သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေ စစ်ခုံရုံးတင်တဲ့သတင်း စစ်ကောင်စီငြင်းဆို


ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်လောက်ကိုင် (စက်တင်ဘာ ၈၊ ၂၀၀၉)
ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်လောက်ကိုင် (စက်တင်ဘာ ၈၊ ၂၀၀၉)

ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ကို ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းယူခဲ့တဲ့အချိန် လက်နက်ချခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ လောက်ကိုင်မြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)က တာဝန်ရှိ ဗိုလ်မှူးချုပ်တချို့ကို စစ်ခုံရုံးက အရေးယူလိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပြီး ဒီသတင်းတွေ ဟုတ်မှန်မှုမရှိကြောင်း စစ်ကောင်စီပြောခွင့်ရက VOA ကို ဖြေကြားပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့က လောက်ကိုင်မြို့ကို MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေဝင်တိုက်တဲ့အချိန် မြန်မာစစ်တပ်က တပ်သား ၂၀၀၀ လောက် လက်နက်ချခဲ့သလို နောက်ပိုင်း တပ်မိသားစုဝင်တွေ မြို့ကနေထွက်ခွာခွင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ခွင့်ပြုခဲ့ပါတယ်။ စစ်တပ်အတွင်းမှာ စခန်းကို စွန့်ခွာ လက်နက်ချတာမျိုးကို စစ်ခုံရုံးကနေ သေဒဏ်ပေးလေ့ရှိတယ်ဆိုပြီး လက်နက်ချခဲ့တဲ့ ဗိုလ်မှုးချုပ်ခြောက်ဦးထဲက တချို့ကို စစ်ခုံရုံးက ပြင်းပြင်းထန်ထန် အရေးယူအပြစ်ပေးလိုက်တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုချက်တွေ ထွက်နေတာပါ။ တာဝန်ရှိ အဆင့်မြင့်အရာရှိ ၆ ယောက်ကို အချုပ်ချထားတယ်ဆိုတာကိုတော့ စစ်တပ်သတင်းရပ်ကွက်နဲ့ နီးစပ်သူတွေကို ကိုးကားပြီး AFP သတင်းမှာ ရေးသားထားပါတယ်။

လောက်ကိုင်မြို့ကို လွယ်လွယ်ကူကူ လက်နက်ချခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ခေါင်းဆောင်ပိုင်းရဲ့ ဦးဆောင်မှုနဲ့ မြန်မာစစ်သားတွေရဲ့ တိုက်ခိုက်လိုစိတ်နဲ့ စွမ်းရည် အပေါ်မှာ မေးခွန်းထုတ်တာ ဝေဖန်တာတွေ ရှိလာပါတယ်။ စစ်ကောင်စီ ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်မိသားစုဝင်တွေရဲ့ လုံခြုံရေး၊ မြန်မာ တရုတ်နှစ်နိုင်ငံ ချစ်ကြည်မှုမပျက်ပြားရေးအတွက် တပ်မှူးတွေအနေနဲ့ အဘက်ဘက်က အကောင်းဆုံး စဉ်းစားခဲ့တယ်ဆိုပြီး အစောပိုင်းက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG