သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်း မကြာခင်ရွေးချယ်ဖို့ရှိ


၂၀၂၄ အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီကိုယ်စားပြု ဒုသမ္မတလောင်း ဖြစ်လာနိုင်ချေရှိတဲ့ Arizona ပြည်နယ် အထက်လွှတ်တော်အမတ် Mark Kelly, Minnesota ပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz နဲ့ Pennsylvania ပြည်နယ်အုပ်ချုပ်ရေးမှူး Josh Shapiro
၂၀၂၄ အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီကိုယ်စားပြု ဒုသမ္မတလောင်း ဖြစ်လာနိုင်ချေရှိတဲ့ Arizona ပြည်နယ် အထက်လွှတ်တော်အမတ် Mark Kelly, Minnesota ပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz နဲ့ Pennsylvania ပြည်နယ်အုပ်ချုပ်ရေးမှူး Josh Shapiro

အမေရိကန် ဒုသမ္မတ Kamala Harris ဟာ လာမယ့် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရရက်တစ်ပါတီရဲ့ ဒုသမ္မတလောင်းအဖြစ် သူနဲ့အတူ ယှဉ်ပြိုင်မယ့်သူကို ရွေးချယ်ဖို့ လျာထားခံရသူ ၃ ဦးကို တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်း Donald Trump နဲ့ ဒုသမ္မတလောင်း Ohio ပြည်နယ် အထက်လွှတ်တော်အမတ် JD Vance တို့နဲ့ ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်းတယောက်ကို မကြာခင် ရွေးချယ်လိမ့်မယ်လို့လည်း ခန့်မှန်းရပါတယ်။

Minnesota ပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz, Pennsylvania ပြည်နယ်အုပ်ချုပ်ရေးမှူး Josh Shapiro, Arizona ပြည်နယ် အထက်လွှတ်တော်အမတ် Mark Kelly တို့ကို ဝါရှင်တန်ဒီစီက ဒုသမ္မတအိမ်တော်မှာ မနေ့ကပဲ တွေ့ဆုံခဲ့တာပါ။ ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ဒုသမ္မတလောင်းအဖြစ် လျာထားခံထားရသူ သယ်ယူပို့ဆောင်ရေးဝန်ကြီး Pete Buttigieg နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒုသမ္မတလောင်းအဖြစ် ရွေးချယ်ဖို့ စဉ်းစားခံရသူတွေထဲမှာ Illinois ပြည်နယ်အုပ်ချုပ်ရေးမှူး JB Pritzker နဲ့ Kentucky ပြည်နယ် အုပ်ချုပ်ရေးမှူး Andy Beshear တို့လည်း ပါဝင်ပါတယ်။

လူကိုယ်တိုင် တွေ့ဆုံပြီး တွဲဖက်ညီတဲ့သူ ဖြစ်နိုင်မဖြစ်နိုင် အကဲခတ်ဖို့ ရည်ရွယ်ထားကြောင်းလည်း ဒုသမ္မတ Harris ရဲ့ လက်ထောက်တွေက ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း ဒုသမ္မတလောင်းကို ရွေးချယ်ပြီးတဲ့အခါ ရွေးကောက်ပွဲမှာ ထောက်ခံမှုရဖို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေကို စည်းရုံးရေးခရီး အတူထွက်ဖို့ စီစဉ်ထားတယ်လို့လည်း ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG