သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်ရေးနေ့ သမ္မတ Donald Trump မိန့် ခွန်းပြော


အမေရိကန် ပြည်ထောင်စုရဲ့ ၂၄၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ဇူလိုင်လ ၄ ရက် မနေ့ ကြာသပတေးနေ့က နိုင်ငံတဝန်း မီးရှုးမီးပန်းတွေ၊ မိသားစု သူငယ်ချင်းတွေ စုဝေးဆုံဆည်းပြီး ဆင်နွှဲကြသလို အမေရိကန် သမ္မတ Donald Trump ကတော့ အစဉ်အလာကနေ ခွဲထွက်ပြီး ညနေ ၆ နာရီခွဲလောက်မှာ လင်ကွန်းအမှတ်တရ အဆောက်အဦးရှေ့မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒီနှစ်မှာ ထူးထူးခြားခြားအနေနဲ့ သမ္မတထရမ့်က Salute to America အမေရိကန်ကို အလေးပြုခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ လင်ကွန်း အမှတ်တရ အဆောက်အဦးရှေ့မှာ မိန့်ခွန်းပြောပြီး လွတ်လပ်ရေးနေ့ အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့တာပါ။ အမေရိကန်နိုင်ငံသားတွေ အနေနဲ့ လွတ်လပ်မှုကို ခံစားနေကြသလို အမေရိကန်နိုင်ငံရဲ့ ကြီးမြတ်မှုတွေထဲမှာ အကြီးမြတ်ဆုံးပွဲကို ဆင်နွှဲနိုင်ခဲ့ကြတယ်လို့ လည်း မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို ခြေမှုန်းနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သလို အမေရိကန်ပြည်ထောင်စု အလံကို အင်္ဂါဂြိုလ်မှာ စိုက်ထူမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

သမ္မတက ကြည်း၊ ရေ၊ လေ၊ မရိန်းတပ်ဖွဲ့တွေကို တဖွဲ့ချင်းစီ နာမည်ခေါ်ပြီး ဂုဏ်ပြုခဲ့တဲ့ အပြင် အမေရိကန်ရဲ့ စစ်အင်အားကိုပါ ပြသခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့ရင်ပြင် ပွဲကျင်းပတဲ့ နေရာတဝိုက်မှာ စစ်သုံးတင့်ကားတွေပြသထားသလို ဝေဟင်ကနေ ရေတပ် Blue Angels နဲ့ တခြား တိုက်ဂျက် လေယာဉ်တွေ အပြင် သမ္မတတွေ စီးတဲ့ အထူးဘိုးရင်းလေယာဉ် Air Force One ပါ ပျံဝဲ ပြသခဲ့တာပါ။

၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ ဗြိတိန်လက်အောက်ကနေ လွတ်လပ်ရေး ကြေညာခဲ့တဲ့နေ့ကို အစွဲပြုပြီး အခမ်းအနားတွေ ကျင်းပကြတာပါ။ အမေရိကန် ပြည်ထောင်စု မြို့တော် ဝါရှင်တန်မှာတော့ အားလပ်ရက်ပိတ်ရက်လည်း ဖြစ်တာကြောင့် လူထောင်ပေါင်း များစွာဟာ ဝါရှင်တန်ဒီစီက ပြည်သူ့ရင်ပြင်မှာ ကျင်းပတဲ့ ဖျော်ဖြေပွဲတွေ၊ မီးရှုးမီးပန်းဖောက်တာတွေကို လာရောက် ကြည့်ရှုခဲ့ပါတယ်။

လွတ်လပ်ရေးနေ့ သမ္မတ Donald Trump မိန့် ခွန်းပြော
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG