သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fallujah မြို့ပြန်သိမ်းနိုင်ဖို့ အီရတ်တပ်ဖွဲ့တွေ ထိုးစစ်ဆင်


အီရတ်တပ်ဖွဲ့
အီရတ်တပ်ဖွဲ့

အီရတ်နိုင်ငံမှာ နိုင်ငံရေးအရ မတည်ငြိမ်မှုတွေ လတွေနဲ့ချီ ဖြစ်ပွားနေတာကို ဖြေရှင်းနိုင်ဖို့ရည်ရွယ်တဲ့ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်တွေကို အီရတ်လွှတ်တော်အမတ်တွေ ဒီကနေ စတင်ဆွေးနွေး လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့ လွှတ်တော်အမတ်တွေ မစုဝေးနိုင်ခင်မှာပဲ မြို့တော်မှာ ဒီကနေ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

IS စစ်သွေးကြွတွေက Baghdad မြို့တော်မှာ ဗုံးဖောက်ခွဲမှု နှစ်ခုနဲ့ မြို့တော်မြောက်ပိုင်းမှာ ဖောက်ခွဲမှုတခု လုပ်ပြီး တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၀ ကျော် သေဆုံးခဲ့ရပါတယ်။ နိုင်ငံရေးအရ ချောင်ပိတ်မိနေတဲ့ အခြေအနေကနေ အန္တရာယ်ရှိတဲ့အခြေအနေမျိုး ရောက်သွားနိုင်တယ်ဆိုတာကို ဒီဖြစ်ရပ်က သတိပေးနေပါတယ်။ အရင်တုန်းကလည်း အခုလို ဗုံးပေါက်ကွဲမှုတွေ ကနေ အကြောင်းခံပြီး လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ဖူးပြီး၊ အမျက်ဒေါသထွက်နေကြတဲ့ ဆန္ဒပြသူတွေက အစိုးရခေါင်းဆောင်တွေကို ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုတာတွေ ရှိခဲ့တာပါ။

ဝန်ကြီးချုပ် Haider al-Abadi ကတော့ လွှတ်တော်အမတ်တွေ အနေနဲ့ လောလောဆယ်မှာ သဘောထားကွဲလွဲမှုတွေကို ဘေးဖယ်ထားပြီး Fallujah မြို့ ထိုးစစ်ဆင်မှုတွေ ပြီးဆုံးတဲ့အထိ အချိန်ယူ စောင့်ကြည့်ဖို့ တနင်္ဂနွေနေ့က လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် Abadi က နိုင်ငံရေးအရ အရှိန်အဝါရှိသူတချို့ကို ဝန်ကြီးနေရာတချို့မှာ အစားထိုးခန့်အပ်တာ အပါအဝင် အစိုးရအတွင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ချိန်ကစလို့ လွှတ်တော်အမတ်တွေကြား သဘောထား ကွဲလွဲမှုတွေ ပိုပြီးဆိုးလာနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG