သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်လုံခြုံရေး အတွေ့အကြုံရှိကြောင်း မဲဆန္ဒရှင်တွေကို ဒုသမ္မတ Harris ရှင်းပြ


Georgia ပြည်နယ်၊ Atlanta မြို့က မဲဆွယ်စည်းရုံးပွဲအတွင်းတွေ့ရတဲ့ ဒုသမ္မတ Kamala Harris (ဇူလိုင် ၃၁၊ ၂၀၂၄)
Georgia ပြည်နယ်၊ Atlanta မြို့က မဲဆွယ်စည်းရုံးပွဲအတွင်းတွေ့ရတဲ့ ဒုသမ္မတ Kamala Harris (ဇူလိုင် ၃၁၊ ၂၀၂၄)

ဒီမိုကရက်ပါတီ သမ္မတလောင်း ဖြစ်လာနိုင်သူ ဒုသမ္မတ Kamala Harris ကာလီဖိုးနီးယားပြည်နယ် ရှေ့နေချုပ်အဖြစ် တာဝန် ထမ်းဆောင်စဉ်အတွင်း နယ်စပ်လုံခြုံရေးနဲ့ ပတ်သတ်ပြီး အတွေ့အကြုံတွေ အများကြီး ရှိခဲ့ကြောင်း ချေပ ပြောဆိုပါတယ်။

“နယ်စပ် ပြည်နယ်တခုမှာ ရှေ့နေချုပ်တာဝန် ထမ်းဆောင်နေစဉ်အတွင်း အမေရိကန်နဲ့ မက္ကစီကိုနယ်စပ်က မြေအောက် ဥမင်လှိုင်ခေါင်းတွေထဲ နယ်စပ်လုံခြုံရေး တာဝန်ရှိသူတွေနဲ့အတူ သွားရောက် စစ်ဆေးကြည့်ရှုခဲ့ပါတယ်။ နိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတွေ၊ မူးယစ်ဂိုဏ်းတွေနဲ့ လူကုန်ကူးသူတွေကိုလည်း လိုက်လံ နှိမ်နင်းခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူတိုင်းကိုလည်း ဥပဒေအရ အရေးယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် Donald Trump ကတော့ နယ်စပ်လုံခြုံရေး အလေးပေး ဆောင်ရွက်သွားမယ်လို့ အကြီးအကျယ် ပြောခဲ့ပေမယ့်လည်း သူ ပြောတဲ့အတိုင်း မလုပ်နိုင်ခဲ့ပါဘူး” - လို့ ဒုသမ္မတ Kamala Harris က ပြောသွားတာပါ။

ရီပတ်ဘလစ်ကန် သမ္မလောင်း Donald Trump နဲ့ ရီပတ်ဘလစ်ကန် ထိပ်တန်း ပါတီခေါင်းဆောင်တွေက ဒီအချက်နဲ့ပတ်သတ်လို့ သူတို့အတွက် အားသာချက်အဖြစ် ယူဆထားတာပါ။

Georgia ပြည်နယ်၊ Atlanta မြို့က မဲဆွယ်စည်းရုံးပွဲအတွင်း Kamala Harris က သူသာ နိုဝင်ဘာမှာ သမ္မတ ဖြစ်လာမယ်ဆိုရင် နယ်စပ်လုံခြုံရေးနဲ့ ပတ်သတ်ပြီး ဆောင်ရွက်ဖို့ Trump က ကန့်ကွက်ထားတဲ့ အစီအစဉ်ကို ပြန်လည် အသက်သွင်းသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

Kamala Harris ဒီမိုကရက် သမ္မတလောင်းဖြစ်လာဖို့ အလားအလာတွေ များလာပြီးနောက် ပြောင်းလဲသွားတဲ့ နိုင်ငံရေး အခင်းအကျင်း အနေအထားအောက်မှာ Donald Trump ဟာ Harris နဲ့ စကားစစ်ထိုးမှာလား၊ ဘယ်တော့ စကားစစ်ထိုးကြမလဲဆိုတာ ခုထိ မသိရသေးပါဘူး။ Kamala Harris ကတော့ Trump အနေနဲ့ မျက်နှာချင်းဆိုင် စကားစစ်ထိုးဖို့ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG