သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

နမ္႔ခမ္း စစ္ေဆးေရးဂိတ္ ေလာင္ခ်ာနဲ႔ အပစ္ခံရ


TNLA တအာင္း ပေလာင္တပ္ (ယခင္မွတ္တမ္းဓါတ္ပုံ)

နမ္႔ခမ္း စစ္ေဆးေရးဂိတ္ ေလာင္ခ်ာနဲ႔ အပစ္ခံရ

{{Zawgyi/Unicode}}

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ခမ္းၿမိဳ႕အ၀င္ စစ္ေဆးေရးဂိတ္ကို ဇန္နဝါရီလ ၆ ရက္ ၾကာသပေတးေန႔ ေန႔ခင္း ၂ နာရီေက်ာ္ေလာက္က အမည္မသိ လက္နက္ကိုင္ေတြက ဗံုးပစ္ေလာင္ခ်ာနဲ႔ ပစ္ခတ္ခဲ့ၿပီးေနာက္ အျပန္အလွန္ ပစ္ခတ္မႈေတြျဖစ္ပြားခဲ့ပါတယ္။ ဒီပစ္ခတ္မႈမွာ ထိခိုက္သူမရိွေပမဲ့ မေန႔တုန္းက နမ့္ခမ္းၿမိဳ႔တြင္းမွာ တိုက္ပဲြျဖစ္ထားတာေၾကာင့္ ထိတ္လန္႔ေနတဲ့ ၿမိဳ႔ခံေတြ ပိုမို ေျခာက္ျခားခဲ့ရပါတယ္။ ရန္ကုန္ကလာတဲ့ ရွမ္းျပည္နယ္ ေျမာက္ပိုင္းက သတင္းကို ကိုေဇာ္မိုးေက်ာ္ က ေျပာျပပါမယ္။

မူဆယ္ၿမိဳ႔ဘက္ေန နမ့္ခမ္းၿမိဳ႔အ၀င္ ရပ္ကြက္ ၃ က စစ္ေဆးေရးဂိတ္ကို အမည္မသိ လက္နက္ကိုင္ေတြက M 40 ေခၚ ဗံုးပစ္ေလာင္ခ်ာနဲ႔ ဇန္နဝါရီလ ၆ ရက္ ၾကာသပေတးေန႔က လာေရာက္ပစ္ခတ္တာေၾကာင့္ အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း နမ့္ခမ္းၿမိဳ႔ခံတစ္ဦးက VOA ကို အခုလုိ ေျပာပါတယ္။

“၂ နာရီ၊ ၂နာရီေက်ာ္ေလာက္ ပစ္တယ္။ လူက ၆ေယာက္လာတယ္။ သူက M 40 နဲ႔ ပစ္တယ္။ M 40 သံုးလံုးေတာ့ ပစ္တယ္။ စယ္ဟိုင္းရြာဘက္ကေန လာၿပီးေတာ့ပစ္တယ္။ အဲဒီ သူတို႔ ကင္းေစာင့္တဲ့ေနရာမွာ ပစ္လာတယ္။ သူက ၾကံခင္းထဲပဲ ေရာက္တယ္။ ဒီကေန အျပန္အလွန္ျပန္ပစ္ေတာ့ ၁၅ခ်က္ေလာက္ ျပန္ပစ္သြားတယ္။ ရပ္ကြက္က ရပ္ကြက္ ၁ေပါ့။ မန္႔ခမ္း ရပ္ကြက္ေခၚတာေပါ့။ သူက ၿမိဳ႔အ၀င္ နမ့္ခမ္းၿမိဳ႔အ၀င္ အဲဒီမွာ စစ္ေဆးေရးဂိတ္ရိွတယ္။ သူတို႔ ခန ခန လာပစ္တယ္ အဲဒီေနရာေတြက။”

ဒီပစ္ခတ္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရတာ မၾကားသိရဘူးလို႔လည္း ေျပာပါတယ္။ အျခားေဒသခံတစ္ဦးကလည္း ပစ္ခတ္သံေတြၾကားရေၾကာင္း ခုလိုေျပာပါတယ္။

“ေန႔ခင္းက အသံေတာ့ ၾကားတယ္။ ဒါေပမဲ့ ဘယ္သူက ဘာျဖစ္တယ္ဆုိတာေတာ့ ေသခ်ာမသိဘူး။ အဲဒီၿမိဳ႔ အ၀င္ဘက္ မူဆယ္အထြက္၊ နမ့္ခမ္းၿမိဳ႔အထြက္ ဟိုး မူဆယ္ဘက္ အသြားလမ္း၊ ဘယ္မွ မထြက္ေတာ့ ဘယ္လုိရိွလဲက မေျပာတတ္ဘူး။”

ဇန္နဝါရီလ ၅ ရက္ ဗုဒၶဟူးေန႔ မနက္ ၈နာရီေလာက္က TNLA ေခၚ တအန္း(ပေလာင္) တပ္ဖဲြ႔၀င္ေတြဟာ နမ့္ခမ္းၿမိဳ႔ထဲ အင္အားျပ ၀င္ေရာက္ခဲ့ၾကပါတယ္။ ဒီလုိ ၀င္ေရာက္လာၿပီးေနာက္ ေန႔ခင္း ၁၂ နာရီေလာက္မွာ စစ္ေကာင္စီတပ္က လက္နက္ၾကီးနဲ႔ပစ္ခတ္ခဲ့ၿပီး တိုက္ပဲြ စတင္ျဖစ္ခဲ့ပါတယ္။ ဒီပစ္ခတ္မႈေၾကာင့္ ကေလးငယ္ ၂ ဦးအပါအ၀င္ ေဒသခံ ၆ ဦး လက္နက္ၾကီးက်ည္ထိမွန္ခဲ့ပါတယ္။ ဗုဒၶဟူးေန႔ တိုက္ပဲြျဖစ္ၿပီးေနာက္မွာ နမ့္ခမ္းၿမိဳ႔အတြင္းမွာ အသြားအလာ မရိွသေလာက္ျဖစ္ၿပီး ျပည္သူအမ်ားစုဟာ အထိတ္တလန္႔နဲ႔ ရိွေနေၾကာင္း ေဒသခံအမ်ိဳးသမီးက အခုလို ဆက္ေျပာပါတယ္။

“ စိုးရိမ္စိတ္က မေန႔တံုးက အေျခအေနေတာ့ ေတာ္ေတာ္ေလးကို တုန္လႈပ္ေျခာက္ျခားစရာ ေကာင္းတယ္ေပါ့ေနာ္။ ဒီေန႔ အသံပဲ ၾကားလိုက္တာနဲ႔ကို က်မတို႔က မေန႔ကလုိမ်ိဳး ပံုစံမ်ိဳး ထပ္ျဖစ္မလားဆိုၿပီးမွ ေတာ္ေတာ္ေလးကို စိုးရိမ္ေနၾကတယ္။ ”

ၾကာသပေတးေန႔မွာေတာ့ ၿမိဳ႔အတြင္း လူအသြား အလာ သိပ္မရိွသလို ေစ်းဖြင့္တာလည္း မရိွဘူးလုိ႔ နမ့္ခမ္းၿမိဳ႔ခံ အမ်ိဳးသားကလည္း ေျပာပါတယ္။

“မေရာင္းၾကေတာ့ဘူး၊ မေရာင္းၾကေတာ့ဘူး။ ေစ်းက လံုး၀ ပိတ္သြားၿပီ။ ဘယ္သူမွ မေရာင္းရဲၾကဘူး။ အထိတ္တလန္႔ျဖစ္ေနၿပီ။ မေန႔႕ သူတုိ႔က လူအင္အား ေတာ္ေတာ္မ်ားတယ္။ ဒီေန႔ေတာင္မွ နည္းနည္းစိုးရိမ္စိတ္ရိွတယ္ဆုိေတာ့ ၿမိဳ႔ကို ၀င္စီးမွာလည္း ေၾကာက္တယ္။ အဲဒါေၾကာင့္မို႔ ။ ၿမိဳ႔ထဲေတာ့ တိတ္ဆိတ္ေနတာပဲ။”

နမ့္ခမ္းၿမိဳ႔ ၿမိဳ႔မေစ်းအတြင္းမွာ ဇန္န၀ါရီလ ၄ ရက္ေန႔ကလည္း လူ ၂ေယာက္ ေသနတ္နဲ႔ ပစ္ခတ္သတ္ျဖတ္ခံခဲ့ရပါတယ္။ ဒီေသဆံုးသူ ၂ ေယာက္ဟာ TNLA အဖဲြ႔က ေစ်းအတြင္း ဆက္ေၾကး ေကာက္ယူသူေတြျဖစ္ေၾကာင္း ေဒသခံေတြက ေျပာဆုိၾကပါတယ္။ ဒီအျဖစ္အပ်က္ျဖစ္ၿပီး ၅ ရက္ေန႔မွာ TNLA တပ္ဖဲြ႔ေတြက နမ့္ခမ္းၿမိဳ႔တြင္း ၀င္ေရာက္ လာၾကတဲ့ေနာက္ စစ္ေကာင္စီတပ္နဲ႔ တုိက္ပဲြျဖစ္ပြားခဲ့တာပါ။

.....................................................

နမ္႔ခမ္း စစ္ေဆးေရးဂိတ္ ေလာင္ခ်ာနဲ႔ အပစ္ခံရ
please wait

No media source currently available

0:00 0:03:36 0:00
တိုက္႐ိုက္ လင့္ခ္

နမ့်ခမ်း စစ်ဆေးရေးဂိတ် လောင်ချာနဲ့ အပစ်ခံရ

{{Unicode}}

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့အဝင် စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီလ ၆ ရက် ကြာသပတေးနေ့ နေ့ခင်း ၂ နာရီကျော်လောက်က အမည်မသိ လက်နက်ကိုင်တွေက ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ ဒီပစ်ခတ်မှုမှာ ထိခိုက်သူမရှိပေမဲ့ မနေ့တုန်းက နမ့်ခမ်းမြို့တွင်းမှာ တိုက်ပွဲဖြစ်ထားတာကြောင့် ထိတ်လန့်နေတဲ့ မြို့ခံတွေ ပိုမို ခြောက်ခြားခဲ့ရပါတယ်။ ရန်ကုန်ကလာတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက သတင်းကို ကိုဇော်မိုးကျော် က ပြောပြပါမယ်။

မူဆယ်မြို့ဘက်နေ နမ့်ခမ်းမြို့အဝင် ရပ်ကွက် ၃ က စစ်ဆေးရေးဂိတ်ကို အမည်မသိ လက်နက်ကိုင်တွေက M 40 ခေါ် ဗုံးပစ်လောင်ချာနဲ့ ဇန်နဝါရီလ ၆ ရက် ကြာသပတေးနေ့က လာရောက်ပစ်ခတ်တာကြောင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“၂ နာရီ၊ ၂နာရီကျော်လောက် ပစ်တယ်။ လူက ၆ယောက်လာတယ်။ သူက M 40 နဲ့ ပစ်တယ်။ M 40 သုံးလုံးတော့ ပစ်တယ်။ စယ်ဟိုင်းရွာဘက်ကနေ လာပြီးတော့ပစ်တယ်။ အဲဒီ သူတို့ ကင်းစောင့်တဲ့နေရာမှာ ပစ်လာတယ်။ သူက ကြံခင်းထဲပဲ ရောက်တယ်။ ဒီကနေ အပြန်အလှန်ပြန်ပစ်တော့ ၁၅ချက်လောက် ပြန်ပစ်သွားတယ်။ ရပ်ကွက်က ရပ်ကွက် ၁ပေါ့။ မန့်ခမ်း ရပ်ကွက်ခေါ်တာပေါ့။ သူက မြို့အဝင် နမ့်ခမ်းမြို့အဝင် အဲဒီမှာ စစ်ဆေးရေးဂိတ်ရှိတယ်။ သူတို့ ခန ခန လာပစ်တယ် အဲဒီနေရာတွေက။”

ဒီပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရတာ မကြားသိရဘူးလို့လည်း ပြောပါတယ်။ အခြားဒေသခံတစ်ဦးကလည်း ပစ်ခတ်သံတွေကြားရကြောင်း ခုလိုပြောပါတယ်။

“နေ့ခင်းက အသံတော့ ကြားတယ်။ ဒါပေမဲ့ ဘယ်သူက ဘာဖြစ်တယ်ဆိုတာတော့ သေချာမသိဘူး။ အဲဒီမြို့ အဝင်ဘက် မူဆယ်အထွက်၊ နမ့်ခမ်းမြို့အထွက် ဟိုး မူဆယ်ဘက် အသွားလမ်း၊ ဘယ်မှ မထွက်တော့ ဘယ်လိုရှိလဲက မပြောတတ်ဘူး။”

ဇန်နဝါရီလ ၅ ရက် ဗုဒ္ဓဟူးနေ့ မနက် ၈နာရီလောက်က TNLA ခေါ် တအန်း(ပလောင်) တပ်ဖွဲ့ဝင်တွေဟာ နမ့်ခမ်းမြို့ထဲ အင်အားပြ ဝင်ရောက်ခဲ့ကြပါတယ်။ ဒီလို ဝင်ရောက်လာပြီးနောက် နေ့ခင်း ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီး တိုက်ပွဲ စတင်ဖြစ်ခဲ့ပါတယ်။ ဒီပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ဒေသခံ ၆ ဦး လက်နက်ကြီးကျည်ထိမှန်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ တိုက်ပွဲဖြစ်ပြီးနောက်မှာ နမ့်ခမ်းမြို့အတွင်းမှာ အသွားအလာ မရှိသလောက်ဖြစ်ပြီး ပြည်သူအများစုဟာ အထိတ်တလန့်နဲ့ ရှိနေကြောင်း ဒေသခံအမျိုးသမီးက အခုလို ဆက်ပြောပါတယ်။

“ စိုးရိမ်စိတ်က မနေ့တုံးက အခြေအနေတော့ တော်တော်လေးကို တုန်လှုပ်ခြောက်ခြားစရာ ကောင်းတယ်ပေါ့နော်။ ဒီနေ့ အသံပဲ ကြားလိုက်တာနဲ့ကို ကျမတို့က မနေ့ကလိုမျိုး ပုံစံမျိုး ထပ်ဖြစ်မလားဆိုပြီးမှ တော်တော်လေးကို စိုးရိမ်နေကြတယ်။ ”

ကြာသပတေးနေ့မှာတော့ မြို့အတွင်း လူအသွား အလာ သိပ်မရှိသလို ဈေးဖွင့်တာလည်း မရှိဘူးလို့ နမ့်ခမ်းမြို့ခံ အမျိုးသားကလည်း ပြောပါတယ်။

“မရောင်းကြတော့ဘူး၊ မရောင်းကြတော့ဘူး။ ဈေးက လုံး၀ ပိတ်သွားပြီ။ ဘယ်သူမှ မရောင်းရဲကြဘူး။ အထိတ်တလန့်ဖြစ်နေပြီ။ မနေ့ သူတို့က လူအင်အား တော်တော်များတယ်။ ဒီနေ့တောင်မှ နည်းနည်းစိုးရိမ်စိတ်ရှိတယ်ဆိုတော့ မြို့ကို ဝင်စီးမှာလည်း ကြောက်တယ်။ အဲဒါကြောင့်မို့ ။ မြို့ထဲတော့ တိတ်ဆိတ်နေတာပဲ။”

နမ့်ခမ်းမြို့ မြို့မဈေးအတွင်းမှာ ဇန်နဝါရီလ ၄ ရက်နေ့ကလည်း လူ ၂ယောက် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီသေဆုံးသူ ၂ ယောက်ဟာ TNLA အဖွဲ့က ဈေးအတွင်း ဆက်ကြေး ကောက်ယူသူတွေဖြစ်ကြောင်း ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒီအဖြစ်အပျက်ဖြစ်ပြီး ၅ ရက်နေ့မှာ TNLA တပ်ဖွဲ့တွေက နမ့်ခမ်းမြို့တွင်း ဝင်ရောက် လာကြတဲ့နောက် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG