သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဆင်ရေး နောက်တဆင့် ညီနောင်သုံးဖွဲ့ ကြေညာ


ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွေအတွင်း စစ်စခန်းတချို့သိမ်းပိုက်ရရှိကြောင်း MNDAA ထုတ်ပြန် (နိုဝင်ဘာ ၂၁၊ ၂၀၂၃)
ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွေအတွင်း စစ်စခန်းတချို့သိမ်းပိုက်ရရှိကြောင်း MNDAA ထုတ်ပြန် (နိုဝင်ဘာ ၂၁၊ ၂၀၂၃)

ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး တလပြည့်တဲ့ လာမယ့် နိုဝင်ဘာ (၂၇) ရက်မှာ နောက်တဆင့် တက်ဖို့ အသင့်ဖြစ်နေပြီလို့ စစ်ဆင်ရေး (၂၉) ရက်မြောက်နေ့ ဖြစ်တဲ့ နိုဝင်ဘာ (၂၄) ရက်၊ သောကြာနေ့မှာ MNDAA ကိုးကန့်၊ TNLA တအောင်း နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ပါဝင် တိုင်းရင်းသား မဟာမိတ် (၃)ဖွဲ့က တရားဝင် သတင်းထုတ်ပြန်ပါတယ်။

လက်ရှိ စစ်ဆင်ရေးကို “Nationwide Operation” တနိုင်ငံလုံးအနှံ့ သက်ရောက်တဲ့ စစ်ဆင်ရေးအဖြစ် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး တဖွဲ့ချင်းစီရဲ့ ရည်မှန်းချက်နဲ့ ဘုံရည်မှန်းချက်တွေကို တဆင့်ချင်း အကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ နယ်မြေဒေသ လုံခြုံအေးချမ်းရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်းစစ်ဒေသကြီးရဲ့ ပုံမှန်စစ်ရေး လေ့ကျင့်မှုတခုကို တရုတ်-မြန်မာနယ်စပ်ဒေသမှာ နိုဝင်ဘာလ ၂၅ ရက် ဒီနေနေ့မှာ လုပ်မယ်လို့ ကြေညာထားပါတယ်။

နိုဝင်ဘာ (၂၄) ရက်နေ့ တိုက်ပွဲ နောက်ဆုံးအခြေအနေကတော့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ဟာ ကိုးကန့် တုန်းရှမ်းဒေသရဲ့ နောက်ဆုံးတောင်ကုန်း (High Point) ဖြစ်တဲ့ ဆိုင်တာအိုင် တောင်ကုန်းကိုသိမ်းပြီး ကိုးကန့်ဒေသ တောင်ပိုင်းနဲ့ မြောက်ပိုင်းက စစ်ကောင်စီ စခန်း (၄) ခုကို သိမ်းခဲ့တယ်လို့ The Kokang သတင်းက ထုတ်ပြန်ပါတယ်။

တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ရဲ့ စစ်ရေး သတင်းထုတ်ပြန်ချက်မှာတော့ လားရှိုးမြို့နယ်ထဲက စစ်ကောင်စီရဲ့ မိုင်းကျက်တပ်စခန်းကို နိုဝင်ဘာ ၂၄ ရက်နေ့က သိမ်းနိုင်ခဲ့ပြီး တပ်စခန်းအတွင်း စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံနဲ့ စစ်သုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ကြေညာပါတယ်။

စစ်ကောင်စီတပ်ဘက်က Mi 17၊ Mi35 ဂျက်တိုက်လေယာဉ်တွေနဲ့ (၃ )ကြိမ် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မူဆယ်မြို့နယ် ဆိုင်ခေါင်ကျေးရွာအနီးနဲ့ လားရှိုးမြို့နယ် ဟိုဟက်ကျေးရွာ၊ သီပေါမြို့နယ် ကျင်တီတံတားတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ TNLA က ပြောပါတယ်။ ရခိုင်ပြည်နယ်ထဲမှာတော့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ပေါက်တောဒေသခံ (၁၀၄) ဦးကို ဒုတိယအသုတ်အနေနဲ့ ထပ်မံကယ်ထုတ်နိုင်ခဲ့ကြောင်း နိုဝင်ဘာ (၂၃) ရက်နေ့က ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက်တိုက်ပွဲတရုတ်အခန်းကဏ္ဍ Stimson Center ဆွေးနွေး
please wait

No media source currently available

0:00 0:06:15 0:00

စစ်ကောင်စီဘက်ကတော့ နောက်ဆုံး စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးဘဲ နိုဝင်ဘာ ၂၄ ရက်နေ့ စစ်ကောင်စီ သတင်းပြန်ကြားရေး ထုတ်ပြန်ချက်ထဲမှာ ရန်ကုန်တက္ကသိုလ်နဲ့ စာသင်ကျောင်းတချို့မှာ စစ်တပ်ဘက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတယ်ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာတွေက ရေးသားချက်တွေ မမှန်ကန်ကြောင်း ဖြေရှင်းထားပါတယ်။

XS
SM
MD
LG