သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုပ်ကြံဖို့ ကြိုးစားခံရမှုအပြီး သမ္မတဟောင်းထရမ့် ပထမဆုံးအကြိမ် စည်းရုံးရေးထွက်


မီချီဂန်ပြည်နယ် မဲဆွယ်ပွဲတခုမှာတွေ့ရတဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump (စက်တင်ဘာ ၁၇၊ ၂၀၂၄)
မီချီဂန်ပြည်နယ် မဲဆွယ်ပွဲတခုမှာတွေ့ရတဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump (စက်တင်ဘာ ၁၇၊ ၂၀၂၄)

ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump ဟာ တနင်္ဂနွေနေ့က ဒုတိယအကြိမ် လုပ်ကြံခံရပြီးနောက် မနေ့ အင်္ဂါနေ့က မဲဆွယ် စည်းရုံးပွဲ ခရီးစဉ်တွေ ပြန်ထွက်နေပါပြီ။

သူ့အတွက်လုံခြုံရေး တိုးမြှင့်ပေးထားတယ်လို့ အထူးလုံခြုံရေးအဖွဲ့ Secret Service ကပြောကြောင်း Trump က Fox သတင်းဌာနကို ပြောပါတယ်။ Secret Service ဒါရိုက်တာ Ronald Rowe ဟာ သမ္မတဟောင်း Trump နဲ့ တနင်္လာနေ့ကတွေ့ဆုံပြီး တကယ်လို့ Trump အနေနဲ့ ဆက်ပြီး ဂေါက်ရိုက်သွားမယ်ဆိုရင် လုံခြုံရေးအစီအမံသစ်တွေ လိုအပ်မှာဖြစ်ကြောင်း ပြောခဲ့တယ်လို့ New York Times သတင်းစာမှာ မနေ့ စက်တင်ဘာ ၁၇ ရက်နေ့က ရေးပါတယ်။

ဖလော်ရီဒါပြည်နယ် West Palm Beach ဂေါက်ကွင်းမှာ Donald Trump ကို လုပ်ကြံဖို့ ကြိုးစားသူလို့ သတ်မှတ်ထားတဲ့ Ryan Wesley Routh ဟာ အရင် ပြစ်မှုကျူးလွန်ထားဖူးသူ တယောက်အနေနဲ့ လက်နက်ကိုင်ဆောင်မှု၊ နံပါတ်ဖျက်ထားတဲ့ သေနတ်ကိုင်ဆောင်မှုတွေနဲ့ သူ့အပေါ် စွဲချက်တင်ထားတဲ့ အမှုတွေကို တနင်္လာနေ့က တရားရုံးကို သွားရောက်ရင်ဆိုင်ခဲ့ပါတယ်။

Routh ဟာ ဂေါက်ကွင်းထဲက ကျင်းအမှတ် ၅ နဲ့ ၇ အကြားက ချုံပုတ်ထဲမှာ ၁၂ နာရီလောက် ပုန်းအောင်း စောင့်ဆိုင်းနေတယ်ဆိုတာကို သူ့ရဲ့ ဆဲလ်ဖုန်း အချက်အလက်ကနေ သိရတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ပစ်ခတ်လုပ်ကြံမှုကို အချိန်မီ တားဆီးနိုင်တဲ့အတွက် သူ့ရဲ့ အနီးကပ်လုံခြုံရေးဝန်ထမ်းတွေကို Trump က ချီးကျူးစကားပြောပေမယ့် ဒီလို ပစ်ခတ်လုပ်ကြံမှုဖြစ်ရတာဟာ သမ္မတ Joe Biden နဲ့ သူ့ရဲ့ ပြိုင်ဘက် လက်ရှိ ဒုသမ္မတလည်းဖြစ်တဲ့ ဒီမိုကရက် သမ္မတလောင်း Kamala Harris တို့ရဲ့ လှုံ့ဆော်မှုတွေကြောင့် ဖြစ်တယ်လို့ Fox သတင်းဌာနကို ပြောဆိုပါတယ်။​

ဒါပေမယ့်လည်း သမ္မတ ဘိုင်ဒန်နဲ့ ဒုသမ္မတ ဟဲရစ်စ်တို့ကတော့ လုပ်ကြံမှုကနေ အသက်ဘေးလွတ်မြောက်တဲ့အတွက် ဝမ်းသာကြောင်း Trump ကို ဖုန်းဆက်ပြောကြားခဲ့သလို နိုင်ငံရေးအရကွဲပြားမှုတွေကို အပြုသဘောဆောင် ဆွေးနွေးငြင်းခုန် အဖြေရှာရမှာ ဖြစ်ပြီး အကြမ်းဖက်မှုနဲ့ အဖြေရှာလို့မရဘူးလို့ Kamala Harris က ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG