သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Trump ကို ကာကြယ္ ထြက္ဆိုခဲ႔ျခင္း မ႐ွိသူ ေနာက္တဦး ရာထူးမွထြက္ရၿပီ


အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ရဲ႕ ေတာင္းဆိုခ်က္အရ အေမရိကန္ ကာကြယ္ေရး ၀န္ၾကီးဌာနက ထိပ္တန္းတာ၀န္ရွိသူတဦး ဗုဒၶဟူးေန႔က ရာထူးက ႏုတ္ထြက္သြားခဲ့ပါတယ္။ ယူကရိန္း အရႈပ္အေထြးထဲ ပါ၀င္ခဲ့တဲ့ အေမရိကန္ အမ်ိဳးသား လုံျခံဳေရးအဖြဲ႔ထဲက အဖြဲ႔၀င္ ေတာ္ေတာ္မ်ားမ်ား ရာထူးက ႏုတ္ထြက္တဲ့အထဲ အခုျဖစ္ရပ္ဟာ ေနာက္ဆုံး ျဖစ္ရပ္ပါ။

ကာကြယ္ေရးဌာနက မူ၀ါဒပိုင္းဆိုင္ရာ တာ၀န္ရွိသူ John Rood ရဲ႕ ႏိုင္ငံ႔တာ၀န္ ထမ္းေဆာင္ခဲ့မွဳ အေပၚ ဂုဏ္ယူ ေက်းဇူးတင္တဲ့ အေၾကာင္း သမၼတ ထရမ့္က တြစ္တာမွာ ေရးသားခဲ့ပါတယ္။ ဒါေပမဲ့ John Rood ရဲ႕ စာထဲမွာေတာ့ သမၼတရဲ႕ ေတာင္းဆိုခ်က္နဲ႔ ကာကြယ္ေရး ၀န္ၾကီး Mark Esper က က်ေနာ္႔ကို ႏုတ္ထြက္ခိုင္းတာလို႔ က်ေနာ္ နားလည္ထားတယ္လို႔ ေရးသား ထားပါတယ္။

Rood ဟာ ယူကရိန္းႏုိင္ငံတြင္းက အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရး ေဆာင္ရြက္ခ်က္ေတြ လုံေလာက္မႈ ရွိတာေၾကာင့္ ယူကရိန္းကို အကူအညီ ေပးသင့္တယ္ဆိုၿပီး ခြင့္ျပဳခ်က္ ေပးခဲ့သူ ျဖစ္ပါတယ္။ သမၼတ ထရမ့္ရဲ႕ အဖြဲ႕ကေတာ့ ယူကရိန္းကို အကူအညီ မေပးတာဟာ ယူကရိန္း ႏုိင္ငံတြင္း က အဂတိ လိုက္စားမွဳေတြေၾကာင့္ဆိုျပီး အေၾကာင္းျပထားတာပါ။

ဒါေၾကာင့္ Rood ရဲ႕ လုပ္ေဆာင္ခ်က္ဟာ သမၼတ ထရမ့္နဲ႔ အဖြဲ႕ရဲ႕ အေၾကာင္းျပခ်က္ေတြကို အားနည္းေစခဲ့ပါတယ္။ ကာကြယ္ေရး ၀န္ၾကီးဌာနက ေျပာခြင့္ရ Jonathan Joffman ကေတာ့ Rood ကို ဖယ္ရွားလိုက္တာေၾကာင့္ သမၼတ ထရမ့္ဟာ သူလိုခ်င္တဲ့ အဖြဲ႕ကို ရရွိဖို႔အတြက္ အခြင့္အေရးတရပ္ျဖစ္တယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

Trump ကို ကာကွယ် ထွက်ဆိုခဲ့ခြင်း မရှိသူ နောက်တဦး ရာထူးမှထွက်ရပြီ

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တောင်းဆိုချက်အရ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ထိပ်တန်းတာဝန်ရှိသူတဦး ဗုဒ္ဓဟူးနေ့က ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။ ယူကရိန်း အရှုပ်အထွေးထဲ ပါဝင်ခဲ့တဲ့ အမေရိကန် အမျိုးသား လုံခြုံရေးအဖွဲ့ထဲက အဖွဲ့ဝင် တော်တော်များများ ရာထူးက နုတ်ထွက်တဲ့အထဲ အခုဖြစ်ရပ်ဟာ နောက်ဆုံး ဖြစ်ရပ်ပါ။

ကာကွယ်ရေးဌာနက မူဝါဒပိုင်းဆိုင်ရာ တာဝန်ရှိသူ John Rood ရဲ့ နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့မှု အပေါ် ဂုဏ်ယူ ကျေးဇူးတင်တဲ့ အကြောင်း သမ္မတ ထရမ့်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ John Rood ရဲ့ စာထဲမှာတော့ သမ္မတရဲ့ တောင်းဆိုချက်နဲ့ ကာကွယ်ရေး ဝန်ကြီး Mark Esper က ကျနော့်ကို နုတ်ထွက်ခိုင်းတာလို့ ကျနော် နားလည်ထားတယ်လို့ ရေးသား ထားပါတယ်။

Rood ဟာ ယူကရိန်းနိုင်ငံတွင်းက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေ လုံလောက်မှု ရှိတာကြောင့် ယူကရိန်းကို အကူအညီ ပေးသင့်တယ်ဆိုပြီး ခွင့်ပြုချက် ပေးခဲ့သူ ဖြစ်ပါတယ်။ သမ္မတ ထရမ့်ရဲ့ အဖွဲ့ကတော့ ယူကရိန်းကို အကူအညီ မပေးတာဟာ ယူကရိန်း နိုင်ငံတွင်း က အဂတိ လိုက်စားမှုတွေကြောင့်ဆိုပြီး အကြောင်းပြထားတာပါ။ ဒါကြောင့် Rood ရဲ့ လုပ်ဆောင်ချက်ဟာ သမ္မတ ထရမ့်နဲ့ အဖွဲ့ရဲ့အကြောင်းပြချက်တွေကို အားနည်းစေခဲ့ပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနက ပြောခွင့်ရ Jonathan Joffman ကတော့ Rood ကို ဖယ်ရှားလိုက်တာကြောင့် သမ္မတ ထရမ့်ဟာ သူလိုချင်တဲ့ အဖွဲ့ကို ရရှိဖို့အတွက် အခွင့်အရေးတရပ်ဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG