သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Total ကုမ္ပဏီ မြန်မာနိုင်ငံမှာ ဓါတ်ငွေ့ ထုတ်လုပ်မှု စတင်


စက်သုံးဆီ အရောင်းဆိုင် (ရန်ကုန်မြို့ )
စက်သုံးဆီ အရောင်းဆိုင် (ရန်ကုန်မြို့ )

ပြင်သစ်ပိုင် Total ရေနံ ကုမ္ပဏီဟာ သူတို့ရင်းနှီးမြုပ်နှံထားတဲ့ မြန်မာနိုင်ငံအတွင်းက ပတ္တမြားဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ကနေ ပထမအကြိမ် ဓာတ်ငွေ့ ထုတ်လုပ်မှုကို စတင်လိုက်ပါပြီ။

ရန်ကုန်မြို့နဲ့ ကီလိုမီတာ ၂၂၀ အကွာလောက်မှာရှိတဲ့ ပတ္တမြား ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဟာ ရတနာ ဓာတ်ငွေ့ပိုက်လိုင်း နေရာအထိ တိုးချဲ့သွားမှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ တစ်နှစ်အတွင်း ဓာတ်ငွေ့ထုတ်လုပ်မှုဟာ ၈ ဘီလီယံ ကုဗမီတာ အထိ အမြင့်ဆုံး ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

ပတ္တမြား ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းထဲမှာ ရတနာ ဓာတ်ငွေ့ ပိုက်လိုင်း ထုတ်လုပ်ရေးလုပ်ငန်း၊ ပစ္စည်းတွေ ကိရိယာတွေနဲ့ ဆက်သွယ်တဲ့ ဓာတ်ငွေ့တူးစင် အသစ်တခုအပြင် ပတ္တမြား ဓာတ်ငွေ့ ပိုက်လိုင်းကနေ ဓာတ်ငွေ့ထုတ်လုပ်နိုင်မယ့် ဓာတ်ငွေ့တွင်း ၄ တွင်း အတွက် တူးဖော်ရေး လုပ်ငန်းတွေပါဝင်ပါတယ်။

လာမယ့်နှစ်တွေအတွင်း မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ စီးပွားရေး တိုးတက်မှုကို ပံ့ပိုးပေးတဲ့အနေနဲ့ ဈေးနှုန်းသက်သက်သာသာနဲ့ သန့်ရှင်းပြီး ယုံကြည်အားထားရတဲ့ ဓာတ်ငွေ့တွေ မျှဝေပေးလို့ရအောင် ဒီစီမံကိန်းက သံဓိဌာန်ချ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ Total ရေနံကုမ္ပဏီ ရေနံရှာဖွေထုတ်လုပ်မှု အကြီးအကဲ ကပြောပါတယ်။

ပတ္တမြား ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း ဟာ ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး အလုပ်သမားပေါင်း ၅ သန်းနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

Total ရေနံကုမ္ပဏီဟာ ဒီစီမံကိန်းကို အမေရိကန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီး Chevron-Unocal ကော်ပိုရေးရှင်း၊ ထိုင်းနိုင်ငံ ရေနံကုမ္ပဏီကြီး - PTTEP၊ မြန်မာအစိုးရပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း- MOGE ကုမ္ဗဏီ တို့နဲ့ ဖက်စပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG