သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တရားသူကြီး ကို မထီမဲ့မြင်ပြုမှုအတွက် Trump အကြံပေးဟောင်း တောင်းပန်


အမေရိကန် သမ္မတ Donald Trump ရဲ့ အကြံပေး အဖြစ် ကာလရှည် ဆောင်ရွက်ခဲ့ဖူးသူ Roger Stone က သူ့အမှုကို ကြားနာတဲ့ တရားသူကြီးရဲ့ ဓာတ်ပုံကို လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ပြီးနောက်မှာတော့ သူ့ကို ပေးထားတဲ့ အာမခံ ပြန်ပြီး ရုပ်သိမ်း သင့် မသင့် ပြန်သုံးသပ်ဖို့ ဒီသတင်းပတ် နှောင်းပိုင်းမှာ တရားရုံးတက်ဖို့ ဆင့်ခေါ်ခံထားရပါတယ်။ တရားသူကြီးရဲ့ မျက်နှာ အနီး ဆံပင်တွေကြားမှာ သေနတ် ပစ်မှတ်တခုလိုမျိုးပါတဲ့ ပုံကို Roger Stone က Instagram လူမှုကွန်ယက်မှာ တင်ခဲ့တာပါ။

အမေရိကန် စီရင်စု တရားသူကြီး Amy Berman Jackson ရဲ့ ဓာတ်ပုံတွေကို Instagram လူမှုကွန်ယက်ပေါ်မှာ Stone က နှစ်ကြိမ် တင်ခဲ့ပြီး နောက်ပိုင်းမှာတော့ တောင်းပန်ခဲ့ပါတယ်။ သမ္မတ Trump ရဲ့ အကြံပေးဟောင်း အသက် ၆၆ နှစ် အရွယ် Stone က သူ့ကိုယ်သူ နိုင်ငံရေးမှာ အကွက်မြင်သူ အဖြစ် ဖော်ညွှန်းထားတာ ဖြစ်ပြီး အခုလာမယ့် တရားရုံး ကြားနာမှုဟာဆိုရင် နောက်ရှုစားရမယ့် ပွဲလို့ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၅ ရက်နေ့ မနက် အစောကြီးမှာ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI က Stone ရဲ့ ဖလော်ရီဒါ တောင်ပိုင်းက နေအိမ်ကို ၀င်ရောက် စီးနင်း ဖမ်းဆီးခဲ့ပြီး စွဲချက် တင်ခဲ့တာပါ။ စွဲချက်တွေထဲမှာတော့ ၂၀၁၆ ခုနှစ် အတွင်း Trump ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နောက် Trump ရဲ့ ပြိုင်ဘက် ဒီမိုကရက် Hillary Clinton ကို အထိနာစေတဲ့ WikiLeaks အဖွဲ့က ခိုးယူထားတဲ့ အီးမေလ်းတွေ ရရှိရေး ဆောင်ရွက်မှုတွေ ပါဝင်ပါတယ်။ သူ အဖမ်းခံရတဲ့ နေ့မှာဘဲ Stone က စွဲချက်တွေအတွက် သူ့မှာ အပြစ်မရှိကြောင်း၊ တရားရုံးမှာ သူ အနိုင်ရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG