သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် တရားရုံးချုပ်စနစ်ပြုပြင်ရေး သမ္မတ Biden အဆိုပြု


အမေရိကန်တရားရုံးချုပ်စနစ် ပြုပြင်ရေး အဆိုပြုတဲ့ သမ္မတ Biden
အမေရိကန်တရားရုံးချုပ်စနစ် ပြုပြင်ရေး အဆိုပြုတဲ့ သမ္မတ Biden

အမေရိကန်တရားရုံးချုပ်စနစ်ကို ပြန်လည်ပြုပြင်မယ့်အစီအစဉ်တွေကို ၆ လသက်တမ်းပဲကျန်တော့တဲ့ သမ္မတ Joe Biden က ချပြခဲ့ပါတယ်။ တရားရုံးချုပ် တရားသူကြီး ၉ ဦးကို တသက်လုံးသက်တမ်းနဲ့ထမ်းဆောင်ခွင့်ကနေ ၁၈ နှစ်သက်တမ်းပဲထားဖို့နဲ့ တရားရုံးချုပ်ဆိုင်ရာလိုက်နာရမယ့်ကျင့်ဝတ်တွေ သတ်မှတ်ဖို့ ဒီ အဆိုပြုချက်ထဲ ပါဝင်ပါတယ်။

သမ္မတတွေအနေနဲ့ သူတာဝန်ထမ်းဆောင်စဉ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ လုံးဝကင်းလွတ်ခွင့်ရနေတာကို တားမြစ်မယ့် ဖွဲ့စည်းပုံဆိုင်ရာပြင်ဆင်ချက်တရပ်ကိုလည်း ထည့်သွင်းထားပါတယ်။ သမ္မတဟောင်း Donald Trump နဲ့ လာမယ့် သမ္မတအားလုံးကို သူတို့တာဝန်ယူစဉ် တရားဝင်လုပ်ကိုင်ဆောင်ရွက်မှုတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးတယ် ဆိုတဲ့ တရားရုံးချုပ်ရဲ့ မကြာသေးခင်က ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်လိုက်တဲ့သဘောဖြစ်ပါတယ်။ သမ္မတ Biden အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှုမလုပ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့် အခု တရားရုံးချုပ်ပြုပြင်ရေးဆိုင်ရာ သူ့အဆိုပြုချက်ကို ချက်ခြင်း အကောင်အထည်ဖြစ်ဖို့ အခွင့်အလမ်းတော့ နည်းပါတယ်။

အောက်လွှတ်တော်မှာ ရီပတ်ဘလီကန်ကလွှမ်းမိုးထားတာမို့ သမ္မတ Biden ရဲ့ ဒီအဆိုကို အောက်လွှတ်တော်က ကန့်ကွက်ဖွယ်ရှိသလိုပဲ အထက်လွှတ်တော်မှာဆိုရင်လည်း ဒီမိုကရက်ဘက်က အနည်းငယ်ပဲ မဲ အသာရှိပါတယ်။

အမေရိကန်ပြည်ထောင်စုတွင်း အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်ပြီး အမေရိကန်နိုင်ငံသားအားလုံး မဲပေးခွင့်ဖြစ်စေတဲ့ Civil Rights နိုင်ငံသားအခွင့်အရေးဥပဒေ အတည်ဖြစ်လာခဲ့တဲ့ နှစ် ၆၀ ပြည့်အထိမ်းအမှတ်ပွဲ Teaxs ပြည်နယ်မှာ လုပ်မှာဖြစ်ပြီး အဲဒီပွဲမိန့်ခွန်းမှာ သမ္မတ Biden က သူ့ အဆိုပြုချက်ကို အသေးစိတ်ရှင်းပြဖို့ရှိပါတယ်။

ဒီမိုကရက် သမ္မတလောင်းဖြစ်လာနိုင်တဲ့ ဒုသမ္မတ Kamala Harris အနေနဲ့ သမ္မတ Biden ရဲ့ တရားရုံးချုပ်ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်ကို ထောက်ခံတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ကန် တရားရုံးချုပ်စနစ်ပြုပြင်ရေး သမ္မတ Biden အဆိုပြု
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG