သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာတာအရေး သံတမန်နည်းနဲ့ အဖြေရှာဖို့ နီးစပ်


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ကာတာ နိုင်ငံခြားရေး ဝန်ကြီးတို့ ဒိုဟာမြို့တော်မှာ နှစ်နိုင်ငံ သဘောတူစာချုပ် လက်မှတ်ရေးထိုး။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ကာတာ နိုင်ငံခြားရေး ဝန်ကြီးတို့ ဒိုဟာမြို့တော်မှာ နှစ်နိုင်ငံ သဘောတူစာချုပ် လက်မှတ်ရေးထိုး။

ကူဝိတ်နိုင်ငံမှာ အပူချိန် ၁၂၀ ဒီကရီကျော် ပူပြင်းနေပေမယ့်လည်း ပါရှန်ပင်လယ်ကွေ့ ဒေသ အတွင်းက လနဲ့ချီပြီး ပိတ်ဆို့ခံထားရတဲ့ ကာတာနိုင်ငံ အရေးကို သံတမန် နည်းလမ်းနဲ့ အေးအေးချမ်းချမ်း ဖြေရှင်းနိုင်အောင် အမေရိကန်နိုင်ငံခြားရေးဝန် ကြီး Rex Tillerson က ပထမအဆင့် အနေနဲ့ကြိုးပမ်းနိုင်ခဲ့ပါပြီ။

ကာတာနိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဘင် အဗ်ဒူရမန် အလ် သာနီနဲ့ အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တလ်လာဆန် ဘေးချင်းယှဉ်ရပ်ပြီး အကြမ်းဖက် အဖွဲ့တွေကို ဘဏ္ဍာရေးဆိုင်ရာ ထိန်းချုပ်ကန့်သတ်ဖို့အမေရိကန်နဲ့ ကာတာ၂နိုင်ငံအကြား နာလည်မှု စာချွန်လွှာတခု ရေးထိုးခဲ့တဲ့ အကြောင်း ကြေညာခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ ရည်မှန်းချက်တခုရှိတယ။် အဲဒါကတော့ ကမ္ဘာပေါ်ကနေ အကြမ်းဖက်ဝါဒကို မောင်းထုတ်ပစ်ရေး ဆိုတာပဲလို့ကာတာနိုင်ငံကို ရောက်နေတဲ့ ဝန်ကြီး တလ်လာဆန်က ပြောခဲ့ပါတယ်။ သူဟာ ကူဝိတ်စီးတီးနဲ့ကာတာနိုင်ငံ မြို့တော် ဒိုဟာ အကြားမှာ မနေ့က လွန်းပျံခရီး နှင်ခဲ့တာပါ။ ဒီကနေ့တော့ ဆော်ဒီအာရေးဗျ နိုင်ငံကို ဝန်ကြီး တလ်လာဆန် ခရီးဆက်ပါလိမ့်မယ်။

အဲဒီမှာ ကာတာနိုင်ငံကို အဆက်အသွယ်တွေ ဖြတ်တောက်ထားတဲ့ ပင်လယ်ကွေ့ဒေသ နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ရှိပြီး ဒီနိုင်ငံတွေရဲ့ ခံစားချက်တွေနဲ့ လက်ရှိ တင်းမာနေတဲ့ ပြဿနာကို ရှေ့ဆက်ဖြေရှင်းလို့ ရနိုင်မယ့် လမ်းကြောင်းတွေကို သိရှိနိုင်ရေး ဆွေးနွေး ပြောဆိုသွား ဖို့ ရှိပါတယ်။

အကြမ်းဖက် အဖွဲ့တွေကို ကူညီထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆော်ဒီအာရေးဗျ၊ အီဂျစ်၊ အာရပ်စော်ဘွားများနိုင်ငံ၊ ဘာရိမ်းနဲ့ တခြားအိမ်နီးချင်းနိုင်ငံတွေက ကာတာနိုင်ငံကို သံတမန်ရေး အရရော၊ ရေကြောင်း၊လေကြောင်း နဲ့ ကုန်းကြောင်းအရပါ ဇွန်လ ၅ ရက်နေ့က စပြီး အဆက်အသွယ် ဖြတ်တောက်ခဲ့ကြတာပါ။ ကာတာနိုင်ငံဘက်က စေ့စပ် ဆွေးနွေးလိုတဲ့ ဆန္ဒရှိတယ်ဆိုပေမယ့် သူရဲ့ အချုပ်အခြာ အာဏာကိုတော့ လက်လွှတ်ခံမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG