သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းထရမ့် လုပ်ကြံဖို့ကြိုးစားမှုမှာ မသင်္ကာသူရဲ့ ရည်ရွယ်ချက် အာဏာပိုင်တွေစုံစမ်း

သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးပမ်းမှုမှာ မသင်္ကာသူ Ryan W. Routh ကိုရုံးထုတ်ခဲ့သည့် မှတ်တမ်းသရုပ်ဖော်ပုံ (စက်တင်ဘာ ၁၇၊ ၂၀၂၄)
သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးပမ်းမှုမှာ မသင်္ကာသူ Ryan W. Routh ကိုရုံးထုတ်ခဲ့သည့် မှတ်တမ်းသရုပ်ဖော်ပုံ (စက်တင်ဘာ ၁၇၊ ၂၀၂၄)

သမ္မတဟောင်း Donald Trump ကို နောက်တကြိမ် လုပ်ကြံဖို့ ကြိုးပမ်းမှုမှာ မသင်္ကာသူရဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်ဖို့ သူ့ရဲ့ လူမှုကွန်ရက် အကောင့်တွေ၊ ဖော်ပြချက်တွေကို စုံစမ်းစစ်ဆေးသူတွေ မွှေနှောက်ရှာဖွေနေကြပါတယ်။

Florida ပြည်နယ်၊ West Palm Beach မှာရှိတဲ့ သမ္မတဟောင်း Trump ရဲ့ ဂေါက်ကွင်းကနေ ထွက်ပြေးသွားပြီးနောက်၊ အသက် ၅၈ နှစ်အရွယ် Ryan Wesley Routh ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့နှောင်းပိုင်းက အဝေးပြေး လမ်းမကြီးပေါ်မှာ ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

Routh ရဲ့ လက်ကိုင်ဖုန်းကရတဲ့ အချက်အလက်တွေအရ ဂေါက်ကွင်း ခြံစည်းရိုးကခြုံတွေကြားမှာ ၁၂ နာရီကြာအောင် ပုန်းအောင်းနေတယ်ဆိုတဲ့ တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

ရာဇဝတ်မှုနောက်ကြောင်းရှိလျက်နဲ့ လက်နက်ကိုင်ဆောင်မှု၊ သေနတ်မှာပါတဲ့ မှတ်ပုံတင်နံပတ် အမှတ်အသားကို ဖျက်ထားတဲ့ လက်နက်ကိုင်ဆောင်မှုတွေနဲ့လည်း တရားစွဲဆိုထားပါတယ်။ Routh ကတော့ စုံစမ်းစစ်ဆေးသူတွေ မေးမြန်းတာကို ဖြေဖို့ငြင်းဆိုထားပြီး၊ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ ရှေ့နေပေးဖို့ တောင်းဆိုထားတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) အရာရှိတွေကတော့ အခင်းဖြစ်ပွားရာမှာကျန်ခဲ့တဲ့ GoPro ကင်မရာနဲ့ အခြားပစ္စည်းကိရိယာတွေအပါအဝင်၊ ကားနဲ့ အရင်နေထိုင်ခဲ့တဲ့ အိမ်လိပ်စာတွေမှာပါ ရှာဖွေခွင့်ရဖို့ ကြိုးစားနေပါတယ်။

FBI တာဝန်ခံ Jeffrey Veltri ကတော့ ဖမ်းဆီးထားသူဟာ လူမှုကွန်ယက်ကို အသုံးများတဲ့သူဖြစ်တဲ့အတွက် သူတင်ခဲ့တဲ့ ပို့စ်တွေကနေတဆင့် အချက်အလက်တွေရဖို့ ကြိုးစားနေတယ်လို့ တနင်္လာနေ့နှောင်းပိုင်းက လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG