သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခေါင်းဆောင်နဲ့တွေ့ဖို့အစီအစဉ် သမ္မတ Trump ဖျက်သိမ်း


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ဇွန်လ ၁၂ ရက်နေ့ စင်္ကာပူမှာ တွေ့ဆုံမယ့် အစီအစဉ်ကို အမေရိကန်သမ္မတ Donald Trump က ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်ကို ရည်ညွှန်းပြီး ဒီကနေ့ပဲ သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်လိုက်တဲ့ စာထဲမှာတော့ တွေ့ဆုံဖို့ မျှော်လင့်ထားပေမဲ့လည်း၊ မကြာသေးခင်က မြောက်ကိုရီးယား ခေါင်းဆောင်ဘက်က ဒေါသတကြီးနဲ့ ရန်လိုတဲ့ သဘောထားတွေ တွေ့ရတဲ့အတွက် အခုအချိန်ဟာ တွေ့ဖို့ မသင့်တော်သေးဘူးလို့ ခံစားမိတဲ့အကြောင်း သမ္မတ Trump ကပြောဆိုခဲ့တာပါ။

လစ်ဗျားနိုင်ငံကို စံနမူနာပေးပြီး မြောက်ကိုရီးယားအပေါ် လျှော့ပေါ့ မပေးခင် နျူကလီးယား အစီအစဉ်တွေကို လုံးဝဖျသ်သိမ်းပစ်ဖို့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေက တောင်းဆိုခဲ့ပြီး နောက်မှာပဲ မြောက်ကိုရီးယားက ထိပ်သီးဆွေးနွေးမယ့် အစီအစဉ်က ထွက်ဖို့ မကြာသေးခင်ကပဲ ခြိမ်းခြောက်ထားပါတယ်။ မြောက်ကိုရီးယား ကတော့ နိုင်ငံတကာရဲ့ ဖြေလျှော့မှုတွေနဲ့အတူ နျူကလီးယား ဖျက်သိမ်းရေး အစီအစဉ်တွေကို တဆင့်ချင်း ဆောင်ရွက်ဖို့ လိုလားနေတာပါ။

သမ္မတ Trump ရဲ့ စာထဲမှာတော့ နျူကလီးယား စွမ်းရည်နဲ့ ပတ်သက်လို့ မြောက်ကိုရီးယားက ပြောဆိုနေပေမဲ့၊ အမေရိကန်က ပိုမို အင်အားကြီးတဲ့ အကြောင်းနဲ့ ဒီလက်နက်တွေကို မသုံးဖြစ်ဖို့ ဆုတောင်းနေပါတယ်လို့လည်း ဖော်ပြထားတာပါ။ မြောက်ကိုရီးယား အနေနဲ့ အရေးကြီးတဲ့ ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်လို့ စိတ်ပြောင်းခဲ့မယ် ဆိုရင် အချိန်မရွေး ဖုန်းခေါ်တာပဲဖြစ်ဖြစ်၊ စာရေးတာပဲဖြစ်ဖြစ် အသိပေး အကြောင်းကြားနိုင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ နျူကလီးယား ကင်းစင်ရေး ကတိပြုထားတဲ့အတိုင်း ဆောင်ရွက်တဲ့ အနေနဲ့ မြောက်ကိုရီးယားက Punggye-ri နျူကလီးယားစမ်းသပ်စခန်းကို ဒီနေ့ပဲ ပိတ်လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG