သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်း လူသတ်ဖြစ်ရပ် သေဒဏ် ချမှတ်မှု ထိုင်းရဲတပ်ဖွဲ့ ခုခံချေပ

1/14
အသေးစိတ် ဖတ်ရှုရန် Show less
2/14
အသေးစိတ် ဖတ်ရှုရန် Show less
3/14
အသေးစိတ် ဖတ်ရှုရန် Show less
4/14
အသေးစိတ် ဖတ်ရှုရန် Show less
5/14
အသေးစိတ် ဖတ်ရှုရန် Show less
6/14
အသေးစိတ် ဖတ်ရှုရန် Show less
7/14
အသေးစိတ် ဖတ်ရှုရန် Show less
8/14
အသေးစိတ် ဖတ်ရှုရန် Show less
 David Miller မိသားစု တရားခွင်သို့ ရောက်ရှိလာစဉ်။
9/14  David Miller မိသားစု တရားခွင်သို့ ရောက်ရှိလာစဉ်။
အသေးစိတ် ဖတ်ရှုရန် Show less
 David Miller မိသားစု တရားခွင်သို့ ရောက်ရှိလာစဉ်။
10/14  David Miller မိသားစု တရားခွင်သို့ ရောက်ရှိလာစဉ်။
အသေးစိတ် ဖတ်ရှုရန် Show less
11/14
အသေးစိတ် ဖတ်ရှုရန် Show less
The mother of Zaw Lin (C) cries as she leaves after hearing the verdict at the Koh Samui provincial court , in Koh Samui, Thailand, December 24, 2015. A Thai court sentenced two Myanmar migrant workers, including Zaw Lin, to death on Thursday after convic
12/14 The mother of Zaw Lin (C) cries as she leaves after hearing the verdict at the Koh Samui provincial court , in Koh Samui, Thailand, December 24, 2015. A Thai court sentenced two Myanmar migrant workers, including Zaw Lin, to death on Thursday after convic
အသေးစိတ် ဖတ်ရှုရန် Show less
13/14
အသေးစိတ် ဖတ်ရှုရန် Show less
14/14
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ပြီးခဲ့တဲ့ နှစ် အတွင်း ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား နှစ်ယောက်အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းရဲတွေက သူတို့ရဲ့စုံစမ်းစစ်ဆေးမှုတွေဟာ ပွင့်လင်းမြင်သာမှု ရှိ သလို လူသတ်မှု ကျူးလွန်သူတွေအဖြစ် စွပ်စွဲခံ ထားရတဲ့ မြန်မာ နိုင်ငံသား ၂ ယောက်ကို သေဒဏ်ချလိုက်တာဟာ နှစ် နိုင်ငံကြားဆက်ဆံရေးကို ထိခိုက် စေမှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ AP သတင်းတပုဒ်ကို အခြေခံပြီး နန်းလောင်ဝ် ကတင်ပြထားပါတယ်။

ဗြိတိန်နိုင်ငံသား၊ ကမ္ဘာလှည့်ခရီးသွား ၂ ယောက်အသတ်ခံခဲ့ရတဲ့ ကော့တောင်ကျွန်း လူသတ်မှုနဲ့ ပတ်သက်လို့ ထိုင်း နိုင်ငံမှာ ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲကျင်းပပါတယ်။ အသက် ၂၃ နှစ်အရွယ် Hannah Witheridge နဲ့ အသက် ၂၄ နှစ်အရွယ် David Millaer တို့ကိုသတ်မှုနဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ကို ထိုင်းကော့စမွေ တရားရုံးက ဒီဇင်ဘာလ ၂၄ ရက်၊ ကြာသပတေးနေ့ မှာသေဒဏ်ချမှတ်လိုက်တာပါ။ ဒီလိုသေဒဏ်ချလိုက်တဲ့ အပေါ် မကြေနပ်ကြတဲ့ လူတွေ ရန်ကုန်မြို့မှာ ဒီဇင်ဘာလ ၂၅ ရက်နေ့ကထိုင်းနိုင်ငံ သံရုံးရှေ့မှာ ကန့်ကွက် ဆန္ဒ့ပြကြပါတယ်။

ဆက်တိုက်ဆိုသလိုဘဲ မြန်မာနိုင်ငံနယ်စပ်ဒေသ
မြို့ကြီးတွေ အပြင် နိုင်ငံ တကာရောက် မြန်မာနိုင်ငံသားတွေကလည်း ထိုင်းသံရုံးတွေရှေ့မှာ ကန့်ကွက်ဆန္ဒပြတာတွေရှိပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ထိုင်းရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်လို့ အငြင်း ပွါးစရာတွေဖြစ်လာသလို ရွေ့ပြောင်းလုပ်သားတွေအပေါ် ထိုင်း နိုင်ငံရဲ့ ပြုမူ ဆက်ဆံပုံတွေကိုလည်း မေးခွန်းထုတ်စရာတွေဖြစ်ပေါ်လာနေပါတယ် ။ ဒါပေမယ့်လည်း ထိုင်းရဲတွေကတော့ ဒီလို အရေးကြီးတဲ့ အမှုကို ကိုင်တွယ်နေတဲ့နေရာမှာ ယုံကြည်မှုအပြည့်ရှိတယ်လို့ ဆိုပါတယ်။ ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရသူလည်းဖြစ်၊ရဲ ဗိုလ်ချူပ်ကြီးလည်းဖြစ်တဲ့ Dejnarong Suthicharnbancha ကခုလိုပြောပါတယ်။

"သက်သေအထောက်အထားတွေကို ကောက်ယူစုဆောင်းတဲ့ အဆင့်တိုင်းက ပွင့်လင်းမြင်သာမှုရှိပြီး ခိုင်လုံမှုလည်း ရှိပါတယ်။ဒီအချက်နဲ့ပတ်သက်လို့ မြန်မာ နိုင်ငံနဲ့ ကာလရှည်ကြာ ခိုင်မာတဲ့ဆက်ဆံရေး ရှိထားတာပါ။ ဒီအမှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးကို တနည်းနည်းနဲ့ ထိခိုက်လိမ်မယ်လို့မထင်ပါဘူး။"

အခုအခြေအနေကို သူတို့ ရဲ့ ကိုယ်ပိုင် အကျိုး စီးပွားအတွက် အသုံးချနေသူတွေ အလိုကျ အသုံးချမခံကြပါနဲ့လို့ မြန်မာလူထုကို တောင်းဆိုတဲ့အကြောင်း ထိုင်းရဲတပ်ဖွဲ့ ဒုပြောခွင့်ရ ရဲဗိုလ်ချုပ် Piyapan Pingmuang က အခုလို ပြောပါတယ်။

"တချို့လူအုပ်စုတွေရဲ့စကားကို နားမယောင်ဖို့ မြန်မာလူမျိုးတွေကိုပြောချင်ပါတယ်။ အမှုနဲ့ပတ်သက်တဲ့ဥပဒေ လုပ်ငန်းစဉ်က ဆက်သွားနေပြီး တော့ အယူခံဝင်နိုင်တဲ့ နောက်ထပ် တရားရုံးအဆင့် ၂ ဆင့်ရှိပါတယ်။ ဒါက နိုင်ငံရေးနဲ့လည်း မပတ်သက်ပါဘူး။ ဒီအမှုကို နောက်ထပ်၂ ကြိမ်ကြားနာဖို့ ရှိသလို အယူခံလည်းဝင်လို့ရပါတယ်။ ဒါကြောင့် သူများတွေပြောတာ နားမယောင်ဖို့၊ အသုံးချခံမဖြစ်ဖို့ ပြောချင်တာပါ။"

လူသတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား၂ ယောက် ရဲ့DNA တွေကို အသတ်ခံရတဲ့ သူတွေဆီမှာ တွေ့ရတယ် ဆိုတဲ့ တရားလိုရှေ့နေဘက်က တင်ပြချက်တွေကို အခြေခံ စစ်ဆေးပြီးတဲ့နောက် မြန်မာအလုပ်သမား၂ယောက်ဟာ ဒီလူသတ်မှုနဲ့ ပတ်သက်မှုရှိတယ် ဆိုပြီး ထိုင်းရဲဘက်က ရာဇဝတ်မှုအဖြစ် သတ်မှတ်လိုက်တာလည်းဖြစ်ပါတယ်။

ထိုင်းရဲဘက်က DNA သက်သေတွေကို မမှန်မကန်လုပ်ခဲ့ပြီး ဖမ်းဆီးခံမြန်မာ အလုပ်သမား၂ ယောက်ကိုလည်း ထိန်းသိမ်းထားစဉ်မှာ နှိပ်စက်ခဲ့တယ်လို့ အကျိုးဆောင်ရှေ့နေကပြောပါတယ်။ ထိုင်းရဲတွေကတော့ ဒီလို နှိပ်စက်ညှင်းပမ်းမှုမျိုး မလုပ်ခဲ့ဘူးလို့ ခုလို ငြင်းဆန်ပါတယ်။

" နိုင်ငံတကာစံနှုန်းကို လိုက်နာပြီး အမှုကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးပါတယ်။ သက်သေအထောက်အထားတွေကလည်း သိပ္ပံနည်းကျရထားတာပါ။ ဝန်ခံပြီး တော့ ရထားတာ မဟုတ်ပါဘူး။ သိပ္ပံနည်းကျဆိုရင် ဘာမှ လိမ်လို့မရပါဘူး။ လူသေတွေ စကားမပြောနိုင်ဘူးဆိုပေမယ့် သေသွားတဲ့ လူတွေဆီကရတဲ့ သက်သေ အထောက်အထားတွေက သက်ရှိလူတွေဆီ ရထားထက်စာရင် ပိုပြီး ခိုင်လုံမှုရှိပါတယ်။"

ဒီလူသတ်မှုဖြစ်ပွားခဲ့တာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေအတွက် ပျော်စရာ အတိ ရှိတဲ့ ထိုင်းနိုင်ငံရဲ့ တရားရေးစနစ်နဲ့ ရွှေ့ပြောင်းလုပ်သားတွေအပေါ် သူတို့ရဲ့ပြုမူ ဆက်ဆံပုံကိုလည်း မေးခွန်းထုတ်စရာ ဖြစ်လာစေခဲ့တာပါ။ လူသတ်မှုကို ပြန်လည် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုမှုတွေရှိပေမယ့်လည်း ထိုင်းရဲဘက်ကတော့ ဒီအမှုက ဥပဒေအရ နည်းလမ်းတကျ စုံစမ်းစစ်ဆေးမှုတွေလည်း အားလုံးလုပ်ပြီး သွားပြီမို့ ပြန်မလုပ်နိုင်ဘူး လို့ဆိုပါတယ်။

တရားခံအဖြစ် စွပ်စွဲခံ ထားရသူတွေက တခြားလူတွေ ကျူးလွန်ခဲ့တဲ့ အမှုကို ကြားက ဝင်ပြီး ဓားစာခံဖြစ်ရတာလို့ တက်ကြွသူတွေကဆိုပါတယ်။ ထိုင်းနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားပေါင်း ၂ သန်းခွဲလောက် လုပ်ကိုင်နေကြတာပါ။ အများစုက ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ အိမ်ကူလုပ်သားတွေ ဒါမှမဟုတ် ဟိုတယ်နဲ့ စားသောက်ဆိုင်တွေမှာ သန့်ရှင်းရေးလုပ်သားတွေအဖြစ်လုပ်ကိုင်ကြရပါတယ်။

ထိုင်းနိုင်ငံမှာ သေဒဏ်ချခံထားရတဲ့ အကျဉ်းသားပေါင်း ၄၅၀ ထက်မနည်းရှိပေမယ့် ၂၀၀၉ ခုနှစ်ကတည်းက ဘယ်သူ့ကိုမှ သေဒဏ်စီရင်တာမရှိသေးပါဘူး။

​
XS
SM
MD
LG