သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နိုင်ငံတော်အရေးပေါ်အမိန့် အောက်လွှတ်တော် ပိတ်ဆို့ဖို့ မဲခွဲဆုံးဖြတ်


အမေရိကန် မက်ဆီကိုနယ်စပ်တလျှောက် အရေးပေါ်အခြေနေထုတ်ပြန်တဲ့ သမ္မတ Donald Trump ရဲ့ အမိန့်ကို အောက်လွှတ်တော်က အင်္ဂါနေ့ညက ကန့်ကွက်ဖို့ မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။

သမ္မတ Trump ရဲ့ ကြေညာချက်အရ နယ်စပ်တလျှောက် တံတိုင်းဆောက်လုပ်ဖို့ ကုန်ကျမယ့်စားရိတ်ကို လွှတ်တော်ရဲ့ ခွင့်ပြုချက်မရပဲ သမ္မတ အနေနဲ့ အမိန့်အရ အသုံးပြုခွင့် ရှိတာ ဖြစ်ပါတယ်။ အခုလို သမ္မတရဲ့ အမိန့်ကို ပိတ်ဆို့ဟန့်တားဖို့ ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ အောက်လွှတ်တော်က ပြုလုပ်လိမ့်မယ်လို့ မျှော်လင့်ထားတာလည်း ဖြစ်ပါတယ်။

ရီပတ်ဘလစ်ကင်တွေ ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်မှာတော့ ရီပတ်ဘလစ်ကင်တွေက အမတ်နေရာ ၅၃ နေရာရှိပြီး ဒီမိုကရက်က ၄၇ နေရာပဲ ရှိပါတယ်။ ဒါပေမယ့် ရီပတ်ဘလစ်ကင် အမတ်တွေ ဖြစ်တဲ့ Susan Collins, Lisa Murkowski နဲ့ Thom Tillis တို့ကတော့ သမ္မတ Trump ရဲ့ နိုင်ငံတော် အရေးပေါ်ကြေညာမှုကို ကန့်ကွက်ထားတာပါ။ တချို့ ရီပတ်ဘလစ်ကင်တွေကလည်း ဒီကြေညာချက်ကို လက်မခံကြောင်း ပြောပေမယ့် အဆိုပြုချက်ကို ကန့်ကွက်ဖို့ ရှိမရှိတော့ မသိရသေးပါဘူး။

သမ္မတရဲ့ အမိန့်ကို ကန့်ကွက်တဲ့ ဆုံးဖြတ်ချက်ကို အထက်လွှတ်တော်မှာ အတည်ပြုခဲ့မယ် ဆိုရင်တောင်မှ ဗီတိုအာဏာသုံးပယ်ချမယ်လို့ သမ္မတ Trump ကပြောကြားထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG