သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Maduro အပေါ်မထောက်ခံဖို့ Venezuela စစ်တပ်ကို Trump တိုက်တွန်း


Venezuela နိုင်ငံက စစ်တပ်ကြားသိစေဖို့ပါ တစိတ်တပိုင်းအားဖြင့် ရည်ရွယ်ပြီး ပြောကြားတဲ့ အမေရိကန် သမ္မတ Donald Trump ရဲ့ မိန့်ခွန်းထဲမှာ Venezuela နိုင်ငံမှာ ဆိုရှယ်လစ်စနစ် အဆုံးသတ်ဖို့ ပန်ကြားလိုက်ပြီး အမေရိကန်ပြည်ထောင်စုဟာ ဗင်နီဇွဲလားမှာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှု အတွက် နည်းလမ်းရှာနေကြောင်းနဲ့ ရွေးချယ်စရာ နည်းလမ်း အားလုံးကိုတော့ လမ်းဖွင့်ထားဆဲ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

သမ္မတ Trump က မီယာမီ ဒေသမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ Venezuela စစ်သားတွေကို သမ္မတ Nicolas Maduro ရဲ့ အမိန့်ကို လျှစ်လျူရှုဖို့နဲ့ လွှတ်တော်ဥက္ကဌ Juan Guaido ကမ်းလှမ်းထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုကို လက်ခံဖို့ ပန်ကြားခဲ့တာပါ။ Venezuelaအတိုက်အခံ ခေါင်းဆောင် Juan Guaido ကို အမေရိကန်နဲ့ တကွ နိုင်ငံပေါင်း ၅၀ လောက်က Venezuela ယာယီသမ္မတ အဖြစ် အသိမှတ်ပြုထား ကြပါတယ်။

Venezuela စစ်သားတွေကိုလည်း သူတို့အတွက် လွတ်လမ်းမရှိပဲ အရာအားလုံး ဆုံးရှုံးရနိုင်တယ်လို့ သမ္မတ Trump က သတိပေးခဲ့တာပါ။ မီယာမီက ဗင်နီဇွဲလားနွယ်ဖွား အမေရိကန်နိုင်ငံသား အများအပြား ရှိရာနေရာမှာ သမ္မတ Trump မိန့်ခွန်းမပြောကြားခင်ကလည်း ကမ္ဘာတလွှားမှာ ပုန်းခိုဖို့ ငွေရှိနေတဲ့ ဗင်နီဇွဲလား စစ်ဘက်အရာရှိတွေနဲ့ သူတို့မိသားစုတွေ ဘယ်မှာ ပုန်းနေနေ အမေရိကန်ပြည်ထောင်စုက သိမှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူက ပြောခဲ့တာပါ။

ဗင်နီဇွဲလားနိုင်ငံအတွက် နိုင်ငံရပ်ခြားက အထောက်အပံ့ပေးမှုတွေကို မတားဆီးဖို့လည်း သမ္မတ Trump က ဗင်နီဇွဲလားစစ်တပ်ကို သတိပေးခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံထဲ တင်ပို့ဖို့ စားနပ်ရိက္ခာနဲ့ ဆေးဝါး တန်ချိန်ပေါင်း များစွာဟာ တဖက်ကိုလံဘီယာ နိုင်ငံ နယ်စပ်မှာ ရောက်ရှိနေတာ ဖြစ်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေ အပြည့်တင်ထားတဲ့ အမေရိကန်စစ်တပ် လေယာဉ် ၃ စင်း ဟာလည်း ကိုလံဘီယာ နိုင်ငံ Cucuta ကို စနေနေ့မှာ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

Maduro အပေါ်မထောက်ခံဖို့ Venezuela စစ်တပ်ကို Trump တိုက်တွန်း
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG