သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူထု မျှော်လင့်တဲ့ နိုင်ငံရေးရည်မှန်းချက်ရအောင် ဆက်လက် တိုက်ပွဲဝင်သွားမည် (ညီနောင်သုံးဖွဲ့)


စစ်ကောင်စီ စခန်းများကို သိမ်းဆည်းရမိကြောင်း ညီနောင်သုံးဖွဲ့မှ ထုတ်ပြန်နေ (ဒီဇင်ဘာ၊ ၂၀၂၃)
စစ်ကောင်စီ စခန်းများကို သိမ်းဆည်းရမိကြောင်း ညီနောင်သုံးဖွဲ့မှ ထုတ်ပြန်နေ (ဒီဇင်ဘာ၊ ၂၀၂၃)

စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက် သွားမယ်လို့ ရှမ်းမြောက် ညီနောင်မဟာမိတ်အဖွဲ့က မနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့က တယ်လီဂရမ် လူမှုကွန်ယက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေမှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရှိခဲ့သလို၊ ငြိမ်းချမ်းရေးအတွက် အဆုံးအထိ ဆောင်ရွက်ပေး သွားမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ၂ ရက်ဆက်တိုက် ထုတ်ဖော်ပြောဆိုအပြီးမှာ အခုလို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ထွက်လာတာလည်း ဖြစ်ပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့တွေကတော့ လတ်တလောထွက်ပေါ်နေတဲ့ သတင်းတွေကြောင့် မြန်မာပြည်သူလူထုအနေနဲ့ စိုးရိမ်ပူပန်မှု မရှိစေချင်ကြောင်း၊ မြန်မာပြည်သူလူထု မျှော်လင့်တောင့်တနေတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ဘယ်တော့မှ လျစ်လျူရှုသွားမှာ မဟုတ်တဲ့အပြင်၊ နောက်ပြန်လှည့်သွားမှာ မဟုတ်ဘူးလို့ ကြေညာချက်ထဲမှာ ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ MNDAA, TNLA, AA အဖွဲ့က တာဝန်ရှိသူတွေဟာ နိုင်ငံရေးအရ ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တနင်္လာနေ့က ပြောဆိုထားပါတယ်။ ဘယ်အချိန်မှာ လုပ်ခဲ့တယ်ဆိုတာကိုတော့ အသေးစိတ်ပြော မထားပါဘူး။ ဒါပေမဲ့ အခု ဆွေးနွေးပွဲအပေါ် မူတည်ပြီး ဒီလကုန် မှာ ဆက်လက်ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာလည်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ယူနန်ပြည်နယ် ပါတီကော်မတီ လက်ထောက်အတွင်းရေးမှူးနဲ့ တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသတလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG