သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KBC အကြံပေး ဒေါက်တာ ခလမ်ဆမ်ဆွမ် လွတ်မြောက်မှု အမေရိကန်ကြိုဆို


ယခင်မှတ်တမ်းရုပ်ပုံ | ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွမ် အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာစဉ် (ဧပြီ ၁၈၊ ၂၀၂၄)
ယခင်မှတ်တမ်းရုပ်ပုံ | ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွမ် အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာစဉ် (ဧပြီ ၁၈၊ ၂၀၂၄)

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေး ပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွမ် ပြန်လည်လွတ်မြောက်လာတဲ့အတွက် ကြိုဆိုတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွမ် ဟာ အများကြည်လိုလေးစားခံရတဲ့ ဘာသာရေးခေါင်းဆောင် ဖြစ်တဲ့အကြောင်းနဲ့ ဘာသာရေးလွတ်လပ်ခွင့်အတွက် ကြိုးပမ်းခဲ့သူ ဖြစ်တဲ့အကြောင်း၊ မိသားစုဆီပြန်ရောက်ပြီး အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေ ဆက်လက် ထမ်းဆောင်ခွင့်ရတာကို ဝမ်းသာတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ မြန်မာနိုင်ငံအတွင်း ဘာသာရေးခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေအပေါ် ဖိနှိပ်မှုနဲ့ ကိုးကွယ်ယုံကြည်ရာနေရာတွေ ဘာသာရေးအဆောက်အဦးတွေကို ဖျက်ဆီးနေတဲ့ လုပ်ရပ်တွေ အဆုံးသတ်ဖို့လည်း စစ်ကောင်စီကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုပါတယ်။

ထောင်ဒဏ် ၆ နှစ်ချမှတ်ခံရတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွမ်ဟာ တနှစ်ကျော် အကျဉ်းထောင်ထဲမှာ နေခဲ့ရပြီး လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ငြိမ်းချမ်းရေးအတွက် ပြောဆိုဆွေးနွေးဖို့လို့ အကြောင်းပြပြီး စစ်ကောင်စီက နောက်ထပ် သုံးလ ဖမ်းဆီးခဲ့ပါတယ်။ သူ့ကို မတရား အသင်း ဆက် သွယ်မှုနဲ့ စစ်တပ်ကို အကြည်ညိုပျက်အောင် သွေးထိုးလှုံ့ဆော်မှု စတဲ့ အမှုတွေနဲ့ စစ်ကောင်စီဘက်က စွဲချက်တင်ခဲ့ပါတယ်။

အိမ်ဖြူတော်မှာ သမ္မတ Trump ကိုတင်ပြနေတဲ့ KBC ကချင်နှစ်ချင်းအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး Dr. Samson Hkalam
အိမ်ဖြူတော်မှာ သမ္မတ Trump ကိုတင်ပြနေတဲ့ KBC ကချင်နှစ်ချင်းအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး Dr. Samson Hkalam

ဒေါက်တာ ခလမ်ဆမ်ဆွမ် ဟာ မြန်မာစစ်တပ်ရဲ့ ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်က အဲဒီအချိန် အမေရိကန်သမ္မတ ဖြစ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို ဝါရှင်တန်မြို့တော် သမ္မတအိမ်ဖြူတော်မှာ ကိုယ်တိုင်သွားရောက်ပြီး တင်ပြခဲ့သူလည်း ဖြစ်ပါတယ်။

KBC အကြံပေး ဒေါက်တာ ခလမ်ဆမ်ဆွမ် လွတ်မြောက်မှု အမေရိကန်ကြိုဆို
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG