လင့္ခ္

ထိုင်းနိုင်ငံက နေရပ်ပြန် မြန်မာအလုပ်သမား ၁ဝဝ ကျော် ကိုဗစ်ကူးစက်မှုတွေ့ရှိ

{{Unicode}}
ထိုင်း မြန်မာနယ်စပ် မဲဆောက်ကနေ ဖေဖေါ်ဝါရီလ ၅ရက်နေ့က ပြန်ပို့ခဲ့တဲ့ ပြည်တော်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမား၂ဝဝ ဝန်းကျင်ကို မြန်မာနိုင်ငံ မြဝတီခရိုင် ကိုဗစ်ကပ်ဘေးစောင့်ကြည့်တဲ့ ကွာရန်တင်းစင်တာမှာ ကိုဗစ်စစ်ဆေးရာ အလုပ်သမား၁ဝဝကျော်က ကိုဗစ်ပိုးတွေ့ရတယ်လို့ မြဝတီခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ က ဖေဖေါ်ဝါရီလ ၁၃ရက်နေ့သတင်းထုတ်ပြန်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။

ထိုင်းနိုင်ငံထဲမှာ တရားမဝင်ဝင်ရောက်လာသူတွေ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိမ်းသိမ်းခံရသူတွေ ကို ထိုင်းအစိုးရက တပတ်မှာ ၃ရက် နေရပ်ရင်းကိုပြန်ပို့နေတာပါ။ တနေ့ကို လူဦးရေ ၂ဝဝ ဝန်းကျင်နဲ့ တပတ်ကို လူ၆ဝဝလောက် ပြန်ပို့ပေးနေပါတယ် ။ဖေဖေါ်ဝါရီလ ၅ရက်နေ့ကတော့ မြန်မာနိုင်ငံသား၁၉၉ဦး ကို ပြန်ပို့ခဲ့ပါတယ် ။ သူတို့ကိုတော့ မြဝတီခရိုင်ထဲက ကိုဗစ်ကပ်ဘေး စောင့်ကြည့်ရေးစင်တာ မှာ ထားပြီး ကိုဗစ်ကပ်ရောဂါပိုးရှိမရှိ စစ်ဆေးပေးခဲ့ရာမှာ နေရပ်ပြန် ၂၀၀ ဝန်းကျင်းထဲက တဝက်လောက်မှာ အစုအဝေးနဲ့ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်နေတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမူ့ကော်မတီရဲ့ဥက္ကဌဦးမိုးကြိုးက အခုလိုပြောပြပါတယ်။

" ဒီရက်ပိုင်းအတွင်း ပြန်ကြတဲ့ပြည်တော်ပြန် နေရပ်ပြန်ကြသူတွေကို မြဝတီခရိုင် အုပ်ချုပ်ရေးအဖွဲ့ ကျန်းမာရေးဝန်ထမ်းတွေက စစ်ဆေးရာ နေရပ်ပြန်တွေထဲက ကိုဗစ်ဖြစ်တဲ့ လူ၁ဝဝကျော်တွေ့ပါတယ် ။ မြဝတီခရိုင်အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားတာတွေ့တယ်။ ထိုင်းရဲ့ထောင်ထဲတွေ အချုပ်တွေထဲက ပြန်လွတ်လာသူတွေ အကျဉ်းထောင်တွေထဲက ရာဇဝတ်မူ အမျိုးမျိုးတွေနဲ့ ပြန်လာသူတွေထဲက ပိုးတွေ့တဲ့သူတွေများတယ်"

ထိုင်းမြန်မာနယ်စပ် ချစ်ကြည်ရေးအမှတ်(၂) တံတားကနေ ပြန်လာသူတွေထဲက ဖေဖေါ်ဝါရီလ ၁၃ရက်နေ့ ကိုဗစ်စစ်ဆေးချက်အရ ပိုးတွေ့လူနာ၁ဝ၁ဦးထိရှိပါတယ် ။ ကူးစက်သူတွေဟာ တနေ့တည်းပြန်လာကြတာဖြစ်ပြီး ကူးစက်သူတွေထဲမှာ အမျိုးသား ၆၄ဦးရှိပြီး အမျိုးသမီး ၃၇ဦးထိရှိပါတယ် ။ သူတို့ဟာဖေဖေါ်ဝါရီလ ၅ရက်နေ့ က မြဝတီမြို့ကို တနေ့တည်းပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေဖြစ်ကြပါတယ် ။

နေရပ်ပြန်လာသူတွေကိုလည်း မြဝတီနယ်စပ်မှာ ဖွင့်လှစ်ထားတဲ့ Quarentine Center (၄)ခုမှာ (၁ဝ) ရက်ထားပြီး စစ်ဆေးခဲ့ချိန်မှာတွေ့ရှိခဲ့တာဖြစ်ပါတယ် ။

XS
SM
MD
LG