သုံးရလွယ်ကူစေသည့် Link များ

Trump ရဲ့ နိုင်ငံတော် အရေးပေါ် ကြေညာချက် သမ္မတ အိမ်ဖြူကာကွယ်ပြောကြား


သမ္မတ Trump
သမ္မတ Trump

နိုင်ငံတွင်းကို တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှု တားဆီးနိုင်ရေး အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်မှာ တံတိုင်းတည်ဆောက်ရေးနဲ့ ပတ်သက်ပြီး သမ္မတ Donald Trump က နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာခဲ့တာအတွက် သမ္မတ အိမ်ဖြူတော်က တနင်္ဂနွေနေ့က ကာကွယ်ပြောဆိုလိုက်ပါတယ်။

ရွှေ့ပြောင်းဝင်ရောက်မှုနဲ့ ပတ်သက်ပြီး သဘောထား တင်းမာတဲ့ သမ္မတ အကြံပေး Stephen Miller ကတော့ ဒီပဋိပက္ခကို သမ္မတ အနေနဲ့ လစ်လျူရှုထားနိုင်ပေမယ့် သူက မလုပ်တာလို့ တနင်္ဂနွေနေ့ Fox News ရုပ်သံ ကို ပြောဆိုခဲ့တာပါ။ အမေရိကန် ပြည်ထောင်စုကို ဆယ်စုနှစ် ၂ ခုနီးပါး အတွင်း တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူ ၄ ဆ အထိ တိုးလာတဲ့ အပေါ် ရီပတ်ပလီကန် သမ္မတ George W. Bush ကို သစ္စာဖောက် အဖြစ် သမ္မတ အကြံပေး Miller က ပုတ်ခတ် ပြောဆိုသွားပါတယ်။ အဓိက အချက်ကတော့ နယ်စပ် လုံခြုံမှု မရှိဘဲ ခိုင်မာအားကောင်းတဲ့ နိုင်ငံတခု ဖြစ်မလာနိုင်ဘူးဆိုတာဘဲ ဖြစ်တယ်လို့ သမ္မတ အကြံပေးက ပြောဆိုသွားပါတယ်။

သမ္မတ Trump ရဲ့ ဆောင်ရွက်ချက်က နိုင်ငံရဲ့ နယ်စပ်တွေကို ကာကွယ်နေတာ ဖြစ်ပြီး တရားမဝင် ရွှေ့ပြောင်ဝင်ရောက်သူတွေဟာလည်း နိုင်ငံ အတွက် ခြိမ်းခြောက်မှု ဖြစ်တယ်လို့လည်း သူက ပြောဆိုပါတယ်။ သမ္မတ Trump ရဲ့ ဆောင်ရွက်ချက်တွေဟာဆိုရင်လည်း သမ္မတတွေ အနေနဲ့ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာနိုင်တဲ့ အခွင့်အာဏာ ပေးအပ်ထားတဲ့ ၁၉၇၆ ခုနှစ် ဥပဒေနဲ့ ကိုက်ညီတယ်လို့လည်း သမ္မတ အကြံပေး Miller က ပြောပါတယ်။ ဒါပေမယ့် နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာခဲ့တဲ့ ၅၉ ကြိမ်ထဲမှာတော့ အခုလိုမျိုး သမ္မတ အနေနဲ့ သီးခြား အဆိုပြုချက် တခု အတွက် လွှတ်တော်က အသုံးစာရိတ်ကို အတည်မပြုခဲ့တာကို ကျော်လွှားနိုင်ရေး ကြံစည် ဆောင်ရွက်တဲ့ ဖြစ်ရပ်မျိုးတော့ မရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG