သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီဆန္ဒခံယူပွဲအောင်မြင်မှု သမ္မတ Trump ချီးကျူး


တူရကီသမ္မတ Recep Tayip Erdogan
တူရကီသမ္မတ Recep Tayip Erdogan

အမေရိကန်သမ္မတ Donald Trump က တူရကီသမ္မတ Recep Tayip Erdogan ကို လူူထုဆန္ဒခံယူပွဲအောင်မြင်မှုအတွက် ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ တူရကီရဲ့ လွတ်တော်အုပ်ချုပ်မှုစံနစ်ကနေ သမ္မတကို အုပ်ချုပ်မှုအာဏာအပြည့်အဝရရှိအောင် ဖန်တီးပေးတဲ့ ဆန္ဒခံယူပွဲကို ပွတ်ကာသီကာကပ်ပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

သမ္မတ ၂ ဦး တယ်လီဖုန်းနဲ့ စကားပြောဆိုခဲ့ကြတာဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။

ဆီးရီးယားမှာ မကြာခင်က ဓါတုလက်နက်နဲ့တိုက်ခိုက်မှုကို သမ္မတ Bashar al-Assad တာဝန်ခံရေးနဲ့ IS အကြမ်းဘက်အဖွဲ့ တိုက်ထုတ်ရေး၊ အကြမ်းဘက်ဝါဒအဆုံးသတ်ရေးစတာတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်းတွေပါ ထည့်သွင်းပြောဆိုခဲ့ကြတယ်လို့ အိမ်ဖြူတော်ကဆိုပါတယ်။

OSCE လို့ခေါ်တဲ့ ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကစေလွှတ်တဲ့ နိုင်ငံတကာရွေးကောက်ပွဲ အကဲခတ်အဖွဲကတော့ တနင်္ဂနွေနေ့က ကျင်းပတဲ့ လူထုဆန္ဒခံယူပွဲအခင်းအကျင်းဟာ မတရားမျှတမှုမရှိကြောင်း၊ သမ္မတအာဏာ ပိုခိုင်မြဲရေးထောက်ခံတဲ့ စည်းရုံးလှုံ့ဆော်ပွဲတွေဟာ အခက်အခဲ လုံးဝရင်မဆိုင်ခဲ့ရသလို၊ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်မရှိတာအပါအဝင်၊ ခြိမ်းခြောက်အကြပ်ကိုင်တာတွေနဲ့ သတင်းမီဒီယာတွေလက်လှမ်းမမှီတာတွေရှိခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာထောက်ပြလိုက်ပါတယ်။

ဒါ့အပြင် မဲပြားတွေမှာ တရားဝင်တံဆိပ်မနှိပ်ဘဲ မဲပေးခွင့်ပြုတဲ့ တူရကီဗဟိုတရာရုံးချုပ်ရဲ့ အငြင်းပွားဖွယ်ဆုံဖြတ်ချက်ကို OSCE အဖွဲ့ကမေးခွန်းထုတ်လိုက်သလို၊ အတိုက်အခံ CHP ပါတီကနေလည်း တံဆိပ်မနှိပ်ထားတဲ့မဲပြား တသန်းခွဲအထိရှိခဲ့တာကြောင့်၊ ဆန္ဒခံယူပွဲမှာ သမ္မတထောာက်ခံတဲ့ဘက်အသာစီးရခဲ့တာလို့ စွပ်စွဲနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG