သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဒန်ဘုရင်ကို သမ္မတ Trump အိမ်ဖြူတော်မှာ တွေ့ဆုံ

သမ္မတအိမ်ဖြူတော်တွင် တွေ့ဆုံနေသည့် ဂျော်ဒန်ဘုရင် Abdullah II နှင့် သမ္မတထရမ့်ပ်။ (၁၁ ဖေဖော်ဝါရီ ၂၀၂၅)​ (AFP)
သမ္မတအိမ်ဖြူတော်တွင် တွေ့ဆုံနေသည့် ဂျော်ဒန်ဘုရင် Abdullah II နှင့် သမ္မတထရမ့်ပ်။ (၁၁ ဖေဖော်ဝါရီ ၂၀၂၅)​ (AFP)

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ဂျော်ဒန်ဘုရင် ဒုတိယမြောက် Abdullah ကို အိမ်ဖြူတော်မှာ အင်္ဂါနေ့က လက်ခံတွေ့ဆုံပြီး ဂါဇာကို ခရီးသွားလုပ်ငန်းနေရာအဖြစ် ပြောင်းဖို့ ပြောလိုက်ပါတယ်။

ဒါပေမဲ့ ဂါဇာက ပါလက်စတိုင်းတွေကို လက်မခံရင် ဂျော်ဒန်နဲ့ အီဂျစ်လို တခြား အာရပ်နိုင်ငံတွေကို ပေးထားတဲ့ အမေရိကန်အကူအညီတွေ ဖြတ်မှာမဟုတ်ပါဘူးလို့ ဆိုပါတယ်။ တနင်္လာနေ့တုန်းကတော့ အဲဒီလို အကူအညီဖြတ်ဖို့ ဖြစ်နိုင်တယ်လို့ သမ္မတထရမ့်က ပြောခဲ့တာပါ။

ဂါဇာကနေ ပါလက်စတိုင်းတွေကို ‌ဂျော်ဒန်၊ အီဂျစ်နဲ့ တခြား အာရပ်တိုင်းပြည်တွေက လက်ခံဖို့ အမေရိကန်သမ္မတ ထရမ့်က လူသိရှင်ကြား ပြောထားတာကို ဂျော်ဒန်က ပယ်ချထားခဲ့တာပါ။ ဒါပေမဲ့ အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေ မေးတဲ့အခါမှာတော့ ဂျော်ဒန်ဘုရင်က တိတိကျကျ ဖြေကြားမသွားခဲ့ပါဘူး။ ဂျော်ဒန်မှာ ပါလက်စတိုင်း ၂ သန်းကျော် ရှိနေပြီးသားပါ။

ဓားစာခံအားလုံး စနေနေ့ မွန်းတည့်ချိန်အထိ ဟားမတ်စ်က ပြန်မလွှတ်ရင် အပစ်ရပ် သဘောတူစာချုပ်ကို ဖျက်လိုက်ဖို့ အမေရိကန်သမ္မတ ထရမ့်က ပြောခဲ့တာကိုလည်း ဂျော်ဒန်ဘုရင်နဲ့ တွေ့ဆုံရာမှာ ထပ်မံပြောခဲ့တယ်လို့ အေပီသတင်းက ဆိုပါတယ်။

ဂျော်ဒန်ဘုရင်ဟာ ထရမ့် သမ္မတဖြစ်ပြီးနောက် လူကိုယ်တိုင်တွေ့ဆုံတဲ့ တတိယမြောက် နိုင်ငံခြား ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ဂျော်ဒန်ဘုရင် ဒုတိယမြောက် အက်ဘ်ဒူလာဟာ အမေရိကန် အစိုးရ ထိပ်တန်းတာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးဖို့ ရှိပါတယ်။

ဂျော်ဒန်ဘုရင်ကို သမ္မတ Trump အိမ်ဖြူတော်မှာ တွေ့ဆုံ
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG