သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ထပ်စကားစစ်ထိုးပွဲ မလုပ်တော့လို့ Trump ပြော


သမ္မတဟောင်း Donald Trump နဲ့ ဒီမိုကရက်ပါတီသမ္မတလောင်း Kamala Harris တို့ စကားစစ်ထိုးပွဲကို ရုပ်သံကကြည့်ရှုနေကြသူများ (စက်တင်ဘာ ၁၀၊ ၂၀၂၄)
သမ္မတဟောင်း Donald Trump နဲ့ ဒီမိုကရက်ပါတီသမ္မတလောင်း Kamala Harris တို့ စကားစစ်ထိုးပွဲကို ရုပ်သံကကြည့်ရှုနေကြသူများ (စက်တင်ဘာ ၁၀၊ ၂၀၂၄)

သမ္မတဟောင်း Donald Trump က ပြိုင်ဘက် ဒီမိုကရက်ပါတီသမ္မတလောင်း Kamala Harris နဲ့ နောက်ထပ် စကားစစ်ထိုးပွဲ မလုပ်နိုင်တော့ဘူးလို့ ငြင်းလိုက်ပါတယ်။ ရီပတ်ဘလီကန် သမ္မတလောင်း Trump က တတိယအကြိမ်မြောက် စကားစစ်ထိုးပွဲ ရှိမှာမဟုတ်တော့ဘူးလို့ သူ့ကိုယ်ပိုင် လူမူကွန်ယက် Truth Social ကနေ မနေ့ စက်တင်ဘာ ၁၂ ရက်နေ့မှာ ပြောလိုက်တာပါ။

ပြီးခဲ့တဲ့ သမ္မတလောင်း စကားစစ်ထိုးပွဲအပြီး ၂၄ နာရီအတွင်း Kamala Harris မဲဆွယ်ရေးအဖွဲ့ အနေနဲ့ ရံပုံငွေ ဒေါ်လာ ၄၇ သန်းအထိ ရုတ်တရက်တိုးပြီး လက်ခံရရှိခဲ့တယ်လို့ ကြေညာထားချိန်မှာ သမ္မတဟောင်း Trump က အခုလို ပြောလိုက်တာပါ။

Trump ဟာ အရင်က ဒီမိုကရက်ပါတီ သမ္မတလောင်းလည်း ဖြစ်ခဲ့တဲ့ သမ္မတ Joe Biden နဲ့ ပထမအကြိမ် စကားစစ်ထိုးပွဲ ပြုလုပ်ခဲ့ပြီး လက်ရှိ ဒုသမ္မတလည်းဖြစ်၊​ ဒီမိုကရက်ပါတီ သမ္မတလောင်းလည်းဖြစ်တဲ့ Kamala Harris နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့ က ဒုတိယအကြိမ် စကားစစ်ထိုးပွဲ ပြုလုပ်ခဲ့တာပါ။​

Kamala Harris ကတော့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ မဲဆွယ်ပွဲလုပ်နေစဉ် မနေ့ ကြာသပတေးနေ့ကပဲ သူနဲ့ သမ္မတဟောင်း Trump တို့ မဲဆန္ဒရှင်တွေအတွက် နောက်တကြိမ် စကားစစ်ထိုးဖို့ တာဝန်ရှိနေသေးတယ်လို့ ပြောခဲ့ပါတယ်။

သမ္မတဟောင်း Trump အနေနဲ့ အခုလို စကားစစ်ထိုးပွဲ ထပ်မလုပ်နိုင်ဘူးလို့ ပြောပေမဲ့ နောက်ပိုင်း စိတ်ပြောင်းနိုင်ပေမဲ့၊ လောလောဆယ် အခြေအနေအရတော့ နိုဝင်ဘာ ၅ ရက်မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမတိုင်ခင် Kamala Harris နဲ့ စကားစစ်ထိုးပွဲ ဖြစ်နိုင်ခြေ နည်းသွားပါပြီ။​

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG