သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအလုပ်သမားစျေးကွက် စိန်ခေါ်မှုတွေရှိနေဆဲ


ကျန်းမာရေးလုပ်သားများအတွက် COVID-19 ကာကွယ်ရေးဝတ်စုံများ ချုပ်လုပ်နေသည့် စက်ချုပ်လုပ်သားများ။ (မေ ၈၊ ၂၀၂၀)
ကျန်းမာရေးလုပ်သားများအတွက် COVID-19 ကာကွယ်ရေးဝတ်စုံများ ချုပ်လုပ်နေသည့် စက်ချုပ်လုပ်သားများ။ (မေ ၈၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါရဲ့ဂယက်၊ ၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့ လူမှုစီးပွားအ‌ခြေအနေ မတည်မငြိမ်ဖြစ်နေတာကြောင့် အလုပ်ဈေးကွက်ဟာ ဆက်လက် ထိခိုက်နေတယ်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO က ပြောကြားလိုက်ပါတယ်။ အလုပ်အကိုင်ရရှိနှုန်း၊ အလုပ်အရည်အသွေးနဲ့ ကုန်ထုတ်စွမ်းအား ဆက်လက် ကျဆင်းနေတာမှာ အထိခိုက်ဆုံးက အမျိုးသမီးအလုပ်သမားတွေဖြစ်တယ်လို့ ILO က ဒီနေ့ ဇူလိုင် ၂၇ နေ့စွဲနဲ့ထုတ်ပြန်တဲ့ သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီကဏ္ဏတွေအားလုံးမှာ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
လူဦးရေနဲ့အလုပ်အကိုင်ရရှိတဲ့ အချိုးက ၂၀၁၇ ခုနှစ်မှာ ၈.၂ ရာခိုင်နှုန်းရှိခဲ့ရာက ၂၀၂၂ ခုနှစ်မှာ ၅၄.၅ ရာခိုင်နှုန်းရှိအထိ ကျသွားခဲ့ပါတယ်၊ အလုပ်အကိုင်ရရှိနှုန်းတချို့ကဏ္ဏတွေမှာ ပြန်လည်တက်လာပေမဲ့ လူဦးရေနဲ့ အလုပ်အချိုးအစား မမျှသေးဘူးလို့ ထောက်ပြထားပါတယ်၊ အလုပ်အကိုင် ထိခိုက်တဲ့အပိုင်းမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ၂ ဆ ပိုများပါတယ်။ ကြုံရာကျဘန်းအလုပ် လုပ်ရသူတွေပိုများလာတာနဲ့အတူ အလုပ်အကိုင်အရည်အသွေးတွေ ကျဆင်းနေပါတယ်။ ကုန်ထုတ်စွမ်းအားလည်း ကျဆင်းနေတာမှာ ၂၀၂၁ ခုနှစ်အတွင်း ၈ ရာခိုင်နှုန်းကျခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ နောက်ထပ် ၂ ရာခိုင်နှုန်းထပ်ကျပြီး ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ILO ကပြောပါတယ်။

အလုပ်သမားအများအပြား ရှေ့ဘာဖြစ်မလဲဆိုတဲ့ မရေရာမှုတွေနဲ့ ရင်ဆိုင်နေရတာနဲ့အတူ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်အခြေအနေဟာ ဆက်လက်ထိခိုက်နေပြီး စိန်ခေါ်မှုတွေကြုံနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ILO ရဲ့ ဆက်ဆံရေးအရာရှိ Donglin Li ကထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ မြန်မာနိုင်ငံရှေ့အလားအလာနဲ့ မြန်မာပြည်သူတွေအတွက် လူမှုရေးတရာမျှတမှု၊ ကောင်းမွန်တဲ့အလုပ်အကိုင်တွေ ရရှိနိုင်ကြဖို့ ဒီမိုကရေစီစနစ် ပြန်လည်ပေါ်ပေါက်လာဖို့ အရေးကြီးတယ်လို့လည်း သူကထောက်ပြပြောြကားထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG