သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

  ျမန္မာႏိုင္ငံသားေတြ အေမရိကန္မွာ (TPS) ယာယီေနခြင့္ ေနာက္ထပ္တႏွစ္ခဲြတိုး 


FILE - Demonstrators participate in the March for TPS (Temporary Protected Status) Justice during a protest in support of permanent residency, outside the White House in Washington, Feb. 12, 2019.

အေမရိကန္ေရာက္ ျမန္မာႏိုင္ငံသားေတြကို (TPS) ယာယီအကာအကြယ္ေပး ေနထိုင္ခြင့္ျပဳထားတာကို ေနာက္ထပ္ ၁ ႏွစ္ခဲြ သက္တမ္း တိုးလိုက္ပါတယ္။

ျမန္မာႏိုင္ငံသားေတြ အေမရိကန္မွာ (TPS) ယာယီေနခြင့္ ေနာက္ထပ္တႏွစ္ခဲြတိုး

{{Zawgyi/Unicode}}
အေမရိကန္ေရာက္ ျမန္မာႏိုင္ငံသားေတြကို (TPS) ယာယီအကာအကြယ္ေပး ေနထိုင္ခြင့္ျပဳထားတာကို ေနာက္ထပ္ ၁ ႏွစ္ခဲြ သက္တမ္း တိုးလိုက္ပါတယ္။ ျမန္မာႏိုင္ငံမွာ ေနာက္ဆုံးေနထိုင္ခဲ့ၿပီး၊ လက္ရွိမွာ ႏိုင္ငံတခုခုရဲ႔ ႏိုင္ငံသား မဟုတ္တဲ့သူေတြ အေမရိကန္မွာ ယာယီအကာအကြယ္ေပး ေနထိုင္ခြင့္ကိုေတာ့ ၿပီးခဲ့တဲ့ႏွစ္ေမလမွာပဲ စတင္ခြင့္ျပဳခဲ့တာပါ။

စစ္အာဏာသိမ္းမႈ၊ အုံႂကြမႈေတြနဲ႔ အရပ္သားေတြအေပၚ စစ္တပ္ရဲ႔ ရက္စက္တဲ့ အၾကမ္းဖက္လုပ္ရပ္ေတြေၾကာင့္ ျမန္မာျပည္သူေတြ ဒုကၡေပါင္းစုံနဲ႔ ဆက္လက္ ရင္ဆိုင္ေနၾကရသလို၊ လူသားခ်င္းစာနာမႈ အေျခအေနေတြ ပိုမိုဆိုးရြားလာေနေၾကာင္းလည္း အမိေျမလုံျခံဳေရး၀န္ႀကီး Alejandro Mayorkas က ယာယီေနထိုင္ခြင့္ သက္တမ္းတိုးေၾကာင္း ေၾကညာရာမွာ ေျပာဆိုခဲ့ပါတယ္။

တနလၤာေန႔က ေၾကညာခ်က္အရ၊ ျမန္မာႏိုင္ငံသား ခန္႔မွန္းေခ် ၉၇၀ ေလာက္ ၂၀၂၄ ခုႏွစ္ ေမလအထိ တရား၀င္ ေနထိုင္ခြင့္ ဆက္လက္ရရွိမွာျဖစ္သလို၊ ၂,၂၉၀ ေလာက္ဟာလည္း ယာယီအကာအကြယ္ေပး ေနထိုင္ခြင့္ အစီအစဥ္ကို ခံစားခြင့္ ရႏိုင္မွာ ျဖစ္ပါတယ္။

လူ၀င္မႈႀကီးၾကပ္ေရး မူဝါဒေရးရာဌာနရဲ႕ အခ်က္အလက္ေတြအရ ၂၀၁၉ ခုႏွစ္က အေမရိကန္မွာ ျမန္မာႏိုင္ငံက ေရႊ႕ေျပာင္းလာသူ ၁ သိန္းခဲြေလာက္ ရွိပါတယ္။

ဒီအထဲမွာ အမ်ားစုကေတာ့ လူဦးေရ ၈,၈၀၀ ရွိတဲ့ အင္ဒီယားနား ျပည္နယ္မွာျဖစ္ၿပီး၊ ကယ္လီဖိုးနီးယားျပည္နယ္ Los Angeles မွာေတာ့ ၇,၆၀၀၊ မင္နီဆိုတားျပည္နယ္မွာ ၆,၈၀၀ ရွိပါတယ္။

သဘာ၀ကပ္ေဘးေၾကာင့္ပဲျဖစ္ျဖစ္၊ တျခားေဘးအႏၲရာယ္ တခုခုေၾကာင့္ပဲျဖစ္ျဖစ္ ေနရပ္ရင္းႏိုင္ငံကို မျပန္ႏိုင္တဲ့သူေတြကို ယာယီအကာအကြယ္ေပး ေနထိုင္ခြင့္ျပဳတဲ့ အစီအစဥ္ကိုေတာ့ အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္က ၁၉၉၀ ျပည့္ႏွစ္ ကတည္းက ဖန္တီးထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...........................................................

မြန်မာနိုင်ငံသားတွေ အမေရိကန်မှာ (TPS) ယာယီနေခွင့် နောက်ထပ်တနှစ်ခွဲတိုး

{{Zawgyi/Unicode}}
အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေကို (TPS) ယာယီအကာအကွယ်ပေး နေထိုင်ခွင့်ပြုထားတာကို နောက်ထပ် ၁ နှစ်ခွဲ သက်တမ်း တိုးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ နောက်ဆုံးနေထိုင်ခဲ့ပြီး၊ လက်ရှိမှာ နိုင်ငံတခုခုရဲ့ နိုင်ငံသား မဟုတ်တဲ့သူတွေ အမေရိကန်မှာ ယာယီအကာအကွယ်ပေး နေထိုင်ခွင့်ကိုတော့ ပြီးခဲ့တဲ့နှစ်မေလမှာပဲ စတင်ခွင့်ပြုခဲ့တာပါ။

စစ်အာဏာသိမ်းမှု၊ အုံကြွမှုတွေနဲ့ အရပ်သားတွေအပေါ် စစ်တပ်ရဲ့ ရက်စက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် မြန်မာပြည်သူတွေ ဒုက္ခပေါင်းစုံနဲ့ ဆက်လက် ရင်ဆိုင်နေကြရသလို၊ လူသားချင်းစာနာမှု အခြေအနေတွေ ပိုမိုဆိုးရွားလာနေကြောင်းလည်း အမိမြေလုံခြုံရေးဝန်ကြီး Alejandro Mayorkas က ယာယီနေထိုင်ခွင့် သက်တမ်းတိုးကြောင်း ကြေညာရာမှာ ပြောဆိုခဲ့ပါတယ်။

တနင်္လာနေ့က ကြေညာချက်အရ၊ မြန်မာနိုင်ငံသား ခန့်မှန်းချေ ၉၇၀ လောက် ၂၀၂၄ ခုနှစ် မေလအထိ တရားဝင် နေထိုင်ခွင့် ဆက်လက်ရရှိမှာဖြစ်သလို၊ ၂,၂၉၀ လောက်ဟာလည်း ယာယီအကာအကွယ်ပေး နေထိုင်ခွင့် အစီအစဉ်ကို ခံစားခွင့် ရနိုင်မှာ ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေး မူဝါဒရေးရာဌာနရဲ့ အချက်အလက်တွေအရ ၂၀၁၉ ခုနှစ်က အမေရိကန်မှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းလာသူ ၁ သိန်းခွဲလောက် ရှိပါတယ်။

ဒီအထဲမှာ အများစုကတော့ လူဦးရေ ၈,၈၀၀ ရှိတဲ့ အင်ဒီယားနား ပြည်နယ်မှာဖြစ်ပြီး၊ ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မှာတော့ ၇,၆၀၀၊ မင်နီဆိုတားပြည်နယ်မှာ ၆,၈၀၀ ရှိပါတယ်။

သဘာဝကပ်ဘေးကြောင့်ပဲဖြစ်ဖြစ်၊ တခြားဘေးအန္တရာယ် တခုခုကြောင့်ပဲဖြစ်ဖြစ် နေရပ်ရင်းနိုင်ငံကို မပြန်နိုင်တဲ့သူတွေကို ယာယီအကာအကွယ်ပေး နေထိုင်ခွင့်ပြုတဲ့ အစီအစဉ်ကိုတော့ အမေရိကန် ကွန်ဂရက်လွှတ်တော်က ၁၉၉၀ ပြည့်နှစ် ကတည်းက ဖန်တီးထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG