သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရောက် ကန်နိုင်ငံခြားရေးဝန်ကြီး န ျူကလီးယား အရေးဆွေးနွေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီ Wang Yi (March 18, 2017)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီ Wang Yi (March 18, 2017)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ပထမဆုံး အာရှခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို ရောက်ရှိနေပြီး မြောက်ကိုရီးယားနိုင်ငံရဲ့ အငြင်းပွါးစရာ န ျူ ကလီးယားနဲ့ ဒုံးကျဉ် အစီအစဉ်တွေကို အာရုံစိုက်ဆွေးနွေး ခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့လည်း Mr.Tillerson တို့ Beijing မြို့မှာတွေ့ဆုံ ခဲ့ပါတယ်။ ကိုးရီးယား ကျွန်းဆွယ်တွင်း တင်းမာမှုတွေဟာ အတော် အန္တရာယ်များတဲ့ အဆင့်ကိုရောက်နေပြီလို့ အစည်းအဝေးအပြီး ဒီကနေ့ စနေနေ့ မှာ Mr. Tillerson ကပြောပါတယ်။ မြောက်ကိုး ရီးယား အစိုးရအနေနဲ့ န ျူ ကလီးယား လက်နက်ထုတ်လုပ်ဖို့ ကြိုးပမ်းချက်တွေ ရပ်တန့်ဖု့ိ ဆန္ဒရှိလာအောင် အမေရိကန်နဲ့ တရုတ်တို့အတူ ပူးပေါင်းလုပ်ဆောင် သွားမှာဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

တနင်္ဂနွေနေ့မှာတော့ တရုတ်သမ္မတ Xi Jinping နဲ့ ဝန်ကြီးTillerson တို့တွေ့ဆုံဖို့ ရှိပြီး မြောက်ကိုးရီးယား အရေးအပြင်၊ ကုန်သွယ်ရေးနဲ့ တောင်တရုတ် ပင်လယ်တွင်း ရေ ပိုင်နက် အငြင်းပွါးမှု ကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ ခန့်မှန်းရပါတယ်။ Mr.Tillerson နဲ့ တရုတ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေဟာ အခက်အခဲတွေ ရှိလိမ့်မယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။

မြောက်ကိုးရီးယားအရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်တို့ရဲ့ ဆက်ဆံရေးဟာ ထိပ်တိုက် ရင်ဆိုင်မှုတွေ၊ ပဋိပက္ခတွေမရှိပဲ အပြန်အလှန် လေးစားမှုရှိတဲ့ နှစ်ဘက်စလုံး အတွက် အကျိုးရှိမယ့် ကိစ္စရပ်တွေကို အခြေခံထားတဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ဆက်ဆံရေးဖြစ်တယ်လို့ Mr.Tillerson ကပြောပါတယ်။

မြောက်ကိုးရီးယားကို သူ့ရဲ့ နျူကလီးယား အစီအစဉ်တွေ လက်လျော့လိုက်ဖို့ တရုတ်နိုင်ငံ အနေနဲ့ ရှေ့ဆက်တိုးပြီး တိုက်တွန်းဖို့ ဒီသီတင်းပတ် အစောပိုင်းကပဲ ဝန်ကြီး Tillerson က တရုတ်တို့ကို တောင်းဆိုခဲ့တာပါ။ ဒါ့အပြင် မြောက်ကိုးရီးယားအပေါ် ဖိအားပေးတဲ့ အနေနဲ့ ကုလသမဂ္ဂရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို တရုတ်နိုင်ငံဘက်က အပြည့်အ၀ လိုက်နာဖို့ ကိုလည်းသူက တိုက်တွန်းခဲ့ ပါသေးတယ်။ သောကြာနေ့ တုန်းကလည်း မြောက်ကိုးရီးယားအပေါ် မဟာဗျူဟာကျကျ စိတ်ရှည် သည်းခံပေးတဲ့ အမေရိကန် တို့ရဲ့ မူဝါဒတွေ အဆုံးသတ် သွားပြီဖြစ်တာကြောင့်၊ စစ်ရေးအရ အရေးယူဖို့ နည်းလမ်းသာ ကျန်တော့တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG