သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ ဆက်ဆံရေးကိစ္စ EU ဆွေးနွေး


ရွေးကောက်ခံသမ္မတ Donald Trump
ရွေးကောက်ခံသမ္မတ Donald Trump

ရွေးကောက်ခံသမ္မတ Donald Trump နဲ့ ဘယ်လို ဆက်ဆံသွားကြမယ်ဆိုတဲ့အပေါ် ဥရောပသမဂ္ဂ EU နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ ဆွေးနွေးကြဖို့ရှိပြီး ဗြိတိသျှနဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးတွေတော့ အဲဒီ အထူးဆွေးနွေးပွဲကို တက်မှာမဟုတ်ပါဘူး။

အင်္ဂါနေ့ရွေးကောက်ပွဲမှာ ထင်မှတ်မထားဘဲ Trump အနိုင်ရသွားပြီးတဲ့နောက် ဘရပ်ဆဲလ်စ်မြို့မှာ အရေးပေါ်အစည်းအဝေး ကျင်းပဖို့ EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ Federica Mogherini က ခေါ်ထားတာပါ။ Trump ဟာ မဲဆွယ်စည်းရုံးပွဲကာလ အတွင်း ဥရောပနဲ့ပတ်သက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ကတိကဝတ်တွေအပေါ် မေးခွန်းထုတ်တာအပါအဝင် တခြားမူဝါဒ သဘောထားတွေ ပြောဆိုထားတာကြောင့် အဲဒီအပေါ် ဆွေးနွေးကြမှာဖြစ်ပါတယ်။

Trump နဲ့ ဆက်ဆံရေးကိစ္စ EU ဆွေးနွေး
Trump နဲ့ ဆက်ဆံရေးကိစ္စ EU ဆွေးနွေး

ဒီကနေ့အစည်းအဝေးကို ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး Boris Johnson တက်မှာမဟုတ်ပေမယ့် တနင်္လာနေ့လုပ်မယ့် နိုင်ငံခြား ရေးရာကောင်စီ ပုံမှန်အစည်းအဝေးကိုတော့ တက်မယ်လို့ ဗြိတိသျှနိုင်ငံခြားရေးရုံး ပြောခွင့်ရတဦးက ပြောပါတယ်။

ဒီကနေ့လုပ်မယ့် အပိုဆောင်းအစည်းအဝေးမျိုး လိုအပ်တယ်လို့ မမြင်တဲ့အကြောင်း၊ အမေရိကန်ရွေးကောက်ပွဲ အချိန်ဇယားဟာ အစောကြီးကတည်းက ရှိထားပြီးဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းကျ လုပ်ဆောင်ချက်တခု ပြီးသွားပြီဖြစ်ပြီး ဗြိတိန်နိုင်ငံအတွက် အကောင်းဆုံးရလဒ်တွေ ရလာစေရေး သေချာစေဖို့ လက်ရှိနဲ့ အနာဂတ် အစိုးရအဖွဲ့တွေနဲ့ လက်တွဲ လုပ်ဆောင်သွားမှာဖြစ် ကြောင့် ဗြိတိန်နိုင်ငံခြားရေး ပြောခွင့်ရက ပြောပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Marc Ayrault ဟာလည်း အစီအစဉ်တွေ တိုက်နေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီအစည်း အဝေးကို မတက်ဘူးလို့ AFP သတင်းဌာနကို ပြောပါတယ်။

Trump နဲ့ ဆက်ဆံရေးကိစ္စ EU ဆွေးနွေး
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG