သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် - တရုတ် ကုန်သွယ်ရေး ဆွေးနွေးပွဲ မပြေလည်


အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin နဲ့ တရုတ်ဒုဝန်ကြီးချုပ် Wang Yang တို့ရဲ့ ကန်- တရုတ် ကုန်သွယ်ရေးဆွေးနွေး။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin နဲ့ တရုတ်ဒုဝန်ကြီးချုပ် Wang Yang တို့ရဲ့ ကန်- တရုတ် ကုန်သွယ်ရေးဆွေးနွေး။

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံ အကြားက ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးတွေ ပြေလည်ရေး အတွက် ရည်ရွယ်ပြီး ဗုဒ္ဓဟူးနေ့က ဝါရှင်တန် ဒီစီမြို့မှာ ကျင်းပတဲ့ ဆွေးနွေးပွဲဟာ - ဆွေးနွေးမှုတွေ အပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ စီစဉ်ထားတာ ပျက်သွားတဲ့အတွက် ခရီးအစမှာပဲ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံအကြားက ပိုမို မျှတပြီး ဟန်ချက်ညီတဲ့ ကုန်သွယ်မှု ဖြစ်ပေါ်ရေး ဆွေးနွေးပွဲ အစမှာပဲ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin က တောင်းဆိုလိုက်ပါတယ်။

တရုတ် ဒုတိယဝန်ကြီးချုပ် Wang Yang ကတော့ - နှစ်နိုင်ငံအကြားက ကုန်သွယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ နှစ်ဘက်စလုံးအတွက် လက်တွေ့ကျတဲ့ ရွေးချယ်မှုဖြစ်ကြောင်း၊ ဒါပေမယ့် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်လာမယ်ဆိုရင်တော့ နှစ်နိုင်ငံစလုံးရဲ့အကျိုးစီးပွားကို ချက်ခြင်း ထိခိုက်စေနိုင်ကြောင်း ပြောပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ ကမ္ဘာ့ စီးပွားအင်အား အကြီးဆုံး နိုင်ငံ ၂ ခု ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်က တရုတ်နိုင်ငံကို ကုန်ပစ္စည်း တင်ပို့ ရောင်းချတာထက် တရုတ်တို့က အမေရိကန်ကို အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း ၃၀၀ ကျော် ပိုပြီး ရောင်းချနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တရုတ်နဲ့ ကုန်သွယ်ရေးမှာ အမေရိကန်က ဒေါ်လာ ဘီလီယံ ၃၀၀ ကျော် လိုငွေ ပြနေတာပါ။

နှစ်နိုင်ငံစလုံးက ပြည်တွင်း နိုင်ငံရေး အခြေအနေတွေကြောင့် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုတွေ တိုးတက်မှု ရနိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ လေ့လာသူတွေက သုံးသပ် ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG