သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်မှတ်တမ်းရုပ်ရှင်ပွဲတော်မှာ မြန်မာမှတ်တမ်းရုပ်ရှင်တွေ ဆုရရှိ 


Globalvoices.org ဝဘ်ဆိုက် စာမျက်နှာမှာတင်ထားတဲ့ New Taipei မှာကျင်းပတဲ့ Taiwan Independent Documentary Festival (TIDF) ပွဲတော်ပိတ်ပွဲအခမ်းအနား။ (ဓာတ်ပုံ-Filip Noubel)
Globalvoices.org ဝဘ်ဆိုက် စာမျက်နှာမှာတင်ထားတဲ့ New Taipei မှာကျင်းပတဲ့ Taiwan Independent Documentary Festival (TIDF) ပွဲတော်ပိတ်ပွဲအခမ်းအနား။ (ဓာတ်ပုံ-Filip Noubel)

ထိုင်ဝမ် နိုင်ငံတကာ မှတ်တမ်းရုပ်ရှင်ပွဲတော်မှာ မြန်မာနွယ်ဖွား ထိုင်ဝမ်ဒါရိုက်တာနဲ့ မြန်မာအကြောင်း မှတ်တမ်းရုပ်ရှင်တွေက ဆုတွေ ရရှိသွားကြပါတယ်။

မြန်မာပြည်ဖွါးဖြစ်ပြီး ထိုင်ဝမ်မှာ ပညာသင်ခဲ့တဲ့ဒါရိုက်တာ Midi Z ရဲ့ Clinic အမည်ရှိ ရုပ်ရှင်က အာရှအမြင်ကဏ္ဍမှာ အဓိက Gran Prix ဆုကြီး ရရှိသွားတယ်လို့ globalvoices.org အဖွဲ့ရဲ့ သတင်းစာမျက်နှာမှာ အင်္ဂါနေ့က တင်ထားပါတယ်။ ထိုင်ဝမ် ပြိုင်ပွဲကဏ္ဍမှာ ဆုရွေးချယ်ရေးအဖွဲ့ဆုကို ရရှိသွားသူဒါရိုက်တာ တယောက်ကတော့ Huang Hsiu-yi ဖြစ်ပါတယ်။ ထိုင်ဝမ် ပုဇွန်လုပ်ငန်းရှင်တယောက်က မြန်မာနိုင်ငံကို သွားရောက် လုပ်ငန်းလုပ်တဲ့အကြောင်းဖြစ်ပြီး မြန်မာနဲ့ ထိုင်ဝမ်မိသားစုတွေအကြောင်း ဒါရိုက်တာ Huang Hsiu-yi က မှတ်တမ်းတင် ပြသွားခဲ့တယ်လို့ globalvoices သတင်းမှာ ဖော်ပြပါတယ်။

ဒီ ရုပ်ရှင်ပွဲတော်ကို မေလ ၁၀ ရက်ကနေ ၁၉ ရက်နေ့အထိ ကျင်းပခဲ့တာပါ။ ဒီ ပွဲတော်မှာ အာဏာသိမ်းခံရပြီး ဒီမိုကရေစီ တိုက်ပွဲတွေကို ဖြတ်သန်းနေရတဲ့ မြန်မာနိုင်ငံအတွက် သီးသန့်ပွဲတခုကိုလည်း စီစဥ်ပေးခဲ့ပါတယ်။

မြန်မာအမည်ရှိ တကယ့်ဖြစ်ရပ်များ လို့ အဓိပ္ပါယ်ရနိုင်တဲ့ ဒီအစီအစဥ်မှာ မြန်မာနိုင်ငံဆိုင်ရာ မှတ်တမ်းရုပ်ရှင် ၂၆ ခုကို ပြသခဲ့တာကလည်း အထူးအာရုံစိုက်စရာ အစီအစဥ်ဖြစ်တယ်လို့ globalvoices က ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG