သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားဟုတ်-မဟုတ် သန်ခေါင်စာရင်းမှာ ဖေါ်ပြဖို့ သမ္မတ Trump စဉ်းစား


အမေရိကန် သမ္မတ Donald Trump
အမေရိကန် သမ္မတ Donald Trump

အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၀ ကျရင်သန်းခေါင်စာရင်း ကောက်ခံတဲ့အခါ နိုင်ငံသား ဟုတ် မဟုတ်မေးခွန်းထည့်ဖို့ သမ္မတ အမိန့်တရပ် ထုတ်ပြန်ဖို့ စဉ်းစားနေတယ်လို့ သမ္မတ Donald Trump က သောကြာနေ့မှာ ပြောပါတယ်။

ကျနော်တို့ သမ္မတအမိန့် အပါအဝင် ကိစ္စတော်တော်များများအတွက် လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ အခု ပုံနှိပ်တဲ့အဆင့်ကို စလုပ်နိုင်ပါတော့မယ်။ နောက်ထပ် ဆုံးဖြတ်ပြီးတော့ နောက်ဆက်တွဲတွေ ထုတ်ပြန်ပါမယ်။ နိုင်ငံသား ဟုတ်၊ မဟုတ် မေးခွန်းထည့်သွင်းနိုင်ဖို့ နည်းလမ်း လေး၊ ငါး ခုလောက် ရှိပါတယ်လို့ သမ္မတ ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

၂၀၂၀ ခုနှစ် သန်းခေါင်စာရင်းကောက်ခံတဲ့အခါ နိုင်ငံသား မေးခွန်းကို ဘာကြောင့် ထည့်ဖို့ လိုအပ်သလဲဆိုတဲ့ အကြောင်းပြချက်ကို အမေရိကန် အစိုးရရှေ့နေတွေက သောကြာနေ့ နေ့လယ် နောက်ဆုံးထားပြီး တရားရုံးကို တင်ပြရမှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လူဦးရေ ဘယ်နှယောက် ရှိတယ်ဆိုတာ ၁၀ နှစ် တကြိမ် ကောက်ခံတဲ့ စစ်တမ်းမှာ ဘာကြောင့် နိုင်ငံသား ဟုတ်၊ မဟုတ် မေးခွန်းထည့်ဖို့ လိုသလဲဆိုတာကို Trump အစိုးရရဲ့ ရှင်းပြချက်က စံချိန်မညီဘူးလို့ အမေရိကန်တရားရုံးချုပ်က ဆုံးဖြတ်ထားပြီးသား ဖြစ်ပါတယ်။

ဒီမိုကရက်တွေကတော့ ဒီ လုပ်ဆောင်ချက်ဟာ ရွှေ့ပြောင်း အခြေချ နေထိုင်သူတွေ သန်းကောင်စာရင်းဝင် မဖြစ်ရဲအောင် လုပ်ဆောင်တဲ့ ရီပတ်ဘလင်ကန် ပါတီရဲ့ ပရိရယ်နဲ့ လုပ်ဆောင်ချက် တရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမိုကရက်တွေကို ထောက်ခံတယ်လို့ ယူဆထားတဲ့ နယ်မြေတွေမှာ စပိန်စကားပြော လာတီနိုတွေရဲ့ မဲပေးနိုင်သူ အရေအတွက်ကို လျှော့တွက်မယ်ဆိုရင် ကွန်ဂရက် မဲဆန္ဒ အရေအတွက် လျော့ကျနိုင်ပါတယ်။

နိုင်ငံသားဟုတ်-မဟုတ် သန်ခေါင်စာရင်းမှာ ဖေါ်ပြဖို့ သမ္မတ Trump စဉ်းစား
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG