သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာတာနဲ့ အိမ်နီးချင်းများကြား တင်းမာမှုအရေး Tillerson ဆွေးနွေး


ကာတာနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Sheikh Mohammed bin Abdulrahman Al Thani နဲ့ ဝန်ကြီး Tillerson
ကာတာနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Sheikh Mohammed bin Abdulrahman Al Thani နဲ့ ဝန်ကြီး Tillerson

ကာတာနိုင်ငံနဲ့ ပင်လယ်ကွေ့ အိမ်နီးချင်းနိုင်ငံတွေကြား အရှိန်မြင့်လာနေတဲ့ ထိပ်တိုက်ဖြစ်မှု အဆုံးသတ်ရေး ကြားဝင်စေ့စပ်ပေးဖို့ ကြိုးစားတဲ့အနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ ကာတာနဲ့ ကူဝိတ်နိုင်ငံတွေက ထိပ်တန်းတာဝန်ရှိသူတွေ နဲ့ အင်္ဂါနေ့ကတွေ့ဆုံပါတယ်။

အမေရိကန်ရဲ့ အခိုင်အမာ မဟာမိတ်နိုင်ငံတခုဖြစ်တဲ့ ကာတာနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Sheikh Mohammed bin Abdulrahman Al Thani နဲ့ ဝန်ကြီး Tillerson တို့ ဝါရှင်တန်မြို့တော်မှာ တွေ့ဆုံပါတယ်။ တခါ အင်္ဂါနေ့နှောင်းပိုင်းမှာတော့ ကူဝိတ် အစိုးရအဖွဲ့ရေးရာဝန်ကြီးနဲ့ ယာယီပြန်ကြားရေးဝန်ကြီး Sheikh Mohammad Abdullah Al-Sabah နဲ့ ဝန်ကြီး Tillerson တွေ့ဆုံပါတယ်။

ဆော်ဒီအာရေးဘီးယားနဲ့ တခြားအာရပ်ဘ်နိုင်ငံတွေက ကာတာနိုင်ငံအပေါ် ကုန်သွယ်ရေးနဲ့ သံတမန်ရေးရာ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်အပြီး သီတင်းသုံးပတ်အကြာမှာ အခုလို တွေ့ဆုံ ဆွေးနွေးကြတာပါ။ ပင်လယ်ကွေ့နိုင်ငံတွေအကြား အငြင်းပွားနေတဲ့အပေါ် သံတမန်ရေးအဖြေတခုရဖို့ ကြိုးစားတာမှာ တွေ့ဆုံဆွေးနွေးတာဟာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ဝန်ကြီး Tilllerson ကပြောပါတယ်။

ဒါပေမဲ့လဲ ဆော်ဒီအာရေးဘီးယား၊ ဘာရိန်း၊ အီဂျစ်နဲ့ အာရပ်ဘ်စော်ဘွားများပြည်ထောင်စုတို့ ကတော့ သူတို့ရဲ့ ၁၃ ချက်ပါ တောင်းဆိုချက်တွေကို အလျှော့ပေးလိုတဲ့အရိပ်လက္ခဏာ မပြသေးပါဘူး။ အဲဒီထဲမှာ ကာတာအနေ နဲ့ အီရန်နဲ့ဆက်ဆံရေးကို အဆင့်လျှော့ချဖို့နဲ့ ကာတာအစိုးရက ရန်ပုံငွေထောက်ပံ့ထားတဲ့ Al Jazeera သတင်းဌာနကို ပိတ်ပစ်ဖို့ တို့ပါဝင်ပါတယ်။ ကာတာနိုင်ငံဟာ အစွန်းရောက်ဝါဒီအုပ်စုတွေကို ထောက်ခံပံ့ပိုးနေပြီး ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လုပ် နေတယ်လို့ ဆော်ဒီဦးဆောင်တဲ့အုပ်စုက စွပ်စွဲပြီးတော့ ဇွန်လ ၅ ရက်နေ့မှာ ဆက်ဆံရေးအားလုံးကို ဆိုင်းငံ့ခဲ့တာပါ။ ကာတာက တော့ စွပ်စွဲချက်တွေအားလုံးကို ငြင်းထားပါတယ်။

ကာတာနဲ့ အိမ်နီးချင်းများကြား တင်းမာမှုအရေး Tillerson ဆွေးနွေး
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG