သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညီနောင်မဟာမိတ်သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် စစ်ကောင်စီကြေညာ


ကွမ်းလုံမြို့ကို သိမ်းပိုက်လိုက်ကြောင်း MNDAA ကထုတ်ပြန်ထားတဲ့ဓာတ်ပုံ (The Kokang)
ကွမ်းလုံမြို့ကို သိမ်းပိုက်လိုက်ကြောင်း MNDAA ကထုတ်ပြန်ထားတဲ့ဓာတ်ပုံ (The Kokang)

MNDAA မြန်မာအမျိုးသားမဟာမိတ်တပ်မတော်၊ TNLA တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ULA/AA အာရက္ခတပ်တော် တို့ကို အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီက ကြေညာပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးပါလုပ်ပိုင်ခွင့်အရ အခုလို ကြေညာတာလို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌလက်မှတ်နဲ့ ထုတ်ပြန်တာဖြစ်ပါတယ်။

ULA/AA ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတာကို ၂၀၂၁ ခုနှစ် မတ်လအတွင်းကပဲ ပြန်လည်ရုပ်သိမ်းခဲ့တာပါ။ ဒါပေမယ့် အဲဒီ ရုပ်သိမ်းမှုကိုပယ်ဖျက်ပြီး အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီက ထပ်မံ ကြေညာခဲ့တာဖြစ်ပါတယ်။ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့လို့ သိကြတဲ့ MNDAA၊ TNLA နဲ့ AA တို့ဟာ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးမှုအရ မြန်မာစစ်ကောင်စီနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေရှိခဲ့ပေမယ့် ဒီနေ့အချိန်အထိ အပြန်အလှန်တိုက်ပွဲတွေ ရှိနေဆဲရှိပါတယ်။ AA အာရက္ခတပ်တော်က ရခိုင်ပြည်ဘက်မှာ အဓိက အခြေချပြီး မြို့တွေ၊ စစ်ကောင်စီ စစ်စခန်းတွေနဲ့လုံခြုံရေးစခန်းတွေကို ဆက်တိုက်သိမ်းယူမှုတွေရှိနေသလို၊ ရှမ်းပြည်မြောက်ပိုင်းမှာလည်း MNDAA နဲ့ TNLA တပ်ဖွဲ့တွေက စစ်ကောင်စီထိန်းချုပ်တဲ့ မြို့တွေ စခန်းတွေကို သိမ်းယူနေတာပါ။

နောက်ဆုံးအထင်ရှားဆုံးကတော့ စစ်ကောင်စီ တိုင်းစစ်ဌာနချုပ်ထိုင်တဲ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို MNDAA ဦးဆောင်ပြီး သိမ်းယူခဲ့ကြသလို စစ်ကောင်စီရဲ့ လေ့ကျင့်ရေးတပ်တွေနဲ့ အထင်ကရ စစ်တပ်မြို့ဖြစ်တဲ့ ပြင်ဦးလွင်ကိုလည်း ညီနောင်မဟာမိတ်တွေနဲ့ PDF ပြည်သူကာကွယ်ရေးတပ်တွေက သိမ်းယူတော့မလားဆိုပြီး စိုးရိမ်နေကြချိန်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG