သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သန်းခေါင်စာရင်းနဲ့ နိုင်ငံသားဖြစ်ခွင့်မေးခွန်း


အမေရိကန်သန်းခေါင်စာရင်းနဲ့ နိုင်ငံသားဖြစ်ခွင့်မေးခွန်း
please wait

No media source currently available

0:00 0:03:24 0:00
တိုက်ရိုက် လင့်ခ်

အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်က လာမယ့် ၂၀၂၀ ကျရင် အမေရိကန်နိုင်ငံမှာ ကောက်မယ့် သန်းခေါင်းစာရင်းထဲမှာ နိုင်ငံသားဟုတ်၊ မဟုတ် ဆိုတဲ့မေးခွန်းကို မထည့်တော့ဘဲ၊ နိုင်ငံတွင်းမှာ နေထိုင်သူတွေပတ်သက်တဲ့ အချက်အလက်တွေကို အစိုးရဌာနတွေကနေ တဆင့် ကောက်ယူသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သမ္မတထရမ့်ကတော့ ဒီမေးခွန်းက ဥပဒေနဲ့ညီတဲ့မေးခွန်းဖြစ်တယ်လို့ ပြောလိုက်ပြီး၊ ဒါကိုမမေးနိုင်အောင် အခက်အခဲတွေလုပ်ခဲ့ကြတဲ့အတွက် ဒီမိုကရက်တွေနဲ့ တရားရုံးတွေကို ပြစ်တင်လိုက်ပါတယ်။ အတိုက်အခံတွေကတော့ ဒီမေးခွန်းကိုထည့်လိုက်ခြင်းအားဖြင့် နိုင်ငံသားမဟုတ်တဲ့သူတွေကို သန်းခေါင်းစာရင်းမှာ ပါဝင်ဖို့ကို အဟန့်အတားဖြစ်စေမှာဖြစ်သလို၊ စာရင်းတွေအတိအကျမဖြစ်တဲ့အတွက် ရီပတ်ဘလစ်ကန်တွေကိုလည်း အောက်လွှတ်တော် နဲ့ တခြားနေရာတွေမှာ အသာစီးရစေမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဗီအိုအေသတင်းထောက် Zlatica Hoke သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

XS
SM
MD
LG