ကမ္ဘာမှာ အကြီးအကျယ်အောင်မြင်မှုတဲ့ ရုပ်ရှင်ကား "The Lord of the Rings" သရုပ်ဆောင်တွေ အခုအသစ်ထွက်တဲ့ "The Lord of the Rings: The War of the Rohirrim" ကာတွန်းကား မိတ်ဆက်ပွဲကို လာတက်ရောက်သွားကြပါတယ်။
ဒီဇင်ဘာ ၃ ရက် အင်္ဂါနေ့ည လန်ဒန်မြို့လယ်မှာ ကျင်းပခဲ့တဲ့ အထူးပွဲကို အန်ဒီဆာကစ်၊ အီယန်မက်ကလန်၊ ဒေါမနစ် မိုနာဟန် အစရှိတဲ့ သရုပ်ဆောင်တွေက ဒါရိုက်တာ ပီတာဂျက်ဆင်နဲ့အတူ အခမ်းအနားကို ရောက်လာခဲ့ကြတာပါ။ ဒါရိုက်တာ ပီတာက အခုကားကို ပူးတွဲထုတ်လုပ်တာလည်း ဖြစ်ပါတယ်။ အခုကားမှာတော့ ဒါရိုက်တာက ကန်ဂျိ ကာမီယာမာ ဖြစ်ပြီး မူရင်း "Lord of the Rings" သုံးကားတွဲ ဇာတ်အိမ်တည်တဲ့ ခေတ်မတိုင်မီ နှစ်ပေါင်း ၁၈၃ နှစ်ကို ဇာတ်အိမ်တည် ရိုက်ထားတာ ဖြစ်ပါတယ်။The War of the Rohirrim" ဟာ ရိုဟန်ဘုရင် ဟဲလ်မ် ဟမ်မာဟန်းအကြောင်း ရိုက်ထားတာပါ။
မူရင်းရုပ်ရှင်ကားတွေမှာ မယ်ရီဘရန်ဒီဘတ်ဆိုတဲ့ ဟော့ဘစ်လူပုအဖြစ် သရုပ်ဆောင်သူ မိုနာဟန်က "မူရင်း 'Lord of the Rings' နဲ့လည်း အဆက်အစပ်ရှိရမယ်၊ တဘက်ကလည်း သူတို့ကမ္ဘာကို ပိုချဲ့ထွင်မဲ့ ဇာတ်လမ်းမျိုး လုပ်ချင်တာပါ။ ဒီရုပ်ရှင်က အဲဒီဟာကို ရအောင်လုပ်နိုင်တယ်လို့ ထင်ပါတယ်" လို့ ပြောပါတယ်။
"The Hobbit" ရုပ်ရှင်တွေထဲမှာ Bard the Bowman အဖြစ် သရုပ်ဆောင်ခဲ့တဲ့ အီဗန်က သူ့လက်တွေ ပွန်းပဲ့ကုန်တဲ့အထိ "သုံးရက်လုံးလုံး အိမ်ခေါင်မိုးပေါ်မှာ ပြေးရတာ" ကို သတိရနေသလို၊ ၂၀၁၃ ခုနှစ် ဇာတ်ကား "The Hobbit: The Desolation of Smaug" ရုပ်ရှင် မတိုင်ခင်အထိ "တခါမှ မမြင်ဖူးတဲ့" နဂါးကို သတ်ရတဲ့ ဇာတ်ဝင်ခန်းအတွက် ပီတာဂျက်ဆင်က နောက်တခါ ထပ်ရိုက်ခိုင်းတာကိုလည်း ပြောပြပါတယ်။
လူပုလေးအဖွဲ့ခေါင်းဆောင် Thorin သိုရင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Armitage အာမစ်တေ့ချ်က ဒီညအခမ်းအနားဟာ "ကမ္ဘာတစ်ဖက်ခြမ်းမှာ နေနေကြတဲ့" LOTR " ဝိုင်းတော်သားဟောင်းကြီး" အားလုံး ပြန်ဆုံတွေ့ရတဲ့ ပွဲ ဖြစ်တယ်လို့ ပြောပါတယ်။ "The Lord of the Rings: The War of the Rohirrim" ကို ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ကမ္ဘာတဝန်း စတင်ပြသတော့မှာ ဖြစ်ပါတယ်။
Forum