သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FBI အကြီးအကဲဟောင်း လွှတ်တော်မှာ ကြားနာစစ်ဆေးခံ


FBI အကြီးအကဲဟောင်း James Comey လွှတ်တော်မှာကြားနာစစ်ဆေးခံ
FBI အကြီးအကဲဟောင်း James Comey လွှတ်တော်မှာကြားနာစစ်ဆေးခံ

အမေရိကန် သမ္မတ Donald Trump က သူ့အပေါ်မှာ သစ္စာခံဖို့ မျှော်လင့်ခဲ့သလို နောက် သမ္မတရဲ့ လက်ထောက်တွေနဲ့ ရုရှား တာဝန်ရှိသူတွေကြား စုံစမ်းစစ်ဆေးမှုတွေ ဆက်မလုပ်ဖို့ ပြောဆိုခဲ့တယ်လို့ ရာထူးက ထုတ်ခံရတဲ့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI ညွှန်ကြားရေးမှူးဟောင်း James Comey က လွှတ်တော်မှာ ထွက်ဆိုပါတယ်။

သမ္မတနဲ့ FBI ညွှန်ကြားရေးမှူး Comey တို့ ၉ ကြိမ် ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ရှေ့မှောက်မှာ ပထမဆုံး အကြိမ် အနေနဲ့ လူသိရှင်ကြား ထွက်ဆိုတာ ဖြစ်ပါတယ်။

သမ္မတ Trump က ရာထူးက ထုတ်ပစ်ခဲ့ရတဲ့ သူ့ရဲ့ အမျိုးသား လုံခြုံရေး အကြံပေးဟောင်း Michael Flynn နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ မလုပ်ဖို့နဲ့ Michael Flynn ဟာ လူကောင်းတယောက် ဖြစ်တာမို့ သူ့ကို မစုံစမ်းဘဲ လွှတ်ထားမယ်လို့ မျှော်လင့်တဲ့ အကြောင်း သမ္မတ Trump က သူ့ကို အတိအကျ ပြောဆိုခဲ့တယ်လို့ FBI ညွှန်ကြားရေးမှူးဟောင်းက ထွက်ဆိုပါတယ်။

သမ္မတက Flynn အပေါ် စုံစမ်းစစ်ဆေးမှု ဆက်မလုပ်ဖို့ ညွှန်ကြားခဲ့သလားဆိုတဲ့ လွှတ်တော်က မေးမြန်းတာမှာတော့ ဒီလို တိုက်ရိုက် အသုံးအနှုန်းနဲ့ မညွှန်ကြားခဲ့ဘူးလို့ ထွက်ဆိုပါတယ်။ သမ္မတရဲ့ ပြောဆိုချက်ကို သူ့အနေနဲ့ ဒီလို လုပ်ပိုင်ခွင့်၊ လုပ်နိုင်ခွင့် မရှိဘူးဆိုတာကို ပြတ်ပြတ်သားသား မပြောခဲ့ဘဲ အဲဒီအချိန်မှာ ဘာပြောလို့ ပြောရမှန်း မသိအောင်ကို အံ့သြမင်သက်ခဲ့ရပြီး စကားလုံးကို အတော်လေး သတိထား ရွေးချယ် ပြောဆိုခဲ့တယ်လို့ FBI ညွှန်ကြားရေးမှူးက ပြောဆိုပါတယ်။ သမ္မတ ဒါက မှန်ကန်တဲ့ လုပ်ရပ် မဟုတ်ဘူးလို့ ပြောဖို့ သူမစဉ်းစားခဲ့ဘူးလို့လည်း ပြောပါတယ်။

FBI ညွှန်ကြားရေးမှူး ရာထူးမြဲဖို့ အတွက် သူ့ဘက်က အပြန်အလှန် အားဖြင့် တခုခု ကမ်းလှမ်းဖို့ သမ္မတ Trump ဘက်က မှန်းထားခဲ့တယ်လို့ ယုံကြည်ထားတဲ့ အကြောင်း FBI ညွှန်ကြားရေးမှူးဟောင်း Comey က ထွက်ဆိုပါတယ်။ သမ္မတနဲ့ သူ ဆွေးနွေးမှု အသံသွင်းထားတာတွေ ရှိဖို့ မျှော်လင့်တဲ့ အကြောင်းလည်း ပြောဆိုပါတယ်။

ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI ဟာ ရိုးသား ခိုင်မာပြီး အမှီအခိုကင်းတယ်လို့လည်း ကြားနာမှု အစပိုင်းမှာ မစ္စတာ Comey က ပြောပါတယ်။ သမ္မတ Trump အစိုးရဟာ သူ့အပေါ်မှာရော FBI အပေါ်မှာပါ မရိုးသားခဲ့ဘူးလို့လည်း ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI ညွှန်ကြားရေးမှူးဟောင်း Comey က ထွက်ဆိုသွားပါတယ်။

FBI အကြီးအကဲဟောင်း လွှတ်တော်မှာ ကြားနာစစ်ဆေးခံ
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG