သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စစ်တပ် ကမ္ဘာ့အဆင့်မီအောင် ဆောင်ရွက်မည်


၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ညီလာခံ
၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ညီလာခံ

တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်မှု အောက်မှာ လာမယ့် နှစ်ပေါင်း ၂၀ အတွင်း တရုတ်စစ်တပ်ကို အင်အားကြီးပြီး ခေတ်မှီတဲ့တပ် အဖြစ်တည်ဆောက်ပြီး ကမ္ဘာ့အဆင့်မှီအောင် ပြောင်းလဲပစ်မှာ ဖြစ်ကြောင်း ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ညီလာခံမှာ ဗုဒ္ဓဟူးနေ့က သမ္မတ Xi Jinping က ပြောကြားလိုက်ပါတယ်။

၂၀၂၀ မှာ တရုတ်စစ်တပ်ရဲ့ နည်းပညာ ဆိုင်ရာအတွက် ပြီးပြည့်စုံအောင် လုပ်ပြီး ၂၀၃၅ မှာတော့ ကြည်း၊ ရေ၊ လေ တပ်တွေရဲ့ ဖွဲ့စည်းပုံနဲ့ လက်နက်ကရိယာတွေကို ခေတ်မှီစစ်တပ်ကြီး ဖြစ်အောင် လုပ်ဆောင်မှာ ဖြစ်ကြောင်း ကွန်မြူနစ်ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ ပါတီဝင်ပေါင်း ၂၂၀၀ ကျော် တက်ရောက်လာတဲ့ ညီလာခံမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ သမိုင်းမှာ အရေးပါတဲ့ အချိန်ကို ရောက်နေပြီ ဖြစ်သလို၊ ကြွယ်ဝမှုနဲ့ အတူ အင်အားခိုင်မာလာပြီ ဖြစ်ပြီး ကမ္ဘာ့အလယ်မှာ ဦးဆောင်မှု ပေးနိုင်တဲ့ အနေထားကို ရောက်ဖို့ နီးလာပြီဖြစ်တဲ့ အပြင် လူသားတွေအတွက်ပါ ပိုအကျိုးပြုလာနိုင်တော့မယ်လို့ ဒုတိယသက်တမ်းကို တာဝန်ဆက်ပြီး ထမ်းဆောင်မယ့် သမ္မတ Xi ကပြောပါတယ်။

၁၉၂၇ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ တရုတ်စစ်တပ် PLA မှာ အခုအခါ တာဝန်ထမ်းဆောင်နေသူပေါင်း ၂ သန်းလောက် ရှိနေတာပါ။ ၃ နာရီခွဲကြာ ပြောကြားခဲ့တဲ့ သူ့ရဲ့ မိန့်ခွန်းရှည်ထဲမှာ သမ္မတ Xi က တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ကာကွယ်စောင့်ရှောက်ဖို့ သာမက တရုတ်ယဉ်ကျေးမှု ကို ရှင်သန်အောင် ကြိုးစားကြဖို့လည်း အဖွဲ့ဝင်တွေကို ပန်ကြားခဲ့ပါတယ်။

အသက် ၆၄ နှစ် ရှိပြီဖြစ်တဲ့ တရုတ်ခေါင်းဆောင်က တရုတ်နိုင်ငံဟာ လာမယ့် ၂၀၅၀ မှာ ခေတ်သစ် ဆိုရှယ်လစ် နိုင်ငံအဖြစ်နဲ့ ခေတ်သစ်ကို တည်ဆောက်မှာ ဖြစ်ပြီး ကမ္ဘာ့အလယ်မှာ အင်အားကြီးတဲ့ ဦးဆောင်တဲ့ နိုင်ငံ ဖြစ်စေရမယ်လို့လည်း ကတိပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG