ဆူနာမီေရလိႈင္းေပၚ ၂၇ နာရီ ေမ်ာေနခဲ႔တဲ႔ မသန္စြမ္းလူသား
{{Zawgyi/Unicode}}
ပစိဖိတ္သမုဒၵရာထဲက ကၽြန္းႏိုင္ငံငယ္ကေလး တခုျဖစ္တဲ့ Tongaမွာ စေနေန႔က ေရေအာက္မီးေတာင္ေပါက္ကြဲၿပီး ႀကီးမားတဲ့ ဆူနာမီ ေရလႈိင္းေတြ ရိုက္ခတ္မႈေၾကာင့္ ပင္လယ္ထဲကို ေမ်ာပါသြားတဲ့ မသန္စြမ္းသူ အသက္ ၅၇ ႏွစ္အရြယ္ Lisala Folauဟာ နာရီေပါင္း ၂၇ နာရီ ေရထဲမွာေမ်ာေနခဲ့ေပမယ့္အသက္မေသပဲ ရွင္သန္ေနတာေၾကာင့္ သူ႔ကို “Aquaman” အ႑ဝါလူသား လို႔ နာမည္ေပးထား ၾကပါတယ္။
လူသူမနီးတဲ့ Atata ၿမိဳကေလးမွာ ေနထိုင္တဲ့ သူဟာ စေနေန႔က သူ႔အိမ္ကို ေဆးသုတ္ေနတုန္း ၁၉ေပေက်ာ္ျမင့္တဲ့ ေရလႈိင္းက သူနဲ႔သူ႔တူမ ၂ ဦးစလံုး ကို ေရထဲ ဆြဲေခၚသြားတာ ျဖစ္ေၾကာင္း Tongan သတင္းဌာနBroadcom ေမးျမန္းခန္းမွာ ေျဖၾကားထားပါတယ္။
တညနဲ႔ တေန႔ ေရထဲေမ်ာေနၿပီးတဲ့ေနာက္ ၂၇ နာရီအၾကာမွာမွ ပင္မကၽြန္းႀကီးျဖစ္တဲ့ Tongatapu ဆီကို ေရာက္ခဲ့တာ ျဖစ္ပါတယ္။
Tonga ရဲ့ ၿမိဳ႕ေတာ္ Nuku'alofa တည္ရွိရာ ဒီကၽြန္းဟာ သူေနထိုင္တဲ့ လူဦးေရ ၆၀ ေလာက္ပဲရွိတဲ့ ၿမိဳ႕နဲ႔ ၅ မိုင္အကြာမွာရွိပါတယ္။
ဒီခရီးဟာသေဘၤာနဲ႔သြားရင္ နာရီဝက္ေလာက္ သြားရတာျဖစ္ၿပီး လမ္းမေလ ွ်ာက္ႏုိင္တဲ့ ဒုကၡိတ တဦးကို ေရလႈိင္းက သယ္ေဆာင္သြားခဲ့တာ ျဖစ္ပါတယ္။
..................................................
ဆူနာမီရေလှိုင်းပေါ် ၂၇ နာရီ မျောနေခဲ့တဲ့ မသန်စွမ်းလူသား
{{Zawgyi/Unicode}}
ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံငယ်ကလေး တခုဖြစ်တဲ့ Tonga မှာ စနေနေ့က ရေအောက်မီးတောင်ပေါက်ကွဲပြီး ကြီးမားတဲ့ ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်မှုကြောင့် ပင်လယ်ထဲကို မျောပါသွားတဲ့ မသန်စွမ်းသူ အသက် ၅၇ နှစ်အရွယ် Lisala Folau ဟာ နာရီပေါင်း ၂၇ နာရီ ရေထဲမှာ မျောနေခဲ့ပေမယ့် အသက်မသေပဲ ရှင်သန်နေတာကြောင့် သူ့ကို “Aquaman” အဏ္ဍဝါလူသား လို့ နာမည်ပေးထား ကြပါတယ်။
လူသူမနီးတဲ့ Atata မြိုကလေးမှာ နေထိုင်တဲ့ သူဟာ စနေနေ့က သူ့အိမ်ကို ဆေးသုတ်နေတုန်း ၁၉ ပေကျော်မြင့်တဲ့ ရေလှိုင်းက သူနဲ့သူ့တူမ ၂ ဦးစလုံး ကို ရေထဲ ဆွဲခေါ်သွားတာ ဖြစ်ကြောင်း Tongan သတင်းဌာန Broadcom မေးမြန်းခန်းမှာ ဖြေကြားထားပါတယ်။
တညနဲ့ တနေ့ ရေထဲမျောနေပြီးတဲ့နောက် ၂၇ နာရီအကြာမှာမှ ပင်မကျွန်းကြီးဖြစ်တဲ့ Tongatapu ဆီကို ရောက်ခဲ့တာ ဖြစ်ပါတယ်။
Tonga ရဲ့ မြို့တော် Nuku'alofa တည်ရှိရာ ဒီကျွန်းဟာ သူနေထိုင်တဲ့ လူဦးရေ ၆၀ လောက်ပဲရှိတဲ့ မြို့နဲ့ ၅ မိုင်အကွာမှာရှိပါတယ်။
ဒီခရီးဟာ သင်္ဘောနဲ့သွားရင် နာရီဝက်လောက် သွားရတာဖြစ်ပြီး လမ်းမလေ ျှာက်နိုင်တဲ့ ဒုက္ခိတ တဦးကို ရေလှိုင်းက သယ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။