သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်သမ္မတဝင်ရွေးဖို့ Obama ကိုတောင်းဆို


သမ္မတဟောင်း Obama ဓါတ်ပုံနဲ့ မဲဆွယ်ပိုစတာ (Lisa Bryant)

ပြင်သစ်သမ္မတရွေးကောက်ပွဲကျရင် အမေရိကန်သမ္မတဟောင်း Barack Obama ဝင်ရောက်အရွေးခံဖို့တောင်းဆိုတဲ့ တောင်းဆိုလွှာမှာ ပါဝင်လက်မှတ်ထိုးသူ ၅ သောင်းလောက်ရှိသွားပါပြီ။

လက်ရှိပြင်သစ်နိုင်ငံက နိုင်ငံရေးသမားတွေရဲ့ လုပ်ရပ်ကို မကြိုက်ကြတဲ့ အသက် ၃၀ ဝန်းကျင် အမည်မဖော်လိုတဲ့ လူရွယ်သူငယ်ချင်းတစုက အပျော်သဘောနဲ့စခဲ့တာဖြစ်ပေမဲ့ သီတင်းတပတ်တောင်မပြည့်ခင်မှာ ခုလိုထောက်ခံသူလက်မှတ်ပေါင်း သောင်းနဲ့ချီရရှိခဲ့တာဖြစ်ပါတယ်။

သမ္မတဟောင်း Obama ဓါတ်ပုံနဲ့အတူ “Yes We Can” ဆိုတဲ့ သူ့ရဲ့မဲဆွယ်ဆောင်ပုဒ်ကို ပြင်သစ်ဘာသာစာသားနဲ့အတူ Obama 17 လို့ဖော်ပြထားတဲ့ ပိုစတာ ရာနဲ့ချီကိုလည်း ပါရီမြို့တော် နေရာတော်တော်များများမှာ တွေ့နေရပါတယ်။ ပြင်သစ်နိုင်ငံရေးသမားတွေအပေါ် ပြည်သူတွေဘယ်လောက် စိတ်ပျက်နေကြသလဲဆိုတာကိုပြသတဲ့ လှုပ်ရှားမှုဖြစ်တယ်လို့ စီစဉ်သူတွေကပြောပါတယ်။

အမေရိကန်သမ္မတဟောင်းကို ပြင်သစ်သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ပါလို့ စွဲဆောင်နိုင်ဖို့ မတ်လ ၁၅ ရက်နေ့ မတိုင်ခင် လက်မှတ်ပေါင်း ၁ သန်းရဖို့လည်း သူတို့က မျှော်လင့်ထားကြပါတယ်။ ခုလို သမ္မတ Obama ကိုပြင်သစ်သမ္မတရွေးကောက်ပွဲမှာပါဝင်ရေး တောင်းဆိုချက်အပေါ် ပါရီမြို့သူ မြို့သား တော်တော်များများကလည်း မကန့်ကွက်ကြပါဘူး။

ပြင်သစ်သမ္မတဝင်ရွေးဖို့ Obama ကိုတောင်းဆို
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG