သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားဖွယ် သန်းခေါင်စာရင်းမေးခွန်းထည့်သွင်းရေး Trump အစိုးရလက်လျှော့


အမေရိကန်သမ္မတ Donald Trump
အမေရိကန်သမ္မတ Donald Trump

အမေရိကန်သမ္မတ Donald Trump အတွက် အထိနာစေမယ့် ဆုံးရှုံမှုကြီး အဖြစ် ၂၀၂၀ အမေရိကန် သန်းခေါင်စာရင်းကောက်ခံမှုမှာ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်တဲ့မေးခွန်းကို ထည့်သွင်းဖို့ သူ့အစိုးရအဖွဲ့ရဲ့ ကြိုးပမ်းမှုကို အဆုံးသတ်လိုက်ပါပြီ။

သန်းခေါင်စာရင်းအတွက် မေးခွန်းလွှာကို ဒီအချေအတင် အငြင်းပွါးဖွယ် မေးခွန်းမပါဝင်ဘဲ စတင်ပုံနှိပ်မယ်လို့Trump အစိုးရက ပြောကြားခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ကို အိမ်ဖြူတော်နဲ့ တရားရေးဝန်ကြီးဌာနတို့က အတည်ပြုခဲ့ပါတယ်။

ဒီနိုင်ငံသား မေးခွန်းကိုထည့်သွင်းဖို့ ကနဦးကြိုးပမ်းစဉ်ကတည်းက Trump အစိုးရကို အပြစ်တင်ခဲ့တဲ့ တရားရုံးဆုံးဖြတ်ချက်အပေါ် အယူခံဝင်မှုှုကို နိုင်ငံတော်တရားရုံးချုပ်က ဇွန်လ ၂ရ ရက်နေ့က ဆုံးဖြတ်ချက် ချခဲ့ပြီးတဲ့နောက်မှာ အခုလို Trump အစိုးရ က ထုတ်ပြန် ကြေငြာခဲ့တာဖြစ်ပါတယ်။

ဒီမေးခွန်း ထည့်သွင်းနိုင်မဲ့ အလားအလာကို နိုင်ငံတော်တရားရုံးချုပ်က ဆုံးဖြတ်ချက်မှာ လမ်းဖွင့်ထားပေမယ့် Trump အစိုးရ အနေနဲ့ အကြာင်းပြချက်သစ်ပြနိုင်ဖို့ အချိန်အလုံအလောက် မရှိတော့တဲ့အတွက် ဖြစ်ပါတယ်။

တရားရုံးမှာ အစိုးရရဲ့လျောက်ထားချက်တွေအရ သန်းခေါင်စာရင်း မေးခွန်းလွှာအသေးစိတ်ကို ဇွန်လ နောက်ဆုံးထား အပြီးသတ်ဖို့ လိုအပ်တာဖြစ်ပါတယ်။

သမ္မတ Trump ကတော့ မေးခွန်းကို ထည့်သွင်းနိုင်ဖို့ သန်းခေါင်စာရင်းကောက်ခံမှုကို ရက်ရွှေ့ဖို့ အကြံပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG