သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းထရမ့် လုပ်ကြံဖို့ ကြိုးစားမှုနဲ့ ဖမ်းဆီးခံရသူအကြောင်း သတင်းထွက်ပေါ် 


ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားသူအဖြစ် မသင်္ကာသူ Ryan Wesley Routh (မေ ၃၊ ၂၀၂၂)
ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားသူအဖြစ် မသင်္ကာသူ Ryan Wesley Routh (မေ ၃၊ ၂၀၂၂)

အမေရိကန်သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားသူအဖြစ် မသင်္ကာသူဟာ ရုရှားကျုးကျော်မှုကို ခုခံနေတဲ့ ယူကရိန်းကို ထောက်ခံသူတဦးဖြစ်ကြောင်း အမေရိကန် မီဒီယာတချို့မှာ ဖော်ပြနေပါတယ်။ လာမယ့် အမေရိကန် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့် ထရမ့်ကို လုပ်ကြံဖို့ ကြိုးပမ်းသူအဖြစ် မသင်္ကာမှုနဲ့ အာဏာပိုင်တွေ ဖမ်းဆီးထားသူဟာ Hawaii ပြည်နယ်က အသက် ၅၈ နှစ်အရွယ် Ryan Routh ဆိုသူဖြစ်ကြောင်း CNN, Fox News နဲ့ The New York Times တို့လို အမေရိကန် မီဒီယာကြီးတွေက အမည်မဖော်လိုတဲ့ လုံခြုံရေးအရာရှိတွေကို ကိုးကားဖော်ပြခဲ့ကြတာပါ။

အမေရိကန်သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားသူအဖြစ် မသင်္ကာသူ Ryan Wesley Routh ရဲ့ ဟာဝိုင်အီပြည်နယ် Kaaawa မြို့ရှိ နေအိမ် (စက်တင်ဘာ ၁၅၊ ၂၀၂၄)
အမေရိကန်သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားသူအဖြစ် မသင်္ကာသူ Ryan Wesley Routh ရဲ့ ဟာဝိုင်အီပြည်နယ် Kaaawa မြို့ရှိ နေအိမ် (စက်တင်ဘာ ၁၅၊ ၂၀၂၄)

အမှုကို ဦးဆောင် စစ်ဆေးနေတဲ့ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) အပါအဝင် တာဝန်ရှိသူတွေကတော့ ဘယ်သူဘယ်ဝါဆိုတာ တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။ အဖြူအမည်းမသဲကွဲတဲ့ ပဋိပက္ခမျိုးတွေ ရှိပေမဲ့၊ ယူကရိန်းအရေးကတော့ ဓမ္မနဲ့အဓမ္မ ရင်ဆိုင်ရတဲ့ ကိစ္စဖြစ်တယ်ဆိုတာ ရှင်းနေတယ်လို့လည်း ၂၀၂၂ ခုနှစ် ဇွန်လတုန်းက Newsweek Romania သတင်းဌာနနဲ့ မေးမြန်းခန်းမှာ Routh ကပြောခဲ့ဖူးပါတယ်။

ယူကရိန်းဖက်က ကူတိုက်ပေးဖို့ သွားခဲ့ပေမဲ့ အသက်အရွယ်အရရော၊ စစ်ရေးအတွေ့အကြုံ အားနည်းတာကြောင့်ရော လက်တွေ့မဖြစ်နိုင်ခဲ့ဘူးလို့လည်း မေးမြန်းခန်းမှာ ပြောခဲ့တာပါ။ ရုရှားကျုးကျော်မှုကို ရင်ဆိုင်နေရတဲ့ ယူကရိန်းအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG