သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“လေကြောင်းတိုက်ခိုက်မှုတွေ စစ်ရာဇဝတ်မှုမြောက်” ဟု ညီနောင်သုံးဖွဲ့ထုတ်ပြန်


စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု (photo: AA Info Desk)
စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု (photo: AA Info Desk)

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာချိန်မှာပဲ အရပ်သားနယ်မြေတွေကိုပစ်မှတ်ထားတဲ့ ဒီလေကြောင်းတိုက်ခိုက်မှုတွေကို မှတ်တမ်းယူပြီး စစ်ရာဇဝတ်မှုတွေအဖြစ် နိုင်ငံတကာကို ပေးပို့သွားမယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာပါတယ်။

ညီနောင်သုံးဖွဲ့အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေ သိမ်းယူထားတဲ့ မြို့တွေရွာတွေနဲ့ လူနေထူထပ်တဲ့နေရာတွေကိုစစ်ကောင်စီက နေ့စဉ်ရက်ဆက်ဆိုသလို ဗုံးကြဲတိုက်ခိုက်မှုတွေ တိုးလုပ်လာနေတယ်လို့ ဖော်ပြပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားတွေနဲ့ စစ်သုံ့ပန်းတွေကိုပါ ထိခိုက်သေဆုံးနေတယ်လို့လည်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ AA အာရက္ခတပ်တော်ကတော့ ရခိုင်မြောက်ပိုင်း မောင်တောအကျဉ်းစခန်းတခုကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာကြောင့် ဖမ်းဆီးထားသူ ၅၀ ကျော်သေဆုံးခဲ့တယ်လို့ သီးခြားသတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ အခုရက်ပိုင်းအတွင်း ကရင်နီဒေသ၊ ရှမ်းမြောက်ပိုင်း၊ ကချင်၊ စစ်ကိုင်းနဲ့ ရခိုင်ဒေသတွေမှာလေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာတာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။ လူနေထူထပ်တဲ့အရပ်သားဒေသတွေကို အခုလိုလေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်တယ်လို့ ညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Forum

XS
SM
MD
LG