သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထုတ်ခံရတဲ့ Catalan အစိုးရအဖွဲ့ဝင်တွေကို ပုန်ကန်မှုနဲ့ အရေးယူမည်


ရာထူးက ဖယ်ရှားထားတဲ့ ကတ်တလန် အစိုးရ အဖွဲ့ တာဝန်ရှိသူတွေကို နိုင်ငံကို အကြည်ညိုပျက်စေမှု၊ သူပုန်ထမှုဆိုင်ရာ စွဲချက်တွေ တင်နိုင်ဖို့ ကြိုးစားသွားမယ်လို့ စပိန် ရှေ့နေချုပ်က ပြောဆိုလိုက်ပါတယ်။

စပိန်နိုင်ငံကနေ ခွဲထွက်ရေး တွန်းအားပေးခဲ့တဲ့ ကက်တလိုးနီးယား ခေါင်းဆောင်တွေရဲ့ လုပ်ရပ်အပေါ် အာဏာအလွဲသုံးစားမှုဆိုင်ရာနဲ့ပါ စွဲဆိုဖို့ပါ စပိန် ရှေ့နေချုပ် Jose Manuel Maza က ဒီကနေ့ တနလာၤနေ့မှာ ပြောဆိုပါတယ်။

ကာတာလိုးနီးယား ဒေသဆိုင်ရာ လွှတ်တော်ကို ဖျက်သိမ်းပြီးနောက် စပိန်အစိုးရက လာမယ့် ဒီဇင်ဘာလ အတွင်း အချိန်စော ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲမှာတော့ ကက်တလိုးနီးယား ခွဲထွက်ရေး ပါတီက ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ ကြေညာထားပါတယ်။

စပိန်နိုင်ငံတွင်းက ခွဲထွက်မယ့် အရေးကြောင့် ကာတာလိုးနီးယား ဒေသကို စပိန် ဗဟိုအစိုးရက ထိန်းချုပ်ကြောင်း ကြေညာပြီးနောက် ပထမဆုံး သတင်းပတ်မှာဘဲ ကြေညာချက် နှစ်ခု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ထုတ်ခံရတဲ့ Catalan အစိုးရအဖွဲ့ဝင်တွေကို ပုန်ကန်မှုနဲ့ အရေးယူမည်
please wait

No media source currently available

0:00 0:00:43 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG