သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပါတီကွန်ဂရက် ကန် ဂရုစိုက်စောင့်ကြည့်


ကျင်းပဆဲ ၁၉ ကြိမ်မြောက် တရုတ်ပါတီ congress ။ (အောက်တိုဘာ ၁၈-၂၀၁၇)
ကျင်းပဆဲ ၁၉ ကြိမ်မြောက် တရုတ်ပါတီ congress ။ (အောက်တိုဘာ ၁၈-၂၀၁၇)

ကျင်းပဆဲ ၁၉ ကြိမ်မြောက် တရုတ်ပါတီ congress ဟာ တရုတ်သမ္မတ Xi Jinping အတွက် အဓိကျကတဲ့စမ်းသပ်မှုတရပ်ဖြစ်ပြီး တရုတ် အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ဘယ်လို ခရီးဆက်မလဲဆိုတာ ပြသနေတဲ့ သင်္ကေတတခုအဖြစ် အမေရိကန် ထောက်လှမ်းရေးအရာရှိတွေက နီးကပ်စွာ စောင့်ကြည့် နေကြပါတယ်။ သမ္မတ Xi Jinping ကတော့ ခေတ်သစ်တခုအတွက် စံပြ ဆိုရှယ်လစ်နိုင်ငံထူထောင်မယ်လို့ ဆိုတဲ့ ကတိစကားနဲ့ ဒီညီလာခံကို ဖွင့်လှစ် ပေးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ထောက်လှမ်းရေးသမားတွေက Xi Jinping ရဲ့ ဒီပြောကြားချက်ကိုသာမက သူဟာ သူ့အာဏာခိုင်မြဲရေး အတွက် နောက်ကွယ်က ဘယ်လို လှုပ်ရှားနေတယ်ဆိုတာကိုလည်း စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

အမေရိကန် CIA ညွှန်ကြားရေးမှူး Mike Poာmpeo ကတော့ မြောက်ကိုရီးယား နျူကလီယား ရန်စမှုအပေါ် တရုတ်ရဲ့ တုံ့ပြန်လုပ်ဆောင်မှုကို ကြိုဆိုရမယ့် လုပ်ရပ်လို့ ချီးကျူးထားပါတယ်။ တချိန်တည်းမှာပဲ တခြား အမေရိကန် ထိပ်တန်းအရာရှိကြီးတွေကတော့ တရုတ်အစိုးရကို ဝေဖန်နေကြပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကဆိုရင် တရုတ်နိုင်ငံရဲ့ တောင်တရုတ် ပင်လယ်အတွင်းလုပ်ရပ်တွေဟာ ရပ်စတဲ့လုပ်ရပ်တွေ ဖြစ်ပြီး ဥပဒေအတိုင်း ဆောင်ရွက်မယ့်လုပ်ငန်းတွေအတွက် စိန်ခေါ်နေခြင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန် ထောက်လှမ်းရေးအရာရှိတွေက Xi Jinping ဟာ ယခင် တရုတ်ခေါင်းဆောင်ကြီး ဥက္ကဋ္ဌ မော်စီတုံး ရဲ့ပုံစံမျိုး ဖြစ်အောင် သူ့ကိုယ်သူ လုပ်ဆောင်လာနေတယ်ဆိုရင် ပုံကြီးချဲ့ပြောရာမကျဘူးလို့ သုံးသပ်နေကြပါတယ်။ ဒီပါတီညီလာခံပြီးသွားရင် ကမ္ဘာ့ဇာတ်ခုံပေါ်မှာ တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်အားလုံးကို Xi Jinping က လွတ်လွတ်လပ်လပ် လမ်းညွှန်သွားနိုင်တော့မှာဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG